ဥပဒေဘွဲ့ကို အွန်လိုင်းမှ သင်ယူနိုင်တော့မည်



အွန်လိုင်းမှသင်ကြားနိုင်မည့် ဥပဒေသင်တန်းအတွက် (LLB) ဘွဲ့ချီးမြှင့်တော့မည်ဖြစ်ကြောင်း သိရ သည်။ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ စီစဉ်ဖွင့်လှစ်လျက်ရှိသည့် အွန်လိုင်းဥပဒေဘွဲ့သင်တန်းကို လာမည့်ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ "အွန်လိုင်းဥပဒေသင်တန်းကို ဒီပလိုမာပဲပေးနေရာက အခုဆိုရင်ဘွဲ့ပါချီးမြှင့်သွားတော့မှာ ဖြစ်ပါတယ်။ အွန်လိုင်းဒီပလိုမာသင်တန်း က ဖွင့်ခဲ့တဲ့နှစ်မှာပဲ အောင်မြင်မှုရရှိခဲ့တယ်။ တက်ရောက်နေတဲ့သူတွေရဲ့ အားပေးမှုကြောင့် သက် ဆိုင်ရာကိုတင်ပြပြီး အွန်လိုင်းဥပဒေဘွဲ့သင်တန်းကိုပါ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်" ဟုရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောကြားသည်။ အဆိုပါသင်တန်းအတွက် သင်တန်းသားများကို သတင်းစာများမှတစ်ဆင့် ခေါ်ယူမည်ဖြစ်သော်လည်း လက်ရှိတွင်လာရောက် လျှောက်ထားသူများလည်း ရှိနေပြီဖြစ်ကြောင်း၊ လျှောက်လွှာတစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သိရ သည်။

The Flower News Journal
Vol.9, No.39, October 8-14, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...