Migraine သို့မဟုတ် ရှောင်လွဲမရသည့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ


photo:google

Health Updates Journal Vol.2, No.38

Migraine ဆိုတာ နာတာရှည် အာရုံကြောပြဿနာ တစ်မျိုးဖြစ်ပြီး များသောအားဖြင့် သာမန်ထက် လွန်ကဲသော ခေါင်းကိုက်မှုများ ၊အပြင်းအထန်ခေါင်းကိုက်မှုများ စသည့် လက္ခဏာတွေ ပြလေ့ရှိပါတယ်။ တကယ်လို့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ( Migraine )ကို စတင်ခံစားရပြီဆိုရင်တော့ ရှောင်လွှဲစရာ နည်းလမ်းမရှိပါတော့ဘူး။ ဒါကြောင့် Migraine  ဖြစ်ဖူးတဲ့သူတွေအနေနဲ့  Migraine ကို ထပ်ခါထပ် ခါဖြစ်စေဖို့ အားပေးတဲ့အကြောင်းအရာတွေ ကို သိထားသင့်ပါတယ်။

(၁) အရက်၊ဘီယာစသည့် ယမကာများ
လူတွေကတော့ အရက်၊ ဘီယာစတဲ့ယမကာတွေက စိတ်ဖိစီး မှုကို လျော့ပါးစေတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ အရက်၊ ဘီယာ စတဲ့ ယမကာတွေက ခန္ဓာကိုယ် ရဲ့စိတ်ဖိစီးမှုကို ထိန်းချုပ်တဲ့နည်း လမ်းကို ပြောင်းလဲသွားစေပြီး Migraine ဖြစ်မှုကို ပိုဆိုးစေပါ တယ်။

(၂) ကဖင်း
ကဖင်းဓာတ် အနည်းငယ် စားသုံးခြင်းက ပြဿနာမရှိသော်လည်း အလွန်အကျွံသောက်သုံးခြင်း က စိတ်လှုပ်ရှားမှုတွေ၊ အိပ်ပျက်မှုတွေကို ကြုံတွေ့စေနိုင်ပြီး Migraine ကို ပိုဆိုးစေပါတယ်။

(၃) လုံလောက်စွာမအိပ်စက်ရမှု
ကျွန်တော်တို့အများစုက အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ဂရုစိုက်လေ့ မရှိပါဘူး။  လုံလောက်တဲ့အိပ်ချိန်မရှိ မှုက Migraine အပြင် အခြားသော ခေါင်းကိုက်ဝေဒနာလေးတွေ ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုပါပဲ။

(၄) ရာသီဥတုပြောင်းလဲခြင်း
ရာသီဥတုပူလွန်းခြင်း၊ အေးလွန်ခြင်း၊ ရေငွေ့စိုထိုင်းဆများလွန်း ခြင်းကလည်း ခေါင်းကိုက်ဝေဒနာနဲ့ Migraine  ကို ပိုဆိုးစေပါတယ်။

(၅) ဆူညံသံများ
Hight pitched သံတွေ၊ ဆူညံလွန်းတဲ့ အသံတွေကလည်း Migraine ကို ပိုဆိုးစေပါတယ်။

(၆) အရေးကြီးဆုံးကတော့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့ချဖို့ လိုပါတယ်။

ဖိုးသောကြာ
ref:ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...