ဘရိတ်ဒန့်စ် ကပြီး အလုပ်ထွက်သွားသူ ယူကျုမှာ စံချိန်တင်

မာရီနာ ရှီဖရင်ဆိုတဲ့ အမျိုးသမီးက ထိုင်ဝမ် Animation company ဗီဒီယိုလုပ်ငန်းက ၀န်ထမ်းတဦးပါ။ သူ့ရဲ့ အလုပ်ထွက်တာကို အကနဲ့ နုတ်ဆက်တဲ့ ဗီဒီယိုက ယူကျုမှာ တပတ်အတွင်း ကြည့်သူပေါင်း သိန်း ၁၀၀ ကျော်နဲ့ စံချိန်တင်သွားပါပြီ။



သူကို အလုပ်ရှင် ဘော့စ်က ယူကျူမှာ လူများများ ကြည့်တဲ့ ဗီဒီယိုတွေကို အဓိက လုပ်ဖို့ တွန်းအား
တွေပေး ပေမယ့် သူက ကွာလတီ ( အရည်အသွေး) ကိုပဲ ဦးစားပေး လုပ်ပါတယ်တဲ့။
သူ့ယုံကြည်မှုက အရည်အတွက်ထက် အရည်အသွေး ဂုဏ်သိက္ခာ ပိုတန်ဖိုးရှိတယ်လို့ တွေးတာလို့ ဆိုတယ်။ သူ့ဘော့စ်ဆီမှာ သူအလုပ်လုပ်လာတာ ၂ နှစ်တာ ကာလအတွင်း သူက စိတ်ရော၊ ကိုယ်ပါ အားစိုက်ပြီး တကယ့် အရည်အသွေး မြင့် ဗီဒီယိုတွေ ထုတ်လုပ်နိုင်ဖို့ပဲ အချိန်တွေပေးခဲ့ပါတယ်။

နောက်ဆုံး သူ့ဘော့စ်ကလည်း အရည်အတွက်ကိုသာ အားသန်သူဖြစ်နေတော့ ဘော့စ်နဲ့ သူ့ကြားမှာ အဆင် မပြေတွေ ဆက်တိုက်ဖြစ်လာတာကြောင့် သူလည်း အလုပ်ထွက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့ တယ်။

ထူးခြားတာက သူက ပျော်ပျော်နေတတ်သူလည်းဖြစ်တော့ သူအလုပ်ထွက်မယ့်နေ့ ညနေ ရုံးဆင်းချိန်
လောက်မှာ သူ့ရုံးခန်းကို နောက်ဆုံး နုတ်ဆက်တဲ့အနေနဲ့ ဘရိတ်ဒန့်စ် က ပြီး နောက်ဆုံးနေ့ကို "I QUIT" အမည်နဲ့ အမှတ်တရလုပ်သွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Matro.Co.UK သတင်းဌာနက ဖော်ပြထားပါ တယ်။

သူက ဘရိတ်ဒန့်စ်ကတာကိုလည်း သူကိုယ်တိုင် ဗီဒီယို ရိုက်ကူးပြီး စာတန်းထိုးကာယူကျုပေါ် ကို သူ အလုပ်ထွက်တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က တင်လိုက်ပါတယ်။

ထူးခြားတာကတော့ သူ့ ဗီဒီယို ဟာ အခု တပတ်အတွင်းမှာပဲ ကြည့်ရှုသူပေါင်း သိန်း ၁၀၀ ကျော်သွားပြီး မာရီနာလည်း နာမည်ကြီးသွားပါတော့တယ်။ သူရဲ့ ယူကျူက ပုံရိပ်တွေကို ခံစားကြည့်လိုက်ပါအုံး။

သူ့ရဲ့ အခု နာမည်ကြီးသွားတဲ့ ယူကျူဗီဒီယိုကြောင့် အလုပ်ရှင်တွေရော၊ အလုပ်သမားတွေရောဟာ သင်ခန်းစာတွေ ကိုယ်စီရသွားကြမယ်လို့ မှတ်ချက်တွေ ပေးထားတာလည်း အွန်လိုင်းသတင်း စာမျက်နှာ
တွေ မှာ ဖော်ပြထားကြပါတယ်။

အိမ့်သံစဉ် ~
Irrawaddy

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...