မိသားစုကို စွန့်ပစ်သွားသော ဇနီးအား ကြေကွဲလွမ်းဆွတ်စွာ စောင့်မျှော်လျက်ရှိသည့် ကမ္ဘာ့အသက်အကြီးဆုံး ဖခင်



နယူးဒေလီ အောက်တိုဘာ ၆ ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့ အသက်အကြီးဆုံး ဖခင်အဖြစ် စံချိန်တင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ အာရုံ စိုက်မှုကို ရရှိခဲ့သော အသက် ၉၇ နှစ်ရှိ ရာမာဂျစ်ရာဂက်ဗ် ဆိုသူ အမျိုးသားကြီးသည် ဇနီးဖြစ်သူက ၎င်းအား ပစ်ခွာသွားပြီးနောက် ဇနီးဖြစ်သူ ပြန်အလာကို မျှော်လင့်လျက် စိတ်ထိခိုက ကြေကွဲ နေရကြောင်းသိရသည်။

အဆိုပါ ဇနီးသည်မှာ ရာမာဂျစ်ထက် အသက် ၅၀ နီးပါး ငယ်ရွယ်ပြီး ၎င်းတို့၏ ဒုတိယ မြောက်သား ဖြစ်သူကို ခေါ်ဆောင် သွားခဲ့သည်။ ဇနီးဖြစ်သူက မိမိ အားထားသွားပြီးနောက် နေအိမ်တွင် မိမိတစ်ဦးတည်း အထီးကျန်စွာ နေရကြောင်း အိန်္ဒိယမြောက်ပိုင်း ဟာယာ နာမြို့ ရှိ နေအိမ်တွင် နေထိုင်လျက်ရှိသော ရာမာဂျစ်က ၀မ်းနည်းစွာ ဆိုသည်။

ဇနီးဖြစ်သူ ခေါ်ဆောင်သွားခဲ့သော ဒုတိယမြောက်သားကို ပြီးခဲ့သည့်နှစ် အောက်တို ဘာလ က မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့ မည်သည့်နေရာတွင် နေထိုင်ကြသည်ကို မသိရှိသည့်အပြင် မည်သည့် အတွက်ကြောင့် သူ့အား စွန့်ခွာသွားသည် ကိုပင် မသိကြောင်း ရာမာဂျစ်က ဆိုသည်။

ဇနီးဖြစ်သူအား မိုးရွာသော နေ့တစ်နေ့၏ နံနက်ခင်း တစ်ခုတွင် စတင်တွေ့ ရှိခဲ့ခြင်း ဖြစ်ပြီး သူမတွင် မိသားစု၊ မိတ်ဆွေ တစ်စုံတစ်ဦးမျှ မရှိသည့်အတွက် သနား ကြင်နာစွာဖြင့် အိမ်သို့ ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ရာမာဂျစ်က ဆိုသည်။ ခင်ပွန်းဖြစ်သူသည် မည်မျှပင် အသက် အရွယ်ကြီး စေကာမူ ဖခင်ကောင်း၊ ခင်ပွန်းကောင်း တစ်ဦး ဖြစ်သည့်အတွက် မိမိ ချစ်မြတ် နိုးကြောင်း၊ ခင်ပွန်းအား အသက်ကြီးသည်ဟု မမြင်ဘဲ ၂၅ နှစ်အရွယ် လူငယ်လေးတစ်ဦး အဖြစ် သာမြင်ကြောင်း ဇနီးဖြစ်သူက ပြီးခဲ့သည့်နှစ်က ပြုလုပ်သောတွေ့ဆုံ မေးမြန်းမှု တစ်ခု တွင် ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီသတင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...