လက်ချောင်းအတိုအရှည်က ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်စပ်
.jpg)
အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ အနည်းအများကို လက်ချောင်းများကြည့်ကာ ဆုံးဖြတ် နိုင်သည်ဟု ဆိုသည်။ လက်ညှိုးက လက်သူကြွယ်ထက်ပိုရှည်သော အမျိုးသားများသည် ဆီးကျိတ်ကင် ဆာဖြစ်နိုင်ခြေ သိသိသာသာ နည်းပါးကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
မိခင်ဝမ်းဗိုက်ထဲ၌ရှိစဉ် လိင်ဟော်မုန်းတစ်မျိုးဖြစ်သော တက်စတိုစတီရုန်းနှင့် ထိတွေ့မူနည်းပါးခြင်းက လက်ညှိုးကိုပိုရှည်စေသည်ဟု ယူဆပြီး ယင်းသည်ပင်လျှင် ဆီးကျိတ်ကင်ဆာမှ ကာကွယ်ပေးနိုင် သည်ဟု ဆိုသည်။ သုတေသနပညာရှင်များသည် ဆီးကျိတ်ကင်ဆာဖြစ်နေသူ အမျိုးသား ၁၅၀၀နှင့် ကျန်းမာသောအမျိုးသား ၃၀၀၀တို့တွင် ညာဘက်လက်၏ လက်ချောင်းများ ပုံစံကို နိုင်းယှဉ်လေ့ လာခဲ့ကြခြင်းဖြစ်သည်။
ဆီးကျိတ်ကင်ဆာဖြစ်ပွားသော အမျိုးသားထက်ဝက်ကျော်တွင် လက်ညှိုးက လက်သူကြွယ်ထက်ပို၍ တိုနေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ ထို့ပြင် လက်ညှိုးနှင့် လက်သူကြွယ် အလျားတူညီသူ များမှာလည်း အလားတူပင်ဖြစ်သည်ဟု ဆိုသည်။ သို့သော် လက်ညှိုးက လက်သူကြွယ်ထက်ပို၍ ရှည်သော အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၃-ရာခိုင်နူန်းလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
(DM,1.12.10)NYM