ဝမ်းနည်းမူက စိတ်ဓာတ်ကျခြင်း မဟုတ်ပါ


photo:google

ကျွန်မတို့အားလုံးဟာ တစ်ခါတစ်ရံမှာ ၀မ်းနည်းမူကို ခံစားရပါတယ်။ ၀မ်းနည်းတယ်ဆိုတာ ကိုယ်နေထိုင်ဖြစ်တည်နေတဲ့ ဘ၀ကို ပိုမို စိတ်ဝင်စားတဲ့ ပုံမှန်စိတ်ခံစားမူ တစ်ရပ်ပါပဲ။ အနုပညာတွေနဲ့ ကဗျာလင်္ကာအများစုဟာလည်း ၀မ်းနည်းမူနဲ့ လွမ်းဆွေးမူကို အခြေခံပြီး ဖြစ်လာတာပါပဲ။ ၀မ်းနည်းမူဆိုတာ အများအားဖြင့် ဆုံးရူံးမူနဲ့ ဒွန်တွဲနေတတ်ပါတယ်။ ကျွန်မတို့ဟာ ကိုယ်ချစ်ခင်တဲ့သူ တစ်ဦးနဲ့ နူတ်ဆက်ခွဲခွာရတဲ့အခါ ၀မ်းနည်းလေ့ရှိသလို သေကွဲကွဲရတဲ့အခါမှာ ၀မ်းနည်းကြေကွဲမူကို ပြင်းစွာ ခံစားရတတ်ပါတယ်။ ၀မ်းနည်းမူကို ခံစားရတဲ့အခါမှာ ပျော်ရွှင်မူရဲ့ တန်ဖိုးက ပိုအသက်ဝင်လာတတ်ပါတယ်။ မယုံရင် သင်ဝမ်းနည်းနေခိုက်မှာ ပျော်ရွှင်စရာတစ်ခုခုကို ကြုံရလို့ သင်ဘယ်လောက် ပျော်ရွှင်ကြည်နူးသွားရသလဲ ဆိုတာကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ဒါကြောင့် ၀မ်းနည်းမူကြောင့် ကျန်းမာရေးမထိခိုက်ဘဲ စိတ်ခံစားမူ ကောင်းမွန်စေမယ့် နည်းတချို့ကို အကြံပြုလိုက်ပါတယ်။

ဝမ်းနည်းခွင့်ပြုလိုက်ပါ
ဝမ်းနည်းနေပါရက်နဲ့ ၀မ်းနည်းနေတဲ့ စိတ်ကို ဇွတ်အတင်းမေ့ထားတာမျိုး မလုပ်ပါနဲ့။ ၀မ်းနည်းမူကို ကျိတ်မှိတ်မျိုသိပ် ခံစားနေတာက ပိုကြာကြာ ၀မ်းနည်းစေပါတယ်။ တကယ်လို့ ငိုချင်ရင် ငိုချလိုက်ပါ။ မျက်ရည်တိတ်သွားတဲ့အခါမှာ ၀မ်းနည်းမူတို့ သက်သာသွားပါလိမ့်မယ်။

တေးဂီတ နားဆင်ပါ
ဝမ်းနည်းပြီး တစ်ယောက်တည်း အထီးကျန်နေရင် တေးဂီတကို နားဆင်လိုက်ပါ။ သီချင်းနားထောင်တာက ၀မ်းနည်းနေတဲ့ အတွေးတွနဲ့ ခံစားမူကို မေ့လျော့သွားစေပါတယ်။

ဝမ်းနည်းစေသော အကြောင်းအရာကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ
တချို့လူတွေက ၀မ်းနည်းနေပေမယ့် သူတို့ဘာကြောင့် ၀မ်းနည်းနေရတယ်ဆိုတာကို တိတိကျကျမသိကြပါဘူး။ ချစ်ခင်သူ ဆုံးရူံးတာကြောင့် ၀မ်းနည်းတာလား၊ အဆင်မပြေတဲ့ အတွေ့အကြုံကြောင့် ၀မ်းနည်းတာလား။ ၀မ်းနည်းရတဲ့ အကြောင်းရင်းကို သေချာသိမှ ဘယ်လို ဖြေရှင်းရမယ်ဆိုတာကို သိနားလည်မှာပါ။ ဒါကြောင့် ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစားပါ။

အပြောင်းအလဲကို လက်ခံပါ
ဝမ်းနည်းမူဟာ ကိုယ်မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခုခုကို ကြုံတွေ့ရတာကြောင့် ခံစားရတတ်ပါတယ်။ အပြောင်းအလဲအများစုက စိတ်ဖိစီးမူကို ဖြစ်စေနိုင်ပေမယ့် ဒါက ယာယီပါပဲ။ အပြောင်းအလဲကို လက်ခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားဖို့ လိုပါတယ်။

ဝမ်းနည်းမူက စိတ်ဓာတ်ကျခြင်းကို ကူးပြောင်းသွားနိုင်ကြောင်း သတိရပါ
ဝမ်းနည်းမူက ပျောက်သင့်တဲ့အချိန်မှာ မပျောက်နိုင်ဘူးဆိုရင် အကူအညီလိုအပ်နေပါပြီ။ ၀မ်းနည်းမူနဲ့အတူ အောက်ပါလက္ခဏာရပ် နှစ်ခုထက်ပိုပြီး ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ ပြပါ။

- တာရှည်ဝမ်းနည်းတာ၊ ပူပင်သောကများတာ၊ စိတ်ထဲမှာ ဘာမှ မခံစားရတာ

- မျှော်လင့်ချက်မဲ့တာ၊ အဆိုးမြင်တာ

- မိမိကိုယ်ကို အပြစ်တင်တာ၊ တန်ဖိုးမရှိသလို ထင်တာ၊ အကူအညီမဲ့ပြီး အားငယ်နေတာ၊

- အရင်က ပျော်ရွှင်ခဲ့ဖူးတဲ့ အရာတွေနဲ့ ၀ါသနာတွေမှာ စိတ်ဝင်စားမူကင်းမဲ့တာ

- စွမ်းအင်မဲ့တာ၊ နုံးချည့်ညောင်းညာနေတာ၊

- စိတ်ပါဝင်စားမူနဲ့ အာရုံစူးစိုက်မူ မကောင်းတာ၊ မေ့လွယ်နေတာ၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း ခက်တာ၊

- အိပ်မပျော်တာ၊ အအိပ်လွန်တာ

- အစာစားချင်စိတ်များတာ၊ ကိုယ်အလေးချိန်လျော့ကျတာ၊ အစာစားလွန်းတာနဲ့ ကိုယ်အလေးချိန်တတ်တာ၊

- သေဆုံးမူဆိုင်ရာ အတွေးတွေ တွေးမိတာ၊

- စိတ်ဂနာမငြိမ်ဖြစ်တာ

- ခေါင်းကိုက်တာ၊ အစာခြေစနစ်ပြဿနာနဲ့ နာတာရှည် နာကျင်မူစတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေခံစားရပြီး အချိန်ကြာတဲ့အထိ မပျောက်နိုင်တာ စတာတွေဖြစ်ကြပါတယ်။


ဇွန်ဦးခိုင် (GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...