မိန်းကလေးတစ်ဦး ညာဘက်လက်တွင် မွေးရာပါ လက်ချောင်းများ မပါရှိသော်လည်း စန္ဒရားတီးခတ်ပြနိုင်


ပေကျင်း အောက်တိုဘာ ၆ တရုတ် နိုင်ငံမှ ကျန်းကွေကူ အမည်ရှိ မိန်းကလေး တစ်ဦးသည် ညာဘက်လက်တွင် မွေးရာပါ လက်ချောင်းများ မပါရှိသော်လည်း စန္ဒရား တီးခတ် ပြနိုင်မှုကြောင့် ပရိသတ်များကို အံ့အား သင့်စေခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ကျန်းသည် ရုပ်မြင်သံကြား အစီအစဉ် တစ်ခု၏ စန္ဒရားတီး ပြိုင်ပွဲတွင် Richard Clayderman ၏ Souvenir D'enfanc သီချင်းဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တရုတ်နိုင်ငံ တစ်ဝန်းရှိ ပရိသတ်များအား အံ့အား သင့်စေခဲ့ကြောင်း သိရသည်။

ကျန်းသည် ၂၀၀၈ ခုနှစ်တွင် စန္ဒရား တီးခြင်းကို စတင် သင်ယူခဲ့ချိန်မှစ၍ စန္ဒရားတီးခြင်းကို စွဲလမ်းခဲ့ပြီး ခမ်းနား ကြီးကျယ်သော ပြိုင်ပွဲများတွင် ဆက်လက် ပါဝင်ယှဉ်ပြိုင်သွားမ ည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...