Diamonds at the Atmospheres of Saturn and Jupiter
Saturn နဲ့ Jupiter ဂြိုလ်ကြီး တွေပေါ်မှာ စိန်တန်ပေါင်း ၁၀ သန်းလောက် ရှိနေနိုင် တယ်လို့ သိပ္ပံပညာ ရှင်တွေက ကြေ ငြာချက် ထုတ်လိုက် ပါတယ်။ Sci-fi တွေထဲက ဇာတ်ဝင်ခန်းနဲ့ ဆင်တူ နေပေမယ့် တကယ့် အပြင်က အဖြစ်အပျက်ပါ။
Saturn ဂြိုလ်ပေါ်မှာ တိုက်ခတ် နေတဲ့ မုန်တိုင်း တွေဟာ သေးငယ်တဲ့ ကာဗွန် အမှုန်လေးတွေ ထုတ်လုပ် ပါတယ်။ နောက်ပြီး နောက်ဆုံး လေ့လာ တွေ့ရှိချက် တွေအရ ပြင်းထန်တဲ့ အခြေအနေ အောက်မှာ ကာဗွန် ဘယ်လို ဖြစ်တည် နိုင်တယ် ဆိုတဲ့ အချက်အလက် တွေအရ ဒီ ဂြိုလ်ကြီး နှစ်ခုလုံးဟာ စိန်တွေ ဖြစ်ပေါ်နိုင်ဖို့ ပတ်ဝန်းကျင် အခြေအနေ ကောင်းမှာ ရှိနေတယ်လို့ ဆိုပါတယ်။ “အခုဆိုရင် ကျွန်တော် တို့ဟာ စိန်တွေ အစိုင်အခဲ အဖြစ်နဲ့ ဖြစ်တည် နိုင်တဲ့ အမြင့်ဆုံး အပူချိန် (8,000kelvin) ကိုသေချာ သိရှိနေပါပြီ။ ဒီထက် ပူရင်တော့ အရည်ပျော် သွားပါ တယ်။ နောက် Saturn နဲ့ Jupiter ဂြိုလ်အတွင်းပိုင်း တွေရဲ့ လေထု ဖိအားနဲ့ အပူချိန်တွေ ဘယ်လောက် ရှိလဲဆိုတာ ပိုပြီး တိတိကျကျ တိုင်းတာ နိုင်ပါပြီ" လို့ University of Wisconsin-Madison ကသိပ္ပံ ပညာရှင် တစ်ယောက် အပြင် ဒီလေ့လာ တွေ့ရှိချက် တွေရဲ့ co-author တစ်ယောက် ဖြစ်တဲ့ Kevin Baines ကဆိုပါတယ်။ ဒီတွေ့ရှိချက် တွေအရ ဒီဂြိုလ်နှစ်လုံး ပေါ်မှာ စိန်တုံးတွေ အမြောက်အမြား ရှိနေနိုင်တယ် လို့ သူက ဆိုပါတယ်။
အရင် လေ့လာ တွေ့ရှိချက် တွေအရ Uranus နဲ့ Neptune ဂြိုလ်တွေ ကိုသာ စိန်ထုတ်လုပ် နိုင်တဲ့ ဂြိုလ်တွေ ဆိုပြီး သတ်မှတ်ထား ခဲ့တာပါ။ ဒီဂြိုလ်တွေရဲ့ မြင့်မားတဲ့ လေဖိအားနဲ့ အပူချိန် တွေက လေထုထဲမှာ ရှိတဲ့ Methane ဓာတ်ငွေ့ကို စိန်တွေအဖြစ် တိုက်ရိုက် ပြောင်းလဲ စေပြီး မိုးအဖြစ်နဲ့ ဂြိုလ်မျက်နှာပြင် ပေါ်ကို ရွာချစေ တာပါ။ Saturn ရဲ့လေထု ၁ ရာခိုင်နှုန်းရဲ့ တစ်ဝက်ခန့်သာ Methane ဓာတ်ငွေ့ ပါဝင်ပြီး Jupiter မှာတော့ 0.2% လောက်ပဲ ပါဝင် ပါတယ်။ Uranus နဲ့ Neptune ဂြိုလ်တွေရဲ့ လေထု ၁၅ရာခိုင်နှုန်းထိ Methane ဓာတ်ငွေ့ ပါဝင် နေတာပါ။ ဒီအချက် တွေအပြင် အရင်က Saturn နဲ့ Jupiter ဂြိုလ်တွေဟာ ပိုမိုနည်းပါးတဲ့ ဖိအားနဲ့ အပူချိန်တွေ ရှိတယ်လို့ မှတ်ယူထား ခဲ့တဲ့အတွက် Methane ဓာတ်ငွေ့ကို စိန်တုံးအဖြစ် မပြောင်းလဲ နိုင်ဘူးလို့ သတ်မှတ်ထား ခဲ့ပါတယ်။ Saturn နဲ့ Jupiter ဂြိုလ်တွေရဲ့ အမြင့်ပိုင်း တိမ်တိုက် တွေထဲမှာ ဖြစ်ပေါ်တဲ့ ကြီးမားတဲ့ မိုးကြိုး မုန်တိုင်း တွေကို Cassini အာကာသ ယာဉ်က တွေ့ရှိခဲ့ ပါတယ်။ ဒီမုန်တိုင်း တွေဟာ စိန်တွေဖြစ် ပေါ်မှုကို အစပျိုးတဲ့ ဖြစ်ရပ်တွေလို့ Baines ကဆိုပါတယ်။
Jupiter ဂြိုလ်လေထုရဲ့ အတွင်းပိုင်း တွေထဲမှာတော့ အခြေအနေ တွေဟာ အလွန် ပြင်းထန်တဲ့ အတွက် ဒီစိန်တွေဟာ အစိုင်အခဲ အဖြစ်နဲ့ မတည်ရှိ နိုင်ဘဲ အရည်ပျော်ပြီး စိန်တွေ ပါဝင်တဲ့ ပင်လယ်တောင် ဖြစ်နေနိုင် တယ်လို့ ဆိုပါတယ်။ Uranus နဲ့ Neptune ဂြိုလ်အတွင်းပိုင်း တွေကတော့ အပူချိန် 8000 kelvin ထက်မကျော်တဲ့ အတွက် အစိုင်အခဲ အဖြစ်သာ တည်ရှိ တာပါ။ ဒါကြောင့် Uranus နဲ့ Neptune ဂြိုလ် တွေပေါ်မှာ စိန်တွေ အမြဲတည်ရှိ နေမှာဖြစ်ပြီး Saturn နဲ့ Jupiter ဂြိုလ်တွေ ပေါ်မှာတော့ အရည်အဖြစ် ပြောင်းလဲ သွားနိုင်ကာ တခြား ဓာတ် သတ္တု တွေနဲ့ ပေါင်းစပ် သွားနိုင် တာကြောင့် အမြဲ မတည်ရှိ နေနိုင်ပါဘူး။ နောက်ဝေးကွာတဲ့ အနာဂတ် မှာတော့ Robotic probes တွေစေ လွှတ်ပြီး ဒီ ဂြိုလ်တွေ ပေါ်က စိန်တွေကို တူးဖော် နိုင်မယ်လို့ မျှော်လင့် ထားကြ ပါတယ်။
Images from images.nationalgeographic, a57.foxnews, i.huffpost, dailygrail. Source: news.nationalgeographic.com
Author Joker
MYMC