LCCI ဒီပလိုမာ ရရှိထားသူများ University of Gloucestershire, UK \ BA (Hons) in Accounting and Financial Management Studies ရယူနိုင်


photo:google

မြန်မာနိုင်ငံမှ LCCI ဒီပလိုမာ ရရှိထားသူများ University of Gloucestershire, UK ၏ BA (Hons) in Accounting and Financial Management Studies Degree ကို အချိန်တို အတွင်း ရယူနိုင် မည် ဖြစ်ကြောင်း AT & S မှ သိရသည်။

မြန်မာနိုင်ငံမှ LCCI (Level 3 ) ဒီပလိုမာ ပြီးဆုံး အောင်မြင်ထားသူများ အနေဖြင့် TMC ၏ Higher Diploma in Business (Accounting Specialisation) with AdvencedStandy အဆင့်မြင့် ဒီပလိုမာ (စာရင်း ကိုင် အထူးပြု) ကို ဘာသာရပ် ကင်းလွတ်ခွင့်များ ဖြင့် သင်ကြားရေးကာလ ၁၂ လဖြင့် တက်ရောက်ရယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဘာသာရပ်ကြေး အနေဖြင့် စင်ကာပူဒေါ်လာ ၁၂၇၆၅၊ မြန်မာကျပ်ငွေ ၉၅ သိန်း ခန့်သာ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။ ထပ်မံ၍ BA (Hons) Accounting and Financial Management Studies Degree ကို ရယူလို သူ များအနေဖြင့် ၁ နှစ်သာ ဆက်လက်တက်ရောက်ပြီး ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

University of Gloucester shire တွင် စီးပွားရေး ဘာသာရပ် များ၊ စီမံခန့်ခွဲမှု ဘာသာရပ်များ၊ ဥပဒေ ဘာသာရပ်များ၊ အိုင်တီဘာ သာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များ၊ မီဒီယာ ဘာသာရပ်များ၊ ဈေးကွက် ရှာဖွေရေး ဆိုင်ရာ ဘာသာရပ်များ နှင့် ခရီးသွားလာမှု ဆိုင်ရာ ဘာသာ ရပ်များကို သင်ကြား ပို့ချပေးလျက် ရှိကြောင်း သိရသည်။ စင်ကာပူ နိုင်ငံ TMC Academy သည် University of Gloucestershire နှင့် ချိတ်ဆက် ထားသောကြောင့် အင်္ဂလန်နိုင်ငံ University of Gloucestershire မှ ပေးအပ် ချီးမြှင့်မည့် Final Year (Top Up) Honours Degree များကို TMC ၏ Higher Diploma အတန်းမှ တစ်ဆင့် အခက်အခဲမရှိ တက်ရောက် ရယူနိုင်မည်ဟု သိရသည်။ အင်္ဂလန်၏ ပညာရေးစနစ်ကို စိတ်ဝင် စားပြီး မြန်မာနိုင်ငံနှင့် ရာသီဥတု၊ ယဉ်ကျေးမှုအပိုင်းတို့ တွင် များစွာ ကွာခြားမှု မရှိသော စင်ကာပူနိုင်ငံတွင် သွားရောက် ပညာ သင်ကြား ရန် ရည်ရွယ်ထားသော မိဘများနှင့် ကျောင်းသား၊ ကျောင်း သူများ အတွက် ပညာသင်ကြား စရိတ်၊ နေထိုင်စားသောက် စရိတ် သက်သာစွာဖြင့် နိုင်ငံတကာ မှ အသိအမှတ်ပြု ဘွဲ့ဒီဂရီ တစ်ခုရရှိရန် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ကြောင်း သိရသည်။

TMC Academy သည် နိုင်ငံ တကာ အဆင့်မီပညာရေးကို ကမ္ဘာ့ နေရာအနှံသို့ ထောက်ပံ့ပေး သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် CIE (Cambridge International Examination)နှင့် ပူးပေါင်းကာ အဆင့်မြင့် ဒီပလိုမာ Higher Diploma များကို သင်ကြားပေး နေသည့် အတွက် ကျောင်းသားများ အနေဖြင့် ဘွဲ့ဒီဂရီ အတန်း မတက်ရောက်မီ TMC နှင့် CIE တို့ ပူးပေါင်းပေးအပ်သည့် အဆင့်မြင့် ဒီပလိုမာ လက်မှတ်ကို လည်း ရရှိ နိုင်မည်ဖြစ် သည်။အဆိုပါစာရင်းကိုင် အထူးပြု ဘာသာရပ်များ အကြောင်းနှင့် LCCI ဒီပလိုမာ အောင်မြင် ထားသူများ အတွက် ဘာသာရပ်ကင်းလွတ်ခွင့်များ အကြောင်းကို အသေးစိတ် သိရှိလိုပါက AT & S လသာရုံးခွဲမှ ကျင်းပပြုလုပ်မည့် အောက်တိုဘာ ၁၀ ရက် TMC Counselling Day နှင့် ဖုန်း-၀၁-၆၅၂၂၈၈၊ ၀၁-၂၅၁၃၃၂၊ ၀၉-၅၁၂၄၇၁၆ သို့ အသေးစိတ် စုံစမ်းနိုင်မည် ဖြစ်သည်။

ကိုအောင်
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...