ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များ အဆင့်မြှင့်တင်ရန် ကန်ဒေါ်လာ ၁၃ သန်းခွဲ JICA ကူညီမည်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္က သိုလ်တို့ကို အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အမေရိ ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းပံ့ပိုးကူညီမည့် သဘောတူညီချက်ကို အောက်တိုဘာ ၄ ရက်က လက်မှတ်ရေးထိုးလိုက်သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့ရှိ သင်ကြားရေးဌာနများကို အဆင့်မြှင့်တင်ခြင်း၊ နည်းပညာပစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ ကျောင်းသားများအား ပညာသင် ဆုပေးခြင်း၊ ဆရာများအားထောက်ပံ့ခြင်း၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းစသည့် အစီအစဉ်များကို ငါးနှစ်သက်တမ်းအတွက် ဒေါ်လာ ၁၃ ဒသမ ၅ သန်းအကူအညီပေးရန်သဘော တူညီချက်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးနှင့် JICA ဥက္ကဋ္ဌ ဒေါက်တာအေကီဟိုင်ကိုတာနာတို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
သဘောတူညီချက်အရ ဂျပန်နိုင်ငံမှ ချီဘတက္ကသိုလ်၊ နီဂါတက္ကသိုလ်၊ တာနာဇာဝါတက္ကသိုလ်၊ အိုကာ ရာမာတက္ကသိုလ်၊ နာဂါဆာကီတက္ကသိုလ်နှင့် ကူမာမိုတိုတက္ကသိုလ်တို့သည် ပညာရပ်ဆိုင်ရာဖလှယ်မှု များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
"ဆွေးနွေးမှုတွေနဲ့ သဘောတူညီချက်အရ ဒီပူးပေါင်းဆောင်ရွက်မှုဟာ ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်ရဲ့ အဆင့်မြှင့်တင်မှုအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေပါ တယ်" ဟုသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကိုကိုဦးကပြောသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သော အဆိုပါတက္ကသိုလ်နှစ်ခုကို အစိုးရသစ်လက်ထက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး နောက်ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဝင် စားမှုအမြင့်ဆုံးနေရာကို ရရှိနေသည်။
မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၆၀ ကျော်တည်ဆောက်ဖွင့်လှစ်ထားသော် လည်း သင်ကြားမှုစွမ်းရည်မြှင့်တင်ရန်နှင့် သင်ထောက်ကူပစ္စည်းများ လုံလောက်စေရန် ဘဏ္ဍာငွေ အခက်အခဲရှိနေပြီး နိုင်ငံတကာနှင့် ပြည်တွင်းမှအလှူရှင်များ၏ ထောက်ပံ့မှုများကို လိုအပ်နေကြောင်း ဒေါက်တာကိုကိုဦးက ပြောသည်။
7Day News Journal
Vol.12, No.31, October 9, 2013
- (အရှေ့သို့) အမေရိကန်-အာဆီယံ ပညာသင်ဆုလျှောက်ထားနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ဘူးသီးနုနု ခူးကြသူများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို