Health Q and A ကျန်းမာရေး အမေး-အဖြေများ ၁၅-၁ဝ-၂ဝ၁၃ (၂)


အမေး (၅) ဆရာရှင့် Red man syndrome ဆိုတာ ဘာရောဂါလဲသိချင်ပါတယ်ရှင့်။

Red Man Syndrome ဆိုတာ ဆေးတခုခုနဲ့မသင့်ရာကနေ မျက်နှာနီမြန်းလာတာကိုခေါ်တယ်။ အများဆုံး ဖြစ်စေတတ်တာက Vancomycin ဆေးဖြစ်တယ်။ Vancomycin ဆိုတာ Gram-positive bacteria အမျိုးအစား ဗက်တီးရီးယားတွေကိုနိုင်တဲ့ Glycopeptide antibiotic အမျိုးအစား ပဋိဇီဝဆေးဖြစ်တယ်။ ထိုးဆေးပေးအပြီး ၅-၁ဝ မိနစ် ကြာရင် မျက်နှာ၊ လည်ပင်းနဲ့ ကိုယ်ပေါ်မှာ အနီရောင်အဖုအပိန့်တွေပေါ်လာမယ်။ တခြားဆေးမတည့် (အလာဂျီ) လို့ ဖြစ်တာမျိုးနဲ့ ဆင်ပေမဲ့ မတူပါ။ ဒါကြောင့် Vancomycin ဆေးကို တနာရီကြာ ဖြေးဖြေးချင်းသွင်းရတယ်။ ဖြစ်လာရင် လူနာကို Antihistamine ဆေး Diphenhydramine နဲ့ကုသပေးရတယ်။ Topical steroids ဆေးလိမ်းပေးနိုင်တယ်။ Erythroderma လို့လဲခေါ်တယ်။ Red neck syndrome လို့လဲခေါ်ကြတယ်။

အမေး (၆) အထိုင်များရင် ဗိုက်ခေါက်ထူတတ်ပါသလား။ ဗိုက်မှာအဆီတွေ စုမသွားအောင် ဘယ်လိုနေထိုင်ရမလဲရှင့်။

ထိုင်တာတခုထဲနဲ့တော့ အဲလိုမဖြစ်ပါ။ အဆီများသူတွေက အဆီစားတာလျှော့ရတယ်။ အဆီမှာလဲ အသားကနေ ရတဲ့အဆီက ဆိုးတယ်။ အဆီစားရင် ပိုနေတာကိုစုဆောင်းထားတာမို့ တနေ့စားတာကိုတနေ့ ကုန်အောင်သုံးဘို့လိုတယ်။ အမေး (၇) ရာသီလာစဉ် ခေါင်းလျှော်လို့ရပါသလား။ ရာသီလာတာပြီးသွားပေမယ့် နောက်တစ်ရက်မှာ တစ်ကြိမ်လောက် နည်းနည်းလေးထပ်လာတတ်ပါတယ်။ မိန်းကလေးတော်တော်များများဖြစ်တယ်ပြောပါတယ်။ လူကြီးတွေကတော့ အဲဒါကို ကန်တော့တာလို့ ပြောပါတယ်။ ဘာလို့ ပြီးသွားမှ အဲလိုနည်းနည်းလေးထပ်လာတာလဲ သိချင်ပါတယ်ရှင့်။ အင်္ဂလိပ်ဆေးအချင်းချင်း မတည့်တာရှိပါသလား။

ရာသီလာတုံး ခေါင်းမလျှော်ရလို့ ပြောကြတာ မြန်မာတနိုင်ငံသာရှိပါတယ်။ တခြားနိုင်ငံတွေမှာလဲ တမျိုးမျိုးနဲ့ အရပ်သုံး တားမြစ်တာတွေရှိပါတယ်။ ဒါပေမဲ့ ဆေးပညာမှာတော့ ဘယ်နိုင်ငံမှာမဆို ရာသီလာရင် ခေါင်းမလျှော်နဲ့လို့ တားတာ မရှိပါ။

ဆရာဝန်သုံးဆေးတွေ အချင်ချင်း တွဲမသုံးသင့်တွေ ရှိပါတယ်။ တွဲသုံးရင် ဆေးကအစွမ်းကို နည်းစေ-များစေတာတွေ ဖြစ်နိုင်တယ်။ စုပ်ယူစွမ်းကိုထိခိုက်တယ်။ ဆရာတို့သုံးတာနဲ့ တိုင်းရင်းဆေးတွေ မတွဲသင့်တာလဲရှိပါတယ်။

အမေး (၈) အခုတလော အောက်မျက်ခမ်းသားတွေ ခဏခဏ ဆက်တိုက်လှုပ်နေတတ်ပါတယ် ဆရာ။ အဲဒါ သွေးသားကြောင့် ဟုတ်ပါသလားရှင့်။ ဒီနေ့ဆိုရင် တစ်နေကုန်လုံးနီးပါး လှုပ်နေပါတယ်။ မြန်မာလိုအယူအဆမှာလဲ မျက်ခမ်း လှုပ်တာနဲ့ပတ်သက်ပြီး အယူအဆတွေရှိတော့ ကြောက်လို့ပါ။ ဆံပင်ကို ဖြောင့်စက်နဲ့ မကြာခဏဆွဲရင် ဆံပင်သားကိုပဲ ထိခိုက်နိုင်တာလား။ ဦးခေါင်းနဲ့ အာရုံကြောကိုကော ထိခိုက်နိုင်လားရှင့်။

အောက်မျက်ခမ်းသားတွေ ခဏခဏဆက်တိုက်လှုပ်တာတခုတည်းက ကြွက်သား၊ အာရုံကြောရောဂါ မဟုတ်လောက်ပါ။
ဆံပင်အတွက် စက်သုံးတာ ဦးနှောက်ကိုတော့ မထိခိုက်ပါ။ ဆံပင်ကိုသာ သက်ရောက်တယ်။ (အရင် အဖြေမှာ ဆရာမေးတာကို မဖြေဘဲ နောက်မေးခွန်းသာမေးခြင်းဟာ ကိုယ်မေးတဲ့မေးခွန်းကို အလေးမထားရာကျပါတယ်။)

အမေး (၉) ကျွန်တော့်မှာ ဖြစ်နေတဲ့ ညှင်းအကြောင်းကို ဆရာ့ဆီမှာ မေးချင်လို့ပါ။ ကျွန်တော်က ချွေးထွက်သန်တဲ့လူ တစ်ယောက်ပါ။ အလုပ်သွား အလုပ်ပြန် Bus စီးရင် တစ်ကိုယ်လုံးချွေးစိုနေတက်ပါတယ်။ ညှင်းဆိုတာက ချွေးကြောင့်လဲ ဖြစ်တက်တယ်လို့ ကျွန်တော်ကြားဖူးထားပါတယ်။ ကျွန်တော့်ရဲ့ ရင်ဘက် နဲ့ ကျောဘက်တွေမှာ မြင်မကောင်းအောင်ပဲ ညှင်းကွက်တွေဖြစ်နေပါတယ်ဆရာ။ အဲ့ဒါကို ကျွန်တော်ဘယ်လိုနည်းနဲ့ ပျောက်ကင်းအောင် ကုသရမလဲဆိုတာရယ် ဘယ်လို ဆေးဝါးတွေသုံးရမယ်ဆိုတာရယ်နဲ့ ဘယ်လိုနည်းတွေနဲ့ ဆင်ခြင်ပြီး နေထိုင်ရမယ်ဆိုတာရယ်ကို ကျေးဇူးပြုပြီး ဖြေကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။

Tinea Versicolor ညှင်း ကိုပို့လိုက်ပါတယ်။

အမေး (၁ဝ) ဆရာခင်ဗျာ ကျွန်တော့်မှာ ဂေါက်ရောဂါ ဖြစ်နေပါတယ်။ တစ်လ တစ်ခါလောက်ကိုဖြစ်နေတာပါ။ ဖြစ်ခါစတွင် လမ်းတောင်မလျှောက်နိုင်ပါ။ ခြေထောက်ပဲဖြစ်တာပါ။ ဆေးသောက်ရင် သက်သာပြီး အမြစ်မပြတ်ပါ။ ထပ်ဖြစ်တာပါ။ အခုလက်ရှိက နေတဲ့နေရာနနဲ့ဝေးနေလို့ပါ။ ဖုန်းနဲ့ သုံးတာမို့လို့ သိမ်းမရလို့ပါ။ ပြန်လည်ရှင်းပြစေလိုပါသည်။

Gout (1) ဂေါက်-ရောဂါ (၁) နဲ့ Gout (2) ဂေါက်-ရောဂါ (၂) တွေကိုပို့လိုက်ပါတယ်။

အမေး (၁၁) အူအနားက တက်စေ့ဆိုတာ ဘာလည်းဆရာ

တက်စေ့ဆိုတာ Lymph node လင့်ဖ်-နုတ်ကိုခေါ်တာ။ သွေးပြန်ရည်စနစ်မှာ အကျိတ်လေးတွေတခုနဲ့တခုကို ပြွန်လေးတွေနဲ့ ဆက်နေတယ်။ တကုယ်လုံးလိုလိုမှာရှိတယ်။ နောက်ဆုံး သွေးပြန်ကြောစနစ်ထဲကိုစီးဝင်တယ်။ အနာဖြစ်ရင်-ပိုးဝင်ရင် ဆိုင်ရာနေရာက တက်စေ့တွေ ကြီး-ရောင်လာတယ်။ ဥပမာ ခြေထောက်ဖြစ်ရင် ပေါင်ခြံ၊ လက်ဖြစ်ရင် ချိုင်။ ကင်ဆာအများစုက ဒီစနစ်ကနေပြန့်တယ်။ ဒါကြောင့် ရင်သာကင်ဆာဖြစ်ရင် ချိုင်းထဲက တက်စေ့မှန်သမျှကို ကုန်စင်အောင်ထုတ်ပြစ်ရတယ်။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...