AMITY GLOBAL BUSINESS SCHOOL တွင် တက်ရောက်ပါက စင်ကာပူ ဒေါ်လာ ၁၅ဝဝ မှ ၂၇ဝဝ အထိ ပညာသင်ဆု ပေးအပ်မည်


ရန်ကုန် အောက်တိုဘာ ၆ အင်္ဂလန်နိုင်ငံ အဆင့် (၃) စာရင်းဝင် Auglia Ruskin University မှ တိုက်ရိုက် ချီးမြှင့်မည့်ဘွဲ့ကို AMITY GLO-BAL BUSINESS SCHOOL တွင် တက်ရောက်ခြင်းဖြင့် စင်ကာပူ ဒေါ်လာ ၁၅ဝဝ မှ ၂၇ဝဝ ထိ ပညာသင်ဆု ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင် ပညာ သင်ကြားခြင်းဖြင့် အင်္ဂလန် နိုင်ငံတွင် ပညာသင် ကြားမှု စရိတ်ထက် များစွာ သက်သာစေမည့်အပြင် စင်ကာပူ နိုင်ငံသည် အိမ်နီးချင်း အာရှနိုင်ငံ တစ်ခုဖြစ်သည့် အတွက် သွားလာရသည်မှာ လွယ်ကူ လျင်မြန်စေမည်ဖြစ်ပြီး Bachelor Degree ကို ရရှိပိုင်ဆိုင် လိုသူများ အတွက် Bachelor of Arts (Hons:), International Business Management, Bachelor of Arts (Hons:), Tourism Management နှင့် Bachelor of Science (Hons:), Accounting & Finance အစရှိသည် တို့ကို တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Bachelor Degree ကို တက္ကသိုလ် ဝင်တန်း အောင်မြင်သူများ သို့မဟုတ် IGCSE O Level ပြီးသူများသည် IEL-TS (Band 6.0) ရရှိထားပါက တက်ရောက်နိုင်မည် ဖြစ်သည်။ သင်တန်း ကာလမှာ သုံးနှစ်ကြာမြင့်မည် ဖြစ်ပြီး သုံးနှစ်အတွင်း စုစုပေါင်း ကျောင်းစရိတ်မှာ SGD 27.000 ခန့် ကုန်ကျမည်ဖြစ်၍ Application Fees ကို ၁ဝဝ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းကို စိတ်ပါဝင်စား၍ တက်ရောက်လိုသော မြန်မာနိုင်ငံမှ ကျောင်းသားများ အနေဖြင့် ဖေဖော်ဝါရီ 2014 Intake အတွက် လျှောက် ထားနိုင်မည် ဖြစ်ပြီး AMITY GLOBAL BU-SINESS SCHOOL ၏ Bachelor Degree လျှောက်ထားသူများ အတွက် Laptop (or) ipad ကို မေတ္တာလက်ဆောင် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များ ကို သိရှိလိုပါက Wissen Education ဖုန်း-ဝ၁-၂၂ဝ၉ဝ၅ နှင့် ဝ၉-၆၅ဝ၂၆၁၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...