နိုင်ငံခြားခရီးအတွက် စိတ်ဖိစီးမူ ကင်းဝေးလိုလျှင်
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwjGNAWq0K01SbmF1Ek_K1H4qIECVL2I690ZsnKTH1SJ5tsCkrEIN7FZ-7C0MP1cVxAMFKwde7SWGsMepuJabOUY4sgrMz1phAGJGiacWrHUaa39doFkPcoGrSfHnXhDfdfKGlo-rOzkHD/s400/11.10.19-what-to-wear-whilst-travelling_582_396.jpg)
အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အပန်းဖြေခရီးပဲဖြစ်ဖြစ် ခရီးတစ်ခုထွက်ရတော့မယ်ဆိုရင် လမ်းခရီးမှာ အဆင်မပြေမှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားတိုင်းပြည်ကို ခရီးသွားရမယ်ဆိုရင် စိတ်ဖိစီးမူ ပိုများတတ်ပါတယ်။ နိုင်ငံခြားဘာသာစကားကို ပြောရတော့မှာ၊ လူမျိုးခြားတွေနဲ့ တွေ့ဆုံပြောဆိုရတော့မှာ၊ လေဆိပ်အ၀င်မှာ လုပ်ဆောင်ရမှာတွေအတွက် စိုးရိမ်ပူပန်တတ်ကြပါတယ်။ နိုင်ငံခြားခရီးသွားတဲ့ အတွေ့အကြုံမရှိသူဆိုရင် ပိုဆိုးပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံခြားခရီးသွားရာမှာ စိတ်ဖိစီးမူ ကင်းဝေးစေဖို့အတွက် အသုံးဝင်မယ့် အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။
ခရီးမထွက်ခင် ကောင်းကောင်းအနားယူပါ
သင်ဟာ ကောင်းကောင်း အနားယူပြီး စွမ်းအင်ပြည့်ဝနေရင် ခရီးထွက်တဲ့အခါ ပိုမိုပျော်ရွှင်ပြီး စိုးရိမ်ပူပန်မူ လျော့နည်းပါလိမ့်မယ်။ ခရီးဝေးကြိးသွားပြီး လေယာဉ်အကြာကြီး စီးရရင်လည်း ပင်ပန်းနိုင်တဲ့အတွက် ကြိုတင်အနားယူထားပါ။
ကြိုတင်ပြင်ဆင်ပါ
သင်သွားမယ့်နိုင်ငံနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာထားကာ သင့်ခရီးအတွက် ပြင်ဆင်ထားပါ။ သင့်ခရီးစဉ်ကို အကျိုးသက်ရောက်မူရှိနိုင်တဲ့ အရေးကြီး အဖြစ်အပျက်တွေ ရှိ၊ မရှိ သတင်းတွေကို နားထောင်ပါ။ သင်သွားမယ့်နိုင်ငံမှာ ဘာတွေဖြစ်နေသလဲ၊ နိုင်ငံရေးအခြေအနေဘယ်လိုရှိသလဲ စတာတွေကို လေ့လာထားပါ။ စာရွက်စာတမ်းနဲ့ ပစ္စည်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားပါ။
မိတ္တူကူးထားပါ
ခရီးမသွားခင် သင့်ရဲ့ပတ်စ်ပို့စာအုပ်အဖွင့်စာမျက်နှာနဲ့ တခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးထားပြီး ခရီးသွားတဲ့အခါ တကယ့် စာရွက်စာတမ်းအစစ်တွေနဲ့ အတူမထားဘဲ သီးသန့်နေရာခွဲထည့်ပါ။ ဒါဆိုရင် ဒီစာရွက်စာတမ်းတွေ ပျောက်သွားမှာကို အကြောက်လွန်နေတဲ့ စိတ်တွေ လျော့ပါးသက်သာသွား ပါလိမ့်မယ်။
အင်္ဂလိပ်စကား အခြေခံတော့ ပြောတတ်ပါစေ
အင်္ဂလိပ်စကားပြောရမှာကို တွန့်ဆုတ်နေတတ်သူဆိုရင် နိုင်ငံခြားခရီးသွားတဲ့အခါ စိတ်ဖိစီးမူ ပိုများနေပါလိမ့်မယ်။ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ရင်တောင် အခြေခံ အင်္ဂလိပ်စကားလောက်တော့ ပြောတတ်စေဖို့ လေ့ကျင့်ထားပါ။ ဒါမှ ကိုယ့်ကိုကိုယ် ယုံကြည်မူပိုရှိပြီး စိုးရိမ်ပူပန်မူတွေ လျော့ပါးသက်သာမှာပါ။
အဆက်အသွယ်လုပ်ပါ
နိုင်ငံခြားခရီးသွားနေစဉ် သင့်မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို မကြာခဏ ဖုန်းဆက်တာ ဒါမှမဟုတ် အီးမးပို့တာတွေလုပ်ရင် သင်တစ်ယောက်ထည်း ခရီးသွားတယ်ဆိုရင်တောင် အထီးကျန်မူ မခံစားရတော့ပါဘူး။
ဖြေလျှော့အနားယူပါ
သင့်စိတ်ကို သက်သောင့်သက်သာဖြစ်အောင် ဖြေလျှော့အနားယူပါ။ ဂီတက သင့်စိတ်ကို အပန်းပြေစေရင် သင်အကြိုက်ဆုံး သီချင်းတွေ နားထောင်လိုက်ပါ။ ဒါမှမဟုတ် အသက်ပြင်းပြင်း ရှူသွင်း၊ ရူထုတ်တဲ့လေ့ကျင့်ခန်းလုပ်ပါ။
(အက်စ် - ဆေးဝါးတက္ကသိုလ်)