iPad 5 နှင့် iPad mini 2 တွင် 8-megapixel ကင်မရာများ ပါဝင်မည်ဟုဆို

အတွဲ (၁၄)၊ အမှတ် (၃၉)


အသစ်ဖြန့်ချိမည့် Apple iPad နှင့် iPad mini ထုတ်ကုန်များတွင် 8-megapixel ကင်မရာများ ပါဝင်လာဖွယ်ရှိကြောင်း KGI မှသုတေသီဖြစ်သူ Ming-Chi Kuo ကပြောကြားခဲ့ပြီး အဆိုပါ ကင်မရာများ အတွက် sensor module များကို Sony ကုမ္ပဏီမှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း AppleInsider မှဖော်ပြခဲ့သည်။

Kuo ၏ ပြောကြားချက်အရ Apple သည် iPad 5 နှင့် iPad mini၂ ဟုခေါ်သည့် ထုတ်ကုန်သစ်များကို ယခုနှစ် စတုတ္ထသုံးလပတ်တွင် ဖြန့်ချိမည်ဖြစ်ပြီး ၎င်းထုတ်ကုန်များတွင် 8-megapixel ကင်မရာများဖြင့် အဆင့်မြှင့်တင်ထားကြောင်း သိရသည်။

အဆိုပါ ကင်မရာများအတွက် sensor များကို Sony ကုမ္ပဏီက ထောက်ပံ့ပေးထားပြီး ၎င်းသည် နာမည်ကျော် iPhone ထက် resolution နိမ့်သည့် tablet ကင်မရာများကို ပထမဦးဆုံးအကြိမ် အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ Apple သတင်းရင်းမြစ်များ၏ အဆိုအရ iPad ထုတ်ကုန်သစ်များအတွက် sensor များကို Sony က ထောက်ပံ့ပေးမည် ဟုသိရပြီး Apple အနေဖြင့် မျိုးဆက်သစ် iPad များတွင် iPhone 5S တွင်အသုံးပြုထားသည့် အရွယ်အစားကြီးမားသည့် 1.5-micron pixel ကို အသုံးပြုဖွယ်ရှိကြောင်း သိရသည်။

-နောင်နောင်
Ref: AppleInsider
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...