Pregnancy and Alcohol အရက်နဲ့ကိုယ်ဝန် (+18)


Facebook 12 hours ago 1-10-2013
အမျိုးသမီးများ အရက် (သို့မဟုတ်) ဘီယာကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သောက်သုံးမယ်ဆိုရင် ဆိုးကျိုး ရနိုင်ပါသလား ဆရာ။

ကိုယ်ဝန်ဆောင်ရင် အရက်လုံးဝမသောက်ဘို့ ဆရာဝန်တိုင်းကနေ တိုက်တွန်း၊ တားမြစ်ပါတယ်။ အထဲကကလေးကို သက်ရောက်မှုတွေ ဖြစ်စေတယ်။ မွေးပြီးနောက်မှာ ကလေးဟာ ရေရှည်ခံစားရနိုင် တာတွေ ရှိလာနိုင်ပါတယ်။

အရက် (ဝီစကီ၊ ဝိုင်၊ ဘီယာ၊ ရှန်ပန်း၊ ရမ်၊ ဗော်ဒ်ဂါ၊ အားလုံး) ကို ပါးစပ်ကနေသောက်လိုက်ရင် ခပ်မြန်မြန် နဲ့ သွေးထဲကိုရောက်တယ်။ ဗိုက်ထဲကကလေးသွေးထဲကို အချင်းကနေတင့်ကူးပြီး ရောက်သွားမယ်။ မိခင်လောင်း အရက်သောက်သလောက် အထဲကကလေးဆီရောက်ပါတယ်။ တခွက်သောက် တခွက် ရောက်လို့ပြောနိုင်တယ်။ သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်မယ်။ လူတွေအရက်သောက်လိုက်ရင် အရက်ထဲ ပါတဲ့ဓါတ်တွေကို ပြောင်းလဲပြစ်တယ်။ ကလေးမှာ အဲဒီဖြစ်စဉ်က အတော်ကြီးအချိန်ကြာတယ်။ အရက်ကို အသဲကနေ အဆိပ်အတောက်တွေ ဖယ်ပေးတယ်။ ကလေးရဲ့အသဲကလေးက ဘယ်လောက်မှ လုပ်နိုင် သေးတာမဟုတ်ပါ။ ဒီတောါ ကလေးသွေးထဲမှာ အရက်က ကြာကြာနေမယ်။ ကလေးမူးနေတာကြာမယ်။

မိခင်လောင်းက အရက်ကို များများ၊ ကြာကြာသေညက်ရင် သူကနေမွေးလာမဲ့ကလေးမှာ ဒါတွေဖြစ်လာနိုင် တယ်။
• Behavior and attention problems အမူအယာနဲ့ စူးစိုက်မှုပြဿနာ၊
• Heart defects မွေးရာပါ နှလုံးရောဂါ၊
• Changes in the shape of the face မျက်နှာပုံပန်းပြောင်းခြင်း၊
• Poor growth before and after birth သန္ဓေဘဝနဲ့ မွေးလာပြီးနောက်မှာ ဖွံ့ထွားမှု ထိခိုက်ခြင်း၊
• Poor muscle tone and problems with movement and balance ကြွက်သားအားနည်း၊ ထိန်ညှိ လုပ်ဆောင်မှုအားနည်းခြင်း၊
• Problems with thinking and speech တွေးခေါ်မှုနဲ့ စကောထိခိုက်ခြင်း၊
• Learning problems သင်ယူမှုထိခိုက်ခြင်း။

တသက်တာဖြစ်မယ်။ အပျော့အပြင်တော့ မတူကြပါ။
• Cerebral palsy မျက်နှာတခြမ်းလေဖြတ်ခြင်း၊
• Premature delivery စောမွးခြင်း၊
• Miscarriage or stillbirth ကိုယ်ဝန်ပျက်ခြင်။ အသေမွေးခြင်း။

အရက်ဘယ်လောက်ဆိုရင် အန္ကရာယ်ရှိသလဲ။ မပြောနိုင်ပါ။ များလေ ဆိုးလေဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...