Electra Complex...


အရက်သမား ဖခင်ရဲ့ သမီးဟာ အရက်သမားနဲ့ ယူဖြစ်တာ သူနေထိုင်တဲ့ ပတ်ဝန်းကျင် ကြောင့်လား၊ Electra complex ကြောင့်လား ဆိုတာ စိတ်ပညာရှင် တွေမှသာ သိနိုင်မယ့် အရာပါ။

အလက်ထရာ (Electra) ဆိုတာ ဂရိ နတ်ဘုရားပါ။ အမေကို သတ်ခဲ့သူ ဇာတ်လိုက် မိန်းကလေး တစ်ယောက်ပါ။ အမေ ကလည်း ကောင်းတာ တော့မဟုတ်၊ ပထွေးနဲ့ ပေါင်းပြီး သူမ ဖခင်ကို သတ်ခဲ့သူ ဆိုတော့ သူမကတော့ မောင်လေးနဲ့အတူ အဖေ့အတွက် လက်စားချေ ပေးခဲ့ပါတယ်။ အဲဒါကို မှီးပြီး စိတ်ပညာမှာ ဖခင်အပေါ် ခင်တွယ်တဲ့ စိတ်ကို Electra complex လို့ဆိုကြ ပါတယ်။ အထူးသဖြင့် ကတော့ မိခင်နဲ့ အပြိုင် ဖခင်ရဲ့ အချစ်ကို ရချင်တဲ့စိတ် ဖြစ်ပါတယ်။ မိန်းကလေး တွေဟာ မိခင်ကို ချစ်တာက တစ်ဖက်၊ ပြိုင်ဘက် အဖြစ် သဘောထား တာက တစ်ဖက်၊ လွန်ဆွဲတဲ့အချိန် တစ်ချိန် ရှိခဲ့ဖူး တယ်ဆိုတဲ့ Sigmund Freud ရဲ့အယူအဆပါ။ ကလေး အသက် ၃-၆ နှစ် အတွင်းမှာ မိမိကိုယ်ခန္ဓာ အပေါ် သတိထားမိ လာပါတယ်။ ဘာလို့ အမေနဲ့ အဖေဟာ မတူရ သလဲ။ ဘာလို့ ငါက ဟိုဘက် အိမ်က ကောင်လေးနဲ့ မတူရ သလဲဆိုပြီး စူးစမ်း လာပါတယ်။ ဒါကို Sigmund Freud က phallic stage ဆိုပြီး အမည်ပေး ပါတယ်။



Freud ကမိန်းကလေးငယ် တစ်ဦးရဲ့ psychosexual ဖွံဖြိုးမှု ဖြစ်စဉ်မှာ မိန်းကလေးဟာ ပထမပိုင်းမှာ အမေကို ပိုတွယ်တာတယ်။ နောက်ပိုင်း ကလေးဟာ မသိစိတ် ကနေ သူဟာ အဖေနဲ့ ကွာခြားမှန်း သိလာတဲ့ အခါ အဖေကို ပိုတွယ်တာ လာပြီး အမေ ကိုတော့ သူမရဲ့ အဖေဆီက အချစ်ကို လုယူမယ့် သူအဖြစ် မြင်လာတယ် လို့ဆိုပါတယ်။ နောက်ပိုင်း မှာတော့ အသက် နဲ့အတူ psychological experience ဖွံဖြိုးလာပြီး mature sexual role နဲ့ identity ကိုတည်ဆောက် နိုင်သွား ပါတယ်လို့ Freud ကရှင်းလင်း ပါတယ်။ တကယ်လို့များ ဒီလို resolved လုပ်တာ မအောင်မြင် ခဲ့ရင်တော့ ကလေး ကြီးလာတဲ့ အခါ neurosis နဲ့ homosexuality ကိုဦးတည်စေ ပါတယ်။ အဲဒီစိတ်ဟာ မိန်းကလေး တိုင်းမှာရှိ ပြီး သမီးတွေဟာ အဖေကို ပိုချစ်တယ် ဆိုတာ အံ့သြစရာ မဟုတ်တာ အမှန်ပါပဲ။ အလက်ထရာ အကြောင်း ပြောကြတာ တွေက အများကြီး ပါပဲ။ အဲဒီထဲ မှာမှ မိန်းကလေး ငယ်ငယ်လေး တွေဟာ အသက်ကြီးတဲ့ အမျိုးသား တွေကို ကြိုက်ရတဲ့ အကြောင်းအရင်း တစ်ခုဟာ Electra complex လွမ်းမိုးမှု ဖြစ်စဉ် တစ်ခုလို့လဲ ဆိုကြ ပါတယ်။



ဒါပေမဲ့ လူတွေက ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခြင်း မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သဘာဝ ဖြစ်စဉ် အနေနဲ့ အသက် ကြီးတဲ့ ယောကျာ်းနဲ့ အသက်ငယ်တဲ့ မိန်းမ ယူတာဟာ ထုံးစံ မို့ပါဘဲ။ နောက်တစ်ချက် ကတော့ မိန်းကလေး တွေဟာ ဘ၀ကြင်ဖော် ရွေးချယ်ရာမှာ သူတို့ဖခင်နဲ့ ဆင်တူတဲ့၊ အသွင်တူတဲ့ ယောကျာ်းမျိုး ကိုသာ ရွေးချယ် ကြပါတယ်။ တချို့ အမျိုးသမီး ငယ်တွေ မှာတော့ဒီ Electra complexကိုပြင်းပြင်း ထန်ထန် တွေ့ရပြီး ဖခင်ကို ဆန့်ကျင်ဘက် လိင်အဖြစ်၊ နှစ်သက်မှု အဖြစ် အသွင်ပြောင်း သွားတတ်ပါ သေးတယ်။ ဒါပေမယ့် ဖခင်ချစ်တဲ့ သမီး တိုင်းတော့ အဲလို ဖြစ်မလာ နိုင်တာ အမှန်ပါပဲ။ အမေရိကန် ကဗျာဆရာ Sylvia Plath (1932–1963) ဟာ Daddy ဆိုတဲ့ကဗျာ တစ်ပုဒ်မှာ သေသွားတဲ့ ဖခင်နဲ့ ဥပက္ခာ ပြုတတ်တဲ့ ခင်ပွန်းအကြား အထီးကျန် စွန့်ပစ်မှုကို ခံစား နေရတဲ့ မိန်းကလေး တစ်ယောက် အကြောင်းကို စပ်ဆို ခဲ့ပါတယ်။ နောက်ပိုင်း သူမရဲ့ အထ္တုပ္ပတ္တိကို လေ့လာ သူများက သူမဟာ ဖခင် မသေခင် ရှစ်နှစ် အလိုကမှ ဖခင်ကို စသိခဲ့ပြီး သူမရဲ့ ခင်ပွန်း ကိုလည်း သူမဘာသာ သူမ သတ်မသေခင် ရှစ်နှစ် အလိုမှာ သိခဲ့တာကို ဖော်ထုတ် တွေ့ရှိခဲ့ ပါတယ်။ သူမဟာ ခင်ပွန်းကို အဖေ နေရာမှာ အစားထိုးပြီး သေသွားပြီး တာတောင် သူမကို ခြောက်လှန့် နေတဲ့ "vampire father"လို့ခေါ်ခဲ့ ပါတယ်။ ဒါဟာ unresolved Electra complex ရဲ့ထင်ရှားတဲ့ ဥပမာ တစ်ခု ဖြစ်ပါတယ်။


Images from loc, chakras, 3.bp. Source: psychology.about.com, en.wikipedia.org
Myanmar Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...