Nikon Coolpix L-27

အတွဲ (၁၄)၊ အမှတ် (၃၉)


စွမ်းဆောင်ရည်မြင့်မားပြီး လုပ်ဆောင်ချက် သင့်တင့်ကောင်းမွန်သည့်အပြင် ဈေးနှုန်းအထူး သက်သာတဲ့ ပြည်တွင်းအသစ်ရောက် Nikon L-27 Auto Compact ကင်မရာ ဖြစ်ပါတယ်။
ဈေးနှုန်းသက်သာစွာနဲ့ ဖြန့်ချိရောင်းချ ပေးထားတဲ့ ဒီကင်မရာက မိသားစုအပျော်တမ်း အသုံးပြုရန်အတွက် အထူးသင့်တော်ပါတယ်။ ပုံထွက်အရည်အသွေးကိုလည်း အကောင်းဆုံး ထုတ်လုပ်ပေးနိုင်ပြီး အသုံးပြုသူများကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။ ကင်မရာရဲ့ဘော်ဒီအရောင်အသွေးကို စုံလင်စွာထုတ်လုပ် ပေးထားပြီး Fancy ဆန်ဆန် ကနုတ်ပန်းများနဲ့ အလှဆင်ထားတဲ့ ကင်မရာများကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ ဒါကြောင့် ဒီကင်မရာကို လူငယ်များအနေနဲ့ ပိုမိုအကြိုက်တွေ့ နှစ်သက်ကြမယ် ထင်ပါတယ်။

အားသာချက်

ကင်မရာမှာပါဝင်တဲ့ ပုံရိပ်ကြည်လင် ပြတ်သားမှုအတွက် စွမ်းဆောင်ပေးတဲ့ Megapixel ဟာ အထူးကောင်းမွန်ပါတယ်။ 16.1Megapixel ရှိတာကြောင့်ပါ။ အခြားAuto Compact ကင်မရာများထက် Megapixel အားသာမှုရှိပြီး CCD Sensor ကို အသုံးပြုပေးထားပါတယ်။ Zoom ဆွဲအားက 5X Optical Zoom ရှိတာကြောင့် အခြားကင်မရာများနည်တူ အသင့်အတင့် ပါဝင်မှုရှိတယ်လို့ ဆိုရမှာ
ဖြစ်ပါတယ်။ ဒီ Zoom ဟာ အပျော်တမ်းအတွက်ကတော့ အထူးအဆင်ပြေစေနိုင်ပါပြီ။ LCD Screen က ၂.၇ လက်မအရွယ်အစား ရှိတာကြောင့် အတော်အသင့်လို့ ဆိုရမှာပါ။ အပျော်တမ်း လုပ်ဆောင်ချက်များကို စုံလင်စွာထည့်သွင်း ပေးထားပြီး Auto စနစ်များဖြင့် လွယ်ကူစွာအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာမှာ Built-in Image Stabilizer ပါဝင်တာကြောင့် လက်တုန်ခါမှုဒဏ် ကိုလည်း အသင့်အတင့် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာမှာ Shooting Programs များစွာနဲ့ Special Effects များစွာ ထည့်သွင်းပေးထားပါတယ်။ Easy Auto Mode လည်းပါဝင်ပါတယ်။ ဒါကြောင့် ဒီကင်မရာကို ကလေး၊ လူကြီးမရွေး အဆင်ပြေစွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

ဒီကင်မရာမှာ ယခုခေတ်စားနေတဲ့ GPS စနစ်များနဲ့ WiFi စနစ်တို့ ပါဝင်ခြင်း မရှိပါဘူး။ ဒါ့အပြင် View Finder လည်း ပါဝင်မှုမရှိပါဘူး။ နောက်အားနည်းချက် တစ်ခုက Movie ကို HD အရည်အသွေး ထုတ်လုပ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒီကင်မရာရဲ့ အဓိကအားနည်းချက်ကတော့ ပါဝါအတွက် AA ဓာတ်ခဲကို အသုံးပြုရတာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဒီကင်မရာမှာ အားနည်းချက် အချို့တွေ့ရပေမယ့် အခြား Auto Compact ကင်မရာများနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သင့်တင့် ကောင်းမွန်တဲ့ ကင်မရာဖြစ်တယ်လို့ သုံးသပ်ရမှာပါ။ ဈေးနှုန်းအထူးသက်သာပြီး ပုံထွက်အရည်အသွေးကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တာကြောင့် မိသားစုအပျော်တမ်း အသုံးပြုရန်ရွေးချယ်သင့်တဲ့ ကင်မရာတစ်လုံး ဖြစ်ပါတယ်။ ကင်မရာရဲ့ ခလုတ်များကိုလည်း အသုံးပြုရအဆင်ပြေအောင် ရိုးရှင်းစွာ ဖွဲ့စည်းပေးထားပါတယ်။ ဈေးနှုန်း ၇၀၀၀၀ ကျပ်ဝန်းကျင်နဲ့ Royal Digital မှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်မျိုးဦး
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...