Epson ပရင်တာရဲ့ အားနည်းချက်၊ အားသာချက်

Epson ပရင်တာတွေမှာ ဆေးဗူး/မှင်ဗူးတွေက ခါတိုင်း အထဲမှာပါ။ မှင် စစ်ဆေးချင်ရင်၊ အသစ်ထည့် ချင်ရင် အဖုံးလှန်ပြီး ထည့်ရတာပါ။ အခုတော့ မှင်ဗူးတွေကို အပြင်ထုတ်ထားတာ တွေ့ရပါတယ်။
မှင်ဗူးက C, M, Bk, Y ဆိုပြီး လေးခု ရှိပါတယ်။ ခါတိုင်းဆို မှင်ကုန်လို့ အသစ်လဲရင် တဗူး ကျပ် ၄,၀၀၀ ဝန်းကျင် ကုန်ကျခဲ့ပါတယ်။ အခုပြောနေတဲ့ Epson L 110 မှာတော့ လေးဗူးစလုံး အသစ်ဝယ်ထည့်ရင် ၆,၅၀၀ ပဲ ကုန်ပါလိမ့်မယ်။
၁ မိနစ် စာရွက်ထွက်နှုန်းကတော့ အရောင်နဲ့ဆိုရင် ၁၅ ရွက်၊ အဖြူအမည်း ဆိုရင် ၂၇ ရွက် ထွက်တယ်လို့ ဆိုပါတယ်။

အားနည်းချက်ကတော့ အတ်ပေပါနဲ့ဆိုရင် မှင်က မခြောက်တော့ဘူး။ ခြောက်ဖို့ အတော်ကြာတယ်။
မူရင်းမှင် သုံးရင်တောင် လွယ်လွယ်နဲ့ မခြောက်ဘူး။
ပရင်တာ အသစ်ဝယ်ရင် တွဲပါလာတတ်တဲ့ မူရင်းမှင်ဆိုတာ အရည်အသွေး အတော် ကောင်းပါတယ်။
နောက်ပိုင်း ၀ယ်ထည့်တဲ့မှင်ဗူးတွေက အရည်အသွေး အားနည်းတတ်ပါတယ်။
မင်အသစ်ထည့်ပြီးရင် စာရွက် အရေအတွက် ဘယ်လောက် ထုတ်နိုင်ပါသလဲ။ အရောင်နဲ့ ဆိုရင် ရွက်ရေ ၆၅ဝဝ ထုတ်နိုင်မယ်၊ အဖြူအမည်းဆို ရွက်ရေ ၄ဝဝဝ ထုတ်နိုင်ပါမယ် တဲ့။
ရုပ်ထွက်အရည်အသွေးက အဆင်ပြေပါတယ်။ ဒီပရင်တာ ရောင်းဈေးက ၁၂၅,ဝဝဝ လို့ ဆိုတယ်။
ဒီလိုစက်တွေကို ဓာတ်ပုံကူးဆိုင်လေးတွေမှာ သုံးပါတယ်။ အဖြူအမည်းမဟုတ်ဘဲ ရောင်စုံ ထုတ်လို သူတွေအတွက်လည်း မိတ္တူကူးဆိုင်တချို့က တန်ဖိုးနည်းတဲ့ ဒီစက်ကို ၀ယ်ထားတတ်ပါတယ်။
ကြံခင်းကျော်အောင်
Irrawaddy Blog