နိုင်ငံပေါင်း ၂၁၀ တွင် သုံးစွဲနိုင်သည့် ကြိုတင် ငွေဖြည့်သွင်းကတ် EASI Travel Master Card ကို သမ၀ါယမဘဏ် မှ ပထမဆုံး ထုတ်ဝေ

ရန်ကုန် ၊ ၉-၁၀-၂၀၁၃


Master Card နှင့် CB Bank တို့၏ မြန်မာနိုင်ငံ တွင် ပထမဦးဆုံး ငွေပေးချေ ရာ၌ ဝန်ဆောင်မှု အသစ် ဖြစ်သည့် ကြိုတင် ငွေဖြည့်သွင်း ရသည့်ကတ် CB Bank EASI Travel Master Card အား ပထမဆုံး ထုတ်ဝေသည့် စာနယ်ဇင်း ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လသာမြို့နယ် ၊ ကမ်းနားလမ်း နှင့် ၂၃ လမ်းထောင့် ရှိ သမဝါယမ ဘဏ်လီမိတက် ရုံးချုပ် ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲတွင် CB Bank ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ နှင့် CEO ဦးကျော်လင်း က " CB Bank ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အီလက်ထရွန်နစ် ငွေပေးချေမှုများ ( Electronic Payments ) ကို စတင်ခဲ့တာ ဖြစ်ပါတယ် ၊ မြန်မာနိုင်ငံ သားများ နိုင်ငံခြားကို ခရီးသွားတဲ့ အခါမှာ လုံခြုံ စိတ်ချရပြီး ငွေအများကြီး သယ်သွားစရာ မလိုဘဲ သက်တောင့် သက်သာ သွားနိုင်ရန် စီမံ ပေးနိုင်တဲ့ အပြင် ကမ္ဘာ့ နိုင်ငံပေါင်း ၂၁၀ ကျော်တွင် ATM ငွေထုတ်စက် များမှ ငွေသား ထုတ်ယူ နိုင်ခြင်း ၊ စားသောက်ဆိုင် များ ၊ ဟိုတယ်များ ၊ ဈေးဝယ် စင်တာများ ၊ ဆေးရုံများတွင် အသုံးပြု နိုင်ပါတယ် ၊ online ငွေပေးချေမှု ပြုလုပ်ရန် အတွက်လည်း EASI Travel Master Card ကို အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ... " ဟု ပြောကြား သည်။

အဆိုပါ ကတ်အား အသုံးပြုကာ ငွေထုတ်ယူခြင်း ၊ ပစ္စည်းများ ၀ယ်ယူခြင်း ၊ Internet Website များအား အသုံးပြု၍ ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများ ၀ယ်ယူနိုင်မည် ဖြစ်သည်။

၎င်းကတ်အား သုံးစွဲရန် အတွက် ကြိုတင် ထည့်သွင်း ထားရမည့် အများဆုံး ငွေပမာဏမှာ ဗဟိုဘဏ်မှ ခွင့်ပြု ထားသည့် အမေရိကန် ဒေါ်လာ ငါးထောင် ဖြစ်ပြီး အနည်းဆုံး ငွေလက်ကျန် ပမာဏမှာ အမေရိကန် ဒေါ်လာ နှစ်ဆယ် ဖြစ်သည်။ ကတ်သုံးစွဲ သူသည် CB Bank မှ တရားဝင် သုံးစွဲ ခွင့်ပြုထားသော မည်သည့် နိုင်ငံသူ နိုင်ငံသား မဆို အသက် ၂၁ နှစ်နှင့် အထက် မှတ်ပုံတင် ကိုင်ဆောင်သူ (သို့မဟုတ်) နိုင်ငံကူး လက်မှတ် ကိုင်ဆောင် သူများ လျှောက်ထား နိုင်သည်။ နိုင်ငံခြားသား ဖြစ်ပါက အနည်းဆုံး Passport သက်တမ်း ခြောက်လ ရှိရမည် ဖြစ်ကြောင်း သိရသည်။

ကတ်သုံးစွဲ သူသည် ငွေပေးချေမှုအား အမေရိကန် ဒေါ်လာ မဟုတ်ဘဲ အခြားသော နိုင်ငံ၏ ငွေကြေးဖြင့် ပေးချေ လိုပါက Master Card / Visa / CUP မှ သက်ဆိုင်ရာ၏ ငွေကြေးအား ပေါက်ဈေး အတိုင်း လဲလှယ်၍ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ ကတ်လျှောက် ထားရာတွင် လျှောက်လွှာကြေး အဖြစ် ရှစ်ထောင်ကျပ် ၊ လစဉ်ကြေး အဖြစ် အမေရိကန် နှစ်ဒေါ်လာ ၊ ပြည်ပ ATM တွင် ငွေသားထုတ်ယူခ အမေရိကန် ဒေါ်လာ သုံးဒေါ်လာ ၊ လက်ကျန်ငွေ ကြည့်ရှုခနှုန်း တစ်ထောင်ကျပ် ၊ ငွေ ထပ်မံ ဖြည့်တင်းခ အတွက် တစ်ထောင်ကျပ် ၊ ကတ်ပြန်လည် သုံးစွဲရန် လျှောက်ထားခ တစ်ထောင်ကျပ် ၊ အစားထိုး ကတ်အသစ် ထပ်မံ ထုတ်ပေးခ တစ်သောင်းကျပ် တို့ဖြစ်ကြောင်း ၄င်း စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရှိရသည်။

The MYAWADY Daily

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...