စမတ်လက်ပတ်နာရီဖုန်း သုံးကြမယ်

ဆိုနီရဲ့ ဒေါ်လာ ၂၀၀ တန် စမတ်လက်ပတ်နာရီ၊ အင်ဒရွိုက်ဖုန်းပါ။ လက်ပတ်နာရီအဖြစ်လည်း အသုံးပြုနိုင် သလို အင်ဒရွိုက် ဖုန်းအဖြစ်လည်း သုံးနိုင်ပါတယ်တဲ့။



ဆမ်ဆောင်းရဲ့ Galaxy Gear လောက် စိတ်ဝင်စားမှု သိပ်မရဘူး ဆိုပေမယ့် သူ့ထက်ဈေးချိုတာ
ကြောင့် ဈေးကွက် မှာ တဖြည်းဖြည်းချင်း အ၀ယ်လိုက်လာတယ်လို့ ဆိုနီက ပြောတာကို TIME က ဖော်ပြထားပါတယ်။

ဘက်ထရီက တခါ အားအပြည့်သွင်းထားရင် ၃ ရက်ကနေ ၄ ရက်ထိ ခံနိုင်ရည်ရှိတယ်လို့ ဆိုနီက အာမခံပါတယ်။

Android 4.0 နဲ့ The display measures 1.6 inches diagonally ရှိပါတယ်။ စမတ်လက်ပတ်နာရီ ဖုန်းတွေကို Locked လုပ်ထားတာ တခုမှ မရှိပါဘူးတဲ့၊ အဓိက ဈေးနှုန်းလည်း ချို၊ နည်းပညာလည်း အဆင့်မြင့်၊ တာရှည်ခံ ဘက်ထရီနဲ့ Application တွေ က အကောင်းဆုံး ၀န်ဆောင်မှုပေးတာနဲ့ ဆွဲဆောင်ထားတာပါလို့ ဆိုနီက ဆိုပါတယ်။

စမတ်လက်ပတ်နာရီဖုန်းတွေကို အမေရိကားမှာတော့ စတင်မိတ်ဆက်ရောင်းချပေးနေပြီဖြစ်ပြီး ကျန် နိုင်ငံတွေ ကို ဘယ်လို ဖြန့်ချီသွားမယ်ဆိုတာတော့ အသေးစိပ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး.

အိမ့်သံစဉ် ~
Irrawaddy

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...