Health Q and A ကျန်းမာရေး အမေး-အဖြေများ ၁၅-၁ဝ-၂ဝ၁၃ (၁)



အမေး (၁) ကိုယ်ဝန်ကတော့ ငါးပတ်ကျော်ကျော်လောက်ရှိပါပြီ၊ ဒါပေမဲ့ ဆီးစစ်တာ နှစ်ကြောင်း ထင်ရှားစွာ မပေါ်လို့ပါ။ ဘယ်နှစ်လလောက်မှ မျဉ်းနှစ်ကြောင်း ထင်ရှားစွာ ပေါ်ပါလဲရှင်။ ပြီးတော့ Susten 100 ဆေးအကြောင်း ရှင်းပြပါနော်။

ဆီးစစ်လို့ တကြောင်းက သိပ်မထင်ရှားလဲ ကိုယ်ဝန်ရှိတယ်လို့ ယူတယ်။ ဟော်မုန်း များလာချိန်မှာ ထင်ရှားလာမယ်။ နောက်ထပ် ၁-၂ ပါတ်သာစောင့်ရလေ့ရှိတယ်။

Susten ဆေးဟာ progesterone ဟော်မုန်းဖြစ်တယ်။ ဒီဓါတ်နည်းနေရင် ကိုယ်ဝန်ပျက်တတ်တယ်။ တိတိကျကျပြောရရင် progesterone (luteal phase) deficiency အဆင့်မှာ ဒီဟော်မုန်းနည်းလို့ ကိုယ်ဝန်မရြသေးတာအတွက်သုံးတယ်။ တနေ့မှာ ၁ဝဝ ကနေ ၃ဝဝ မီလီဂရမ် အထိပေးတတ်တယ်။ ၁၄ ရက်နေရင် ကိုယ်ဝန်အတွက် ဆီးစစ်မယ်။ ကိုယ်ဝန်မရသေးရင် ဆေးနည်းပြောင်းမယ်။

အမေး (၂) သားသားက အခု ၁ဝလခွဲ ရောက်ပါပြီ။ ၂၁ kg ပါ။ မနေ့ ညက ၅ ခါ အန်ပြီး ၃ ခါ ဝမ်းသွားပါတယ်။ ပုံမှန်သွားတာနဲ့ ပေါင်းရင် ဝမ်း ၄ ခါမှာ ၃ ခါက အရည်တွေပါ။ အရင်ကထက်စာရင် ၁ဝ လ နောက်ပိုင်း အရပ် ရှည်လာပြီး ကိုယ်ရည် စစ်သွားလို့ ပါ။ အစာနည်းနည်းစားပါတယ်။ အားဆေးကတော့ Appeton Infants Syrupတိုက် ပါတယ်။ အခု ဝမ်းသွားပြီး အန်တာနဲ့ပတ်သက်ပြီးလည်း သိချင်ပါတယ်။ ကလေးက အသားတွေ အရမ်းပျော့ကျသွားလို့ပါ။ တစ်ညလုံးလည်း နို့ မလွှတ်ပါဘူး။ စို့ သမျှလည်း ပြန်ပြန် အန်ပါတယ်။ ကလေး ကိုယ်ခံအား လျော့မှာ အရမ်း စိတ်ပူလို့ ပါ။ ဆေးခန်းလည်း သွားမှာပေမယ့် ဆရာ့အကြံပေးချက်တွေလည်း သိချင်လို့ပါ။

ဝမ်းပျက်ရင်၊ အန်ရင် ဓါတ်ဆားရည်တိုက်ရမယ်။ ထွက်တာများရင် များသလောက်၊ မြန်ရင် မြန်သလောက်တိုက်ရမယ်။ အန်နေလို့တိုက်မရရင် ခက်တယ်။ လိုအပ်ရင် သွေးကြောထဲကနေသွင်းရမယ်။ အအန်ရပ်ဆေးတွေ ရှိပါတယ်။ ကလေးဆိုတော့ ဆေးရွေးရတယ်။ ကလေးတွေအတွက် အအန်သက်သာဆေးများ
• Bsmuth subsalicylate (Pepto Bismol or Kaopectate)
• Antihistamines = Diphenhydramine (Benadryl)
• coca-cola syrup and ginger syrup
• Compazine, Phenergan, Zofran, Antivert and Reglan

အမေး (၃) အသက် ၃၆ နှစ်၊့ မှာနေပါတယ်။ အိမ်ထောင်ရှိပါတယ်၊ ကလေးမရှိသေးပါ။ အခုတလော ကျမ ကန်တော့နော်ဆရာ စအိုအရမ်းယားပါတယ်။ ဒါနဲ့ ပင်နဆီလင် ၅ သိန်းအား သောက်ဆေး တရက်သုံးကြိမ် သောက်ပါတယ်။ ဒါလဲ မသက်သာဘူး။ အဲဒါ ကျမဘာဆေးသောက်ရမလဲညွန်ကြားပေးပါဆရာ။ ဝမ်းလဲချုပ်ပါတယ်။ တခါတလေ စအိုကနေ သွေးထွက်ပါတယ်။ အများကြီးပဲ၊ နာလဲမနာဘူး။ ကျမအရမ်းကြောက်နေတယ်ဆရာ။ အခုတော့ သွေးတော့ မထွက်ဘူး။ မခံမရပ်နိုင်အောင်ယားနေပါတယ်။ ပြီးတော့ စအိုမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဖုလေး ထွက်လာပါတယ်။ ပြန်လဲမပိန်သွားဘူး။ ဆေးခန်းလဲမပြဖြစ်ဘူး။ ရှက်လို့  အခုအဲဒီအဖုမှာလဲယားတယ်ဆရာ။

Pinworms (Enterobius vermicularis): စအိုယားစေသည့် ပင်အပ်ပုံ သန်ကောင်၊ အသက် ၂ နှစ်အထက် Albendazole 400 mg ညတကြိမ်၊ ၂ နှစ်အောက် 200 mg ညအိပ်ရာဝင် ၁ ကြိမ်။ ၂ ပါတ်နေရင် နောက်တခါထပ်သောက်။ စုစုပေါင်း ၃ ခါသောက်ပါ။
လိပ်ခေါင်းရှိ-မရှိတော့ ဆရာဝန်ပြပါ။

မေးခွန်း (၄) အသက် ၃၄ နှစ်ပါ။ သားဦးကိုယ်ဝန်ဆောင်ထားတာပါ။ ဒီနေ့ ကိုယ်ဝန် date ပြည့်တဲ့နေ့ပါ။ ဒါပေမယ့် အခုအချိန်အထိ ဗိုက်မနာသေးတဲ့အတွက် ဒေါက်တာက ဒီနေ့ပြန်ချိန်းထား ပါတယ်ဆရာ။ အပ်ထားတဲ့ ဒေါက်တာက သားအိမ် ပွင့်မပွင့် ကြည့်မယ်၊ ပွင့်ရင် ဆေးထိုးမွေးမယ်လို့ ပြောပါတယ်ဆရာ။ အမတယောက်က အဲလိုဆေးထိုးမွေးရင် ကလေးရဲ့ ဥာဏ်ရည် ကိုထိခိုက်စေတယ် လို့ ပြောပါတယ်။ ဟုတ်ပါသလား ဆရာ။ သမီးအသက်အရွယ်နဲ့ရော ရိုးရိုးမွေးဖွားဖို့ အဆင်ပြေနိုင်ပါသလား။ ကျေးဇူးပြု ပြီး အမြန်ဆုံးဖြေကြား ပေးပါဆရာ။ ညနေ ဆေးခန်းသွားပြရမှာ မို့လို့ပါဆရာ။

ခန့်မှန်းမွေးမဲ့ရက်ထက် ၂ ပါတ်အထိ နောက်ကျတာ ပုံမှန်ပါ။
ကလေးကောင်းနေသမျှ စောင့်နိုင်ပါတယ်။ ကောင်းတယ်ဆိုတာ လှုပ်မယ်။ နှလုံးခုန်နှုန်းမှန်မယ်ဆိုတာကိုပြောတာဖြစ်တယ်။ ရေမြွာမပေါက်ရင် စောင့်နိုင်တယ်။
သားအိမ်ပွင့်ဆေးကို ထိုးမှာ မဟုတ်ဘူးထင်တယ်။ သွေးကြောထဲသွင်တာနဲ့ သားအိမ်ဝမှ ဆေးပြားထည့်တာ တခုခုဖြစ်ဖြစ်၊ ၂ ခုလုံးဖြစ်ဖြစ်လုပ်ပါတယ်။
OG ကနေလုပ်တာအတွက် ဘာမှ မစိုးရိမ်ရပါ။
ကလေးဟာ ၉ လကျော်တာနဲ့ ဦးနှောက်က အပြည့်ဖွံ့ဖြိုးပြီးပါပြီ။ မွေးဖွါးချိန်မှာ အချိန်ကြာ-မကြာကတော့ သက်ရောက်မှုရှိမယ်။ ဒါက ဥာဏ်ရည်နဲ့တော့ မဆိုင်ပါ။
ရိုးရိုးမွေဘို့ဆိုတာ အသက်နဲ့မဆိုင်လှပါ။ အရိုးကွင်းကျဉ်းတာ၊ အချင်းနေရာအောက်ကျတာနဲ့ ကလေး အနေအထားမမှန်တာတွေကြောင့်သာ ခွဲမွေးပါမယ်။ သားဦးမှာ သားအိမ်ညှစ်အားလဲ နည်းစရာအကြောင်းမရှိပါ။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...