တရုတ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ် ၇၅ ဦးသေဆုံး

photo: google

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ကုမြို့တွင် ဝူးတစ်အမည်ရှိ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်သဖြင့် တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ် ငါးဖမ်းသင်္ဘော သုံးစင်း နစ်မြုပ်သွားရာ သေဆုံးသူ ၇၅ ဦးရှိကြောင်း စက်တင်ဘာ ၃၀ ရက် သတင်းတွင် ဖော်ပြသည်။

အဆိုပါ ငါးဖမ်းသင်္ဘော သုံးစင်းမှာ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေကြောင်း အာဏာပိုင်များက ပြောကြားသည်။ သင်္ဘောသုံးစင်းပေါ်တွင် ရေလုပ်သား ၈၈ ဦး လိုက်ပါလာကြောင်း၊ ပါရာဆဲလ်ကျွန်းအနီးတွင် လေပြင်းမုန်တိုင်း တိုက်ခတ်မှုနှင့် ရင်ဆိုင်ရကြောင်း ဟိုင်နန်ပြည်နယ် အုပ်ချုပ်ရေးဌာနက ကြေညာချက် ထုတ်ပြန်သည်။

တစ်နာရီ ၉၃ မိုင်နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့သည်။ ပြည်နယ်လေးခုတွင် နေထိုင်သော ပြည်သူ ၁၄၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ စက်တင်ဘာ ၃၀ ရက်တွင် အပြီးရွှေ့ပြောင်းပေးရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်နယ်ငါးခုရှိ ကျောင်းများ ပိတ်ထားရကြောင်း၊ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်မည့် ရေလုပ်သားများအား ဘေးကင်းရာတွင် ခိုလှုံနေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။ (ဆင်ဟွာ)

Khit Lu Nge

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...