မိန်းမကိုယ်ကင်ဆာ ဖြစ်ပွားစေသော ကြွက်နို့ဗိုင်းရပ်စ်သည် အမျိုးသားများ၌ ပါးစပ်နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားစေနိုင်


photo:google

HPV ဗိုင်းရပ်စ်ဟု ခေါ်သော ကြွက်နို့ဗိုင်းရပ်စ်သည် အမျိုးသမီးများတွင် မိန်းမကိုယ်ကင်ဆာ ဖြစ်ပွားစေ သည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ယခုအခါ အဆိုပါဗိုင်းရပ်စ်သည် အမျိုးသားများ၌ ပါးစပ်နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားစေနိုင်သည့် အကြောင်းရင်း တစ်ရပ်ဖြစ်လာကြောင်း လေ့လာချက် အသစ်တစ်ရပ်အရ တွေ့ရှိရသည်။ ထို့ကြောင့် အမျိုးသမီးငယ်များနှင့် မိန်းကလေးငယ်များတွင် ပေးသည့် မိန်းမကိုယ်ကင်ဆာကာကွယ်ဆေးသည် ပါးစပ်နှင့် လည်ချောင်းကင်ဆာ ကာကွယ်ရာ၌လည်း အသုံးဝင်လိမ့်မည်ဟုဆိုသည်။

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင်များသည် ၁၉၈၈ခုနှစ်မှ ၂၀၀၄ခုနှစ်အတွင်း ပါးစပ်နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားသူများကို သုတေသနပြုလုပ်ကြည့်ရာ၌ အများစုမှာ HPV ဗိုင်းရပ်ရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ဆေးရွက်ကြီးသုံးစွဲမူကြောင့် ပါးစပ်နှင့် လည်ချောင်းကင်ဆာဖြစ်ပွားနိုင်ရာ ယခုအခါ ဆေးရွက်ကြီးသုံးစွဲမူ လျော့ကျလာသော်လည်း အခြားအကြောင်းရင်း တစ်ခုကြောင့် ပါးစပ်နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားမူတွင် HPV ဗိုင်းရပ်စ်ပိုးက အဓိကကျလာကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

(DM,4.10.11) NYM (GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...