K-series ဖုန်းသစ်များတွင် Intel ချစ်ပ်အစား Qualcomm ချစ်ပ်အသုံးပြုမည်

အတွဲ (၁၄)၊ အမှတ် (၃၉)


Lenovo ကုမ္ပဏီမှ ၎င်း၏ယခင် K-series စမတ်ဖုန်း K900 တွင် Intel Atom ချစ်ပ်ကို အသုံးပြုခဲ့သော်လည်း ထပ်မံထုတ်လုပ်မည့် K910 တွင်မူ Qualcomm ကုမ္ပဏီမှချစ်ပ်များကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Intel နှင့် Lenovo တို့သည် ကာလရှည်ကြာစွာ အကျိုးတူပူးပေါင်းခဲ့ကြပြီး မကြာသေးမီကလည်း Bay Trail ချစ်ပ်ကိုအတူတကွ မိတ်ဆက်ခဲ့ကြောင်း Intel မှ သတင်းဌာနသို့ ပြောကြားခဲ့သည်။ Lenovo မှ Intel Atom အသုံးပြု K900 စမတ်ဖုန်းများကို ထိုင်းနှင့်မလေးရှားတို့တွင် ဇွန်လကစတင် ရောင်းချခဲ့ပြီး ယခုအချိန်တွင် ဈေးကွက် ၈ ခု၌ ရောင်းချနေပြီ ဖြစ်သည်။ Intel ကုမ္ပဏီ၏ ချစ်ပ်များကို Motorola ၏ Razr i စ မတ်ဖုန်းတွင်လည်း ထည့်သွင်းအသုံးပြု ထားပြီး အိန္ဒိယနိုင်ငံ Lava ကုမ္ပဏီမှ ထုတ်လုပ်သည့် ဖုန်းတစ်မျိုး၊ ရုရှားနိုင်ငံ Megafon မှထုတ်လုပ်သည့် ဖုန်းနှင့် ပြင်သစ်ကွန် ရက်ကုမ္ပဏီ Orange တို့မှ ထုတ်လုပ်သည့် ဖုန်းတို့တွင် အသုံးပြုကြကြောင်း သိရသည်။

Intel မိုဘိုင်းချစ်ပ်၏ အားနည်းချက်မှာ ၎င်းတွင် မြန်နှုန်းမြင့် LTE ကွန်ရက်ကဲ့သို့သော ကွန်ရက်စနစ်များစွာကို built-in ထောက်ပံ့မပေးနိုင်ခြင်း ဖြစ်သည်။ ကုမ္ပဏီတွင် standalone multimode LTE ချစ်ပ်ကို ထုတ်လုပ်ထားပြီး ၎င်းကို ကုမ္ပဏီ၏ ပရိုဆက်ဆာများတွင် ပေါင်းစပ်ထည့်သွင်းနိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Intel မှ ပြောကြားခဲ့သည်။

-ဟေမာ၊
Ref: AllThingsD
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...