ရယ်လိုက်တိုင်း သွားဖုံးပေါ်နေပြီလား



ရယ်လိုက်တိုင်းသွားဖုံးပေါ်တဲ့ပြဿနာကို အမျိုးအစားလေးမျိုး ခွဲထားပါတယ်။ရယ်လိုက်တဲ့အခါ သွားအရှည်ရဲ့ (၂၅) ရာခိုင်နှုန်းခန့် သွားဖုံးပေါ်တာကို အပျော့စားသွားဖုံးပေါ်ခြင်း၊ သွားအရှည်ရဲ့ (၂၅) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းခန့်သွားဖုံးပေါ်တာကို အသင့်အတင့်သွားဖုံး ပေါ်ခြင်း၊ သွားအရှည်ရဲ့ (၅၀) ရာ ခိုင်နှုန်းမှ(၁၀၀)ရာခိုင်နှုန်းအထိသွားဖုံးပေါ်တာကို အလွန်သွားဖုံးပေါ် ခြင်း၊ သွားအရှည်ရဲ့ (၁၀၀) ရာခိုင် နှုန်းထက်ပိုပေါ်တာကို ဆိုးရွားစွာ သွားဖုံးပေါ်ခြင်းဟု ခွဲခြားထားပါ တယ်။

သွားအရှည်ပုံမှန်ဖြစ်ပေမယ့် သွားဖုံးသားကြီးထွားမှုများပြီး သွားကိုဖုံးနေတဲ့အခါ ပါးစပ်ဟလိုက်တိုင်း သွားဖုံးပေါ်တတ်ပါတယ်။ အ ပေါ်နှုတ်ခမ်းကြက်သားတွေ အလွန်အမင်း ဆွဲကျုံ့တတ်တဲ့သူတွေမှာ ရယ်လိုက်တိုင်းအပေါ်နှုတ်ခမ်းအဟလွန်တာကြောင့် သွားဖုံးတွေပေါ်လာ တတ်ပါတယ်။ အပေါ်မေးရိုးပုံမှန်ထက်အနည်းငယ် ငေါထွက်နေတဲ့အခါမှာလည်း ရယ်လိုက်တိုင်းသွားဖုံးတွေ ထွက်လာတတ်ပါတယ်။

အပေါ်နှုတ်ခမ်းကိုနေရာပြုပြင်ပြီးနှုတ်ခမ်းနှင့်သွားများပိုနီးကပ် အောင်လုပ်နိုင်ပါတယ်။ ဤနည်းဖြင့် အပေါ်နှုတ်ခမ်းကိုလိုတာထက်ပိုမဟ အောင်ချုပ်ထားနိုင်ပြီး ဆေးရုံတက်စရာမလိုဘဲ ထုံဆေးနှင့်ပင် နှုတ်ခမ်း နေရာပြုပြင်နိုင်ပါတယ်။

သွားဖုံးသားကြီးထွားမှုလွန်ကဲပြီး သွားကိုဖုံးအုပ်ထားသူတွေမှာ သွားဖုံးသားကို အနည်းငယ်ဖယ်ရှားရှင်းလင်းနိုင်ပါတယ်။သွားတစ် ချောင်းချင်းစီဖြစ်စေ၊ သွားတစ်တန်းလုံးကိုဖြစ်စေ ပြုပြင်နိုင်ပြီးထုံဆေး ဖြင့်သာပြုလုပ်နိုင်ပါတယ်။

သီဟ
Source:periodontist
Health Update Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...