ဝမ်းအရောင်ပြောင်းလဲရင် စိုးရိမ်သင့်သလား

ဝမ်းအရောင်ဟာ တစ်နေ့နဲ့တစ်နေ့ အကြီးအကျယ်ပြောင်းလဲနေနိုင်ပါတယ်။ အညိုရောင်သန်းတဲ့ ၀မ်းအရောင်ဆိုရင် ပုံမှန်ပဲလို့ ဆိုနိုင်ပါတယ်။ ၀မ်းအရောင်က ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေရင်တော့ ဒါဟာ အူအခြေအနေအပေါ် သိသိသာသာသက်ရောက်မူ ရှိနေပါတယ်။ ၀မ်းအရောင်က ကိုယ်စားသောက်တဲ့ အစားအသောက်နဲ့ ဆက်စပ်နေနိုင်သလို အဆီတွေကို ချေဖျက်ပေးတဲ့ စိမ်းဝါရောင် သည်းခြေရည်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ သည်းခြေရည်တွေ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် ဖြတ်သွားတာကြောင့် အင်ဇိုင်းတွေကြောင့် ပြောင်းလဲသွားရာက ၀မ်းအရောင်ဟာ အစိမ်းရောင်ကနေ အညိုရောင်အထိ ဖြစ်သွားနိုင်ပါတယ်။
သင့်အနေနဲ့ ၀မ်းအရောင်ပြောင်းလဲနေရင်တော့ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။ ၀မ်းအရောင်က သွေးပါကြောင်း ဖော်ပြနေတဲ့ အနီရောင်ရင့်ရင့် ဒါမှမဟုတ် အနက်ရောင်ဖြစ်နေရင် ဆေးပညာအကူအညီကို ချက်ချင်းခံယူဖို့ လိုပါတယ်။
ဝမ်းအရောင်က အစိမ်းရောင်သန်းရခြင်းဟာ ၀မ်းပျက်ဝမ်းလျှောခြင်လို့ အခြေအနေမျိုးမှာ အစားအစာတွေက အူမကြီးကနေတစ်ဆင့် ရွေ့လျားနေပြီး ရလဒ်အနေနဲ့ သည်းခြေရည်ဟာ အစားအစာတွေကို အများအပြားမှီဝဲတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
အဖြူရောင် ဒါမှမဟုတ် ရွှံ့ရောင်ဝမ်းသွားတာဟာ ၀မ်းထဲမှာ သည်းခြေရည် မပါဝင်တောကြောင့်ပါ။ ဒါဟာ သည်းခြေပြွန်ပိတ်ဆို့မူကြောင့် ဖြစ်တတ်ပါတယ်။ Bismuth subsalicylate နဲ့ တခြားဝမ်းပိတ်ဆေးတွေလို ဆေးဝါးတချို့ကြောင့်လည်း အဖြူရောင် ၀မ်းသွားတတ်ပါတယ်။
အမည်းရောင် ၀မ်းတွေကတော့ အစာအိမ် ဒါမှမဟုတ် အစာရေမျိုပြွန်ထဲမှာ သွေးထွက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သံဓာတ်အားဖြည့်ဆေးနဲ့ Bismuth subsalicylate တွေသောက်ခြင်းကြောင့်လည်း အမည်းရောင် ၀မ်းသွားတတ်ပါတယ်။
အနီရောင် ၀မ်းသွားတာကတော့အစာဟောင်းအိမ်ထဲမှာ သွေးထွက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဆေးဝါးတချို့ သောက်သုံးတာနဲ့လည်း ဆက်စပ်မူ ရှိပါတယ်။
(ဇွန်)
- (အရှေ့သို့) ဆေးမတိုးသည့် သွေးတိုးရောဂါကို ရေဒီယိုလိုင်းပေးခြင်းဖြင့် ကုသနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးVery little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
- (အနောကျသို့) နုပျိုစေရန် ကြက်ဥ၊ ဘဲဥ စားပါ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးVery little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ