iPhone 5S...

ဒီဖုန်းမှာ ထည့်သွင်း အသုံးပြုထားတဲ့ CPU ကတော့ Dual-core 1.3 GHz Cyclone (ARM v8-based) CPU ကိုအသုံးပြု ထားတဲ့အတွက် iPhone 5 မှာထည့်သွင်း အသုံးပြုထားတဲ့ ARM v7-based ထက်ပိုပြီး မြင့်မားတာတွေ့ရမှာပါ။ ဂရပ်ဖစ် စနစ်ပိုင်း အတွက်ကလည်း PowerVR G6430 (quad-core graphics) GPU ကိုအသုံးပြုထား တာ တွေ့ရတဲ့အတွက် GPU စနစ်မှာလည်း iPhone 5 နဲ့မတူဘဲ ပြောင်းလဲ ထားတာ တွေ့ရမှာပါ။

Active noise cancellation with dedicated mic, AirDrop file sharing, Siri natural language commands and dictation, iCloud cloud service, Twitter and Facebook integration, TV-out, Maps, iBooks PDF reader, Audio/video player/editor, Organizer, Document viewer/editor ((Word, Excel, Power Point), Image viewer/editor, Voice memo/dial/command အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Function တွေထဲမှာလည်း ထပ်တိုးစနစ်တွေ ပါဝင်ပါတယ်။

Screen ကတော့ 4.0 လက်မပဲဖြစ်ပြီး Screen အမျိုးအစားကတော့ LED-backlit IPS LCD Screen အမျိုးအစားပါ။

ဖုန်းအရွယ်အစားမှာတော့ အမြင့်က 123.8mm ရှိပြီး ဘေးတိုက်အကျယ်ကတော့ 58.6mm ရှိပါတယ်။ ဖုန်းရဲ့ထုကတော့ 7.6mm ဖြစ်ပါတယ်။ အရွယ်အစားနဲ့ ထုကတော့ iPhone5 နဲ့တူတူပါပဲ။

ကင်မရာစနစ်ပိုင်းမှာတော့ ထူးထူးခြားခြား မြှင့်တင်ထားတာမျိုး သိပ်လုပ်ထားတာ မတွေ့ရပါဘူး။ 8Mega- pixel ကင်မရာကိုပဲ တပ်ဆင်ထားတာတွေ့ရပြီး Camera Sensor Size ပဲအနည်းငယ် ကွာသွားတာ တွေ့ရပါတယ်။ ကင်မရာစနစ်တွေအနေနဲ့ simultaneous HD video and image recording, touch focus, geo-tagging, face detection, HDR panorama, HDR photo, Video, advanced video stabilization စနစ်တွေကိုလည်း အသုံးပြုနိုင်မယ်လို့ တွေ့ရပါတယ်။ 1.2 Megapixel ရှိတဲ့ ရှေ့ကင်မရာစနစ် ပါဝင်ပြီး Face Detection, Face Time Over စနစ်တွေကို အသုံးပြုနိုင်မှာပါ။

Apple ကနေ အသစ်ထပ်မံထွက်ရှိ လာခဲ့တဲ့ဖုန်းဖြစ်ပါတယ်။ iPhone 5 ရဲ့နောက်ပိုင်းမှာ အသစ်ထွက် လာတဲ့ 5S ဖြစ်ပါတယ်။ နည်းပညာအသစ်တွေနဲ့ တိုးမြှင့်ပေါင်းစပ် ဖွဲ့စည်းထားတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ထွက်ခဲ့ဖူးတဲ့ iPhone 5 ကိုအဆင့်မြှင့်တင်ထားတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ထူးခြား ချက်တွေနဲ့ အသစ်အသုံးပြုနိုင်မယ့် စနစ်တွေကိုလည်း တိုးမြှင့်ထားတာ မြင်တွေ့ကြရမှာပါ။ RAM စနစ်တွေ၊ Lock စနစ်တွေနဲ့ Chipset စနစ်ပိုင်းတွေမှာလည်း နည်းပညာအသစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ GSM စနစ်သုံး ဖုန်းဖြစ်ပြီး 2G, 3G ကွန်ရက်စနစ်တွေမှာ အ သုံးပြုနိုင်မှာဖြစ်တဲ့အပြင် 4G LTE စနစ် အတွက် လည်း စနစ်အားလုံးမှာ အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အင်တာနက် အသုံးပြု စနစ်တွေ အနေနဲ့လည်း EDGE, GPRS, HSDPA, HSUPA စနစ်တွေအပြင် ဝါယာလက် အင်တာနက် စနစ်အတွက် WiFi စနစ်တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetooth ကတော့ 4.0 ဖြစ်ပြီး USB ကတော့ 2.0 ပဲဖြစ်ပါတယ်။

Sensor စနစ်ပိုင်းတွေ အတွက်တော့ Accelerometer Sensor, Gyro, Proximity, Compass Sensro စနစ်တွေကိုပဲ အသုံးပြုထားတာ တွေ့ရပေမယ့် Phone ရဲ့ Lock စနစ်အတွက် Fingerprint Sensor (Touch ID) Sensor စနစ်ကို တိုးမြှင့်တပ်ဆင် ပေးထားတာ တွေ့ရပါတယ်။ ဒါကတော့ မိုဘိုင်းဖုန်းတွေ အတွက် နည်းပညာ အသစ်တစ်ခုပါပဲ။ Finger Print စနစ်ပါဝင်တဲ့ ပထမဆုံးဖုန်းပါ။ Chipset ကတော့ Apple A7 ဖြစ်တဲ့အတွက် iPhone 5 ထက်မြင့်မားပါတယ်။ iPhone 5 က A6 Chipset ပါ။

OS ကတော့ iOS 7.0.1 ဖြစ်ပါတယ်။ အသစ်ထွက်ထားတဲ့ OS Version ကို အသုံးပြုထားတာပါ။

မှတ်ဉာဏ်စနစ်တွေ အတွက်တော့ Internal Memory 16/32/64 GB သုံးမျိုးထွက်ရှိမှာဖြစ်ပြီး RAM ကတော့ 1GB RAM DDR3 ပါ။ iPhone 5 မှာအသုံးပြုခဲ့တဲ့ RAM ကတော့ DDR2 ဖြစ်တဲ့အတွက် RAM စနစ်ပိုင်း မှာလည်း မြှင့်တင်ထားတာ တွေ့ရပါတယ်။ မှတ်ဉာဏ်ကတော့ ထပ်မတိုးနိုင်ပါဘူး။

ဖုန်း - ၀၁-၃၇၃၅၃၈
D Mobile
-ကိုသက်
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...