အမေရိကန်ကောလိပ် ပြည်တွင်းမှာ တက်ရောက်နိုင်ပြီ



အမေရိကန်ပြည်ထောင်စု တက္ကသိုလ်တွေအပါအဝင် သြစတြေးလျား၊ ကနေဒါ၊ စင်ကာပူ၊ အင်္ဂလန် တက္ကသိုလ်တွေရဲ့ ဖောင်ဒေးရှင်းအသိအမှတ်ပြု အမေရိကန်ကောလိပ် ပရိုဂရမ်ကို မြန်မာနိုင်ငံမှာ တက်ရောက်သင်ယူနိုင်ပြီ ဖြစ်ပါတယ်။

အဲသည်ပရိုဂရမ်ကို ဆယ်တန်း သို့မဟုတ် အိုင်ဂျီစီအက်စ်အီးအောင် ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်နိုင်ပြီး ဆယ်လကြာမြင့်မှာဖြစ်ပါတယ်။ အဲသည်ပရိုဂရမ်မှာ နိုင်ငံတကာတက္ကသိုလ်တွေ ကို ကျောင်းသားတွေလိုအပ်မယ့် Academic Knowledge Skills တွေအပြင် IELTS သို့မဟုတ် TOEFL ဖြေဆိုနိုင်ဖို့ တစ်ချိန်တည်း ပြင်ဆင်ပေးမှာ ဖြစ်တယ်။ အက်စ်အေတီ (SAT) ထပ်မံပြင်ဆင် စရာမလိုအပ်ဘဲ ထူးချွန်တဲ့ ကျောင်းသားတွေအတွက် အမေရိကန်နဲ့ အင်္ဂလန်တက္ကသိုလ်တွေမှာ ပညာသင်ဆုဆက်ပြီးလျှောက်ပေးမယ့် အစီအစဉ်ပါဝင်ပါတယ်။ အင်္ဂလန်တက္ကသိုလ်တွေရဲ့ ပထမနှစ် ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ စီစဉ်ထားပြီးအဲသည်ပရိုဂရမ်က ဂျီစီအီးအေအဆင့်နဲ့ ညီမျှပါတယ်။

သည်ပရိုဂရမ်က တစ်နေရာတည်းမှာ အင်္ဂလိပ်စာရော တက္ကသိုလ်တွေက လိုအပ်တဲ့ကျွမ်းကျင်မှုတွေ ပြင်ပေးမယ့် တစ်နှစ်ပရိုဂရမ်ဖြစ်တယ်။ သည်မှာတစ်နှစ်တက်ရောက်လိုက်တဲ့အတွက် စင်ကာပူမှာ သုံးနှစ်တက်ရတဲ့ ဒီဂရီကို နှစ်နှစ်ပဲတက်ဖို့လိုပါတော့မယ်လို့ အဲသည်ပရိုဂရမ်ကို ဖွင့်လှစ်သင်ကြား ပေးတဲ့ Crown Education တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သည်ပရိုဂရမ်ကို အမေရိကန်တက္ကသိုလ် ၃၄ ခု၊ သြစတြေးလျားတက္ကသိုလ် ၂၅ ခု၊ စင်ကာပူက ငါးကျောင်း၊ မလေးရှားတက္ကသိုလ်က လေးကျောင်း၊ ထိုင်းနိုင်ငံက အေအိုင်တီအပါအဝင် တက္ကသိုလ် လေးခုတို့မှာ ဆက်လက်သင်ယူနိုင်ပါတယ်။

သင်ရိုးညွှန်းတမ်းတွေက အမေရိကန်ကရေးဆွဲခဲ့တဲ့ သင်ရိုးညွှန်းတမ်းဖြစ်ပြီး အမေရိကန်က စစ်ဆေး တဲ့စာမေးပွဲကို ဖြေဆိုရမှာပါ။

ဆယ်တန်းအောင်မြင်သူတွေလျှောက်နိုင်ပြီး မြန်မာနိုင်ငံမှာ တက်ရောက်နေစဉ် အထူးပြုဘာသာရပ် ရွေးချယ်စရာမလိုသေးဘဲ ပရိုဂရမ်ပြီးဆုံးချိန်မှာ မိမိတို့နဲ့သင့်တော်မယ့် ဘာသာရပ်တွေ ဥပမာ အင်ဂျင်နီယာ၊ အိုင်တီ၊ စီးပွားရေး၊ Life Science စသဖြင့် ရွေးချယ်သွားနိုင်ပါတယ်။

သည်ပရိုဂရမ်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၂ ရက် (စနေနေ့) နံနက် ၁၀း၀၀ နာရီကနေ ၁၂း၀၀ နာရီအထိ Crown Education မှာရှင်းလင်းပြောကြားပါမယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ် ၃၇၈၊ အောက်တိုဘာ ၁၁၊ ၂၀၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...