မသန်စွမ်းမှုဆိုင်ရာဘာသာရပ်ကို ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များတွင် သင်ကြားမည်



ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များတွင် မသန်စွမ်းမှုဆိုင်ရာ ဘာသာရပ်တစ်ခုဖြစ်သည့် Special Educational Needs ဘာသာရပ်အား ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါဘာသာရပ်သည် ပညာရေးအထူးလိုအပ်ချက် ဘာသာရပ်ဖြစ်ပြီး ခန္ဓာကိုယ်အရဖြစ်စေ၊ ဦးနှောက်ဖွံ့ဖြိုးမှုအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအရဖြစ်စေ၊ လူမှုရေးဆိုင်ရာခံစားချက်များ ကြောင့်ဖြစ်စေ၊ ဆက်သွယ်ပြောဆိုမှုဆိုင်ရာ အခက်အခဲများကြောင့်ဖြစ်စေ၊ အခြားလိုအပ်ချက်များ ကြောင့် ပညာသင်ယူနိုင်အခက်အခဲရှိနေသည့် ကလေးများအတွက် လိုအပ်သောပညာရေးဖြစ် ကြောင်း သိရသည်။

ယင်းပညာရေးတက္ကသိုလ်များတွင် ယင်းဘာသာရပ်ထည့်သွင်းသင်ကြားနိုင်ရန် မသန်စွမ်းမှုအမျိုး အစားအလိုက် သင်ကြားနည်းစနစ်များနှင့် တစ်ဦးကိုတစ်ဦးဆက်သွယ်သည့်နည်းစနစ်များ သင်ယူနိုင် ရန် သင်ရိုးရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ပညာရေးကောလိပ်တွေမှာ လေ့ကျင့်သင်ကြားနိုင်ဖို့ ဆောင်ရွက်နေပါပြီ။ မသန်စွမ်းကလေးတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေပါမယ်။ သူတို့အတွက် ထိရောက်မယ့် ဆက်သွယ်ပြောဆိုနိုင်မယ့် သင်္ကေတပြဘာသာစကားကိုလည်း ထည့်သွင်းနိုင်ဖို့စီစဉ်နေပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ တခြား အသင်းအဖွဲ့တွေ ညှိနှိုင်းပြီးတော့ လုပ်သွားမှာပါ" ဟု ယင်းတာဝန်ရှိသူကပြောသည်။

ပညာရေးတွင် အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျွမ်း ကျင်သောဆရာ၊ ဆရာမများအား လေ့ကျင့်ပေးကာ ခန့်ထားသွားမည်ဖြစ်ကြောင်း သိရသည်။

The Flower News Journal
Vol.9, No.39, October 8-14, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...