မျက်နှာပေါင်းတင်ပြီးလျှင် ဘာလိမ်းရမလဲ

photo:google

Health Updates Journal Vol.2, No.38

မျက်နှာပေါင်းတင်ပြီး နာရီဝက်ခန့်ကြာမှ toner ကိုလိမ်းပါ။ သို့မှသာ မျက်နှာကို အားဖြည့်မှုပို၍ သက်ရောက်မည်ဖြစ်သည်။ ထို့နောက်မှ moisturize (အစိုဓာတ်ထိန်း ဆေးရည်)၊ eye cream, မျက်နှာခရင်တို့ ကိုတစ်ဆင့်စီ လိမ်းပေးရပါမည်။

Toner ကို မနက်နှင့် ညတိုင်း လိမ်းပေးနိုင်သည်။ လက်နှင့်လိမ်း ခြင်းထက် နူးညံ့သော ဂွမ်းဖတ်ကလေးဖြင့် လိမ်းပေးပါ။ လိမ်းရာတွင် နည်းနည်းချင်းတို့ပေးခြင်းဖြင့် အသားထဲစိမ့်ဝင်မှုပို၍ ရှိစေမည်။

Toner ၏သဘောမှာ အရေးအကြောင်းများကိုပြေ၍ မျက်နှာကို တင်းရင်းစေပြီး အညစ်အကြေးများကို ပယ်ရှားပေးနိုင်သည်ဖြစ်ရာ မျက်နှာပေါင်းတင်ပြီး ကျန်နေသည့် မျက်နှာမှအစအနများကို ဖယ်ရှားပေးနိုင် သည်။ သို့ဖြစ်၍ မျက်နှာပေါင်း မတင်မီ Toner ကိုမလိမ်းဘဲ ပေါင်း တင်ပြီးမှသာ toner ကိုလိမ်းသင့်ပါ သည်။

ဒေါန

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...