ကင်ဆာကို ကာကွယ်နိုင်မယ့် ၀ိုင်နီ


Health Updates Journal No. 88

လေ့လာမှုတစ်ခုမှာ ထုတ်ဖော်ထားတာကတော့ ၀ိုင်နီကနေရတဲ့ resveratrol့ဟာ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဝိုင်နီကရတဲ့ resveratrol ဟာ ကိုယ်ခန္ဓာထဲမှာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ်များစွာကို လျှင်မြန်စွာဖြစ်စေပြီး ဆဲလ်တွေအထဲမှာ resveratrol sulphate ဆိုပြီးဆာလဖာနဲ့ ပူးပေါင်းလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ပိုမိုအစွမ်းထက်တဲ့ ဓာတ်ပေါင်းအဖြစ်ကို ရောက်ရှိသွားပြီး ဆဲလ်များတွင်းက အင်ဇိုင်းများကို စွမ်းအားပိုမို အားကောင်းစေပါတယ်။ အဲဒီအခါမှာ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်ပြီး သေဆုံးစေနိုင်တယ်လို့ သုတေသီ University of Leicester မှ ကင်ဆာသုတေသီ ပါမောက္ခ Dr Karen Brown က ပြောကြားခဲ့ပါတယ်။

ဒီလေ့လာမှုမှာ ကြွက်များကို အသုံးပြုခဲ့ပြီး ၀ိုင်နီမှာပါဝင်တဲ့ resveratrol ဟာ ဆာလဖာနဲ့ပေါင်းပြီးနောက်မှာဆိုရင်ကြွက်တွေရဲ့ သွေးရည်ကြည်နဲ့ တစ်ရှုးတွေထဲက ကင်ဆာဆဲလ်တွေကို သာမန်ထက် ပိုမိုပြီး တိုက်ခိုက်သေဆုံးစေနိုင်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကင်ဆာကျိတ်တွေရဲ့ ကြီးထွားမှုနှုန်းကိုလည်း ပိုမိုနှေးကွေး သွားစေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ resveratrol sulphate ဟာ ကင်ဆာကျိတ်ထဲက ဆဲလ်တွေကိုသူ့ ဆဲလ်တွေကို သူ့ဘာသာပြန်သတ်စေတဲ့ အာနိသင်ရှိပြီး ကင်ဆာဆဲလ်ပွားနှုန်းကိုလည်း လျှော့ချနိုင်ပါတယ်။

ဒီလေ့လာမှုကို Journal of Science မှာ ဖော်ပြထားတာဖြစ်ပါတယ်။

သန့်စင်
ref;ANI
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...