Breaking Give Yourself Break...


လမ်းခွဲတယ် ဆိုတာဟာ ခက်ခဲပါတယ်။ လမ်းခွဲပြီးနောက် ရရှိလာတဲ့ စိတ်ဒဏ်ရာ များစွာထဲကနေ မြန်မြန် လွတ်မြောက် စေဖို့အတွက် စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်ကို လေ့လာကြည့်ပါဦး။

လမ်းခွဲလိုက် ကြပြီလား။ ခင်ဗျား အနေနဲ့ အနားယူဖို့ အချိန် ရောက်လာတာကို ကြိုဆိုလိုက်ပါ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ပြီး နောက်မှာ လမ်းခွဲတာဟာ အလွန်တရာ ခက်ခဲ ပါတယ်။ လမ်းခွဲပြီး တဲ့အခါ အသည်းကွဲ ဒဏ်ရာ အတွက် အနာကျက် စေဖို့ တိုတောင်း၊ ပို ကောင်းတဲ့ ညွှန်ကြားချက် မရှိတာ အမှန်ပါ။ အလုပ်များ နေအောင်နေ၊ ရည်းစားဟောင်းကို မဆက်သွယ် မိစေနဲ့၊ သူငယ်ချင်း တွေနဲ့ လျှောက် သွား၊ ငါရှင်သန် နေတုန်းပဲလို့ အခေါက်တစ်ရာ ပြောလို့ အကြံပေး ကြပေမယ့်လည်း ပြီးခဲ့တဲ့ လေ့လာမှု တွေအရ ဒီညွှန်ကြားချက် စာရင်း ထဲမှာ အရေးကြီး တာတစ်ခု လိုနေပါ သေးတယ်။



David Sbarra ဆိုသူ ဦးဆောင်ပြီး Psychological Science အတွက် ထုတ်ဝေခဲ့တဲ့ လေ့လာမှု တစ်ခုဟာ လက်တွဲဖော် တွေနဲ့ လမ်းခွဲခါစ လူ တွေကို သူတို့ရဲ့ ပြတ်စဲမှု အကြောင်းကို stream-of-consciousness format နဲ့လေးမိနစ်ကြာ ပြောဆိုထား တာတွေကို မှတ်တမ်းတင် ထားခဲ့ ပါတယ်။ ပြီးတဲ့အခါ Judge လေးဦးကနေ ပြီးတော့ သူတို့ရဲ့self-compassion လို့ခေါ်ရမယ့် ကိုယ့်ကိုယ်ကို အပြစ်မတင် မနေဘဲ ကိုယ့်ကိုယ် ကို ဘယ်လောက် နားလည် လက်ခံနိုင် သလဲ ဆိုတာကို သူတို့ရဲ့ ပြောစကားကို လိုက်လို့ အမှတ်ပေး ပါတယ်။ ဥပမာ အနေနဲ့ အမှတ် အများ ဆုံးရသူ တစ်ဦးရဲ့ ပြောစကားကို ကြည့်ရအောင်။ "အဲ့ဒီအချိန် ကာလတွေ တုန်းက ငါဟာ ဒီဆိုးရွားတဲ့ အတွေ့အကြုံကို ခံစားနေရသူ ကိုယ် တစ်ယောက်တည်း မဟုတ်ဘူးလို့ ကိုယ့်ဘာသာကိုယ် ပြောနေ မိတယ်လို့ ဆိုပါတယ်။ ဒါဟာ သူမဆီမှာ နာကျင် ခံစားရတယ် ဆိုတာ လူသား တိုင်းရဲ့ အတွေ့အကြုံပဲ ဆိုတာ နားလည်တဲ့ စိတ်ရှိတယ်လို့ ဆိုရပါမယ်။ ဒါဟာ self-compassion ရဲ့အခြေခံ သဘောတရား ပါပဲ။ အမှတ် အနိမ့်ဆုံး ရသူ တစ်ဦး ကတော့ "ငါသူ့ကို အဝေးကို တွန်းပို့ လိုက်တာ ငါ့အမှားပဲ။ ဒီလို ဖြစ်အောင် ငါလုပ်ခဲ့တာ။ ငါသူ့ကို လိုအပ်တယ်။ ငါ အမှားတွေ လုပ်ခဲ့ မိတာ ငါသိပါပြီ" လို့ဆိုပါတယ်။ အပေါ်က တစ်ယောက်နဲ့ နှိုင်းယှဉ်ရင် သူမဟာ ဘယ်လောက် ကိုယ့်ကိုကိုယ် အပြစ် တင်ပြီး self-judgment လုပ်မှုတွေ များနေတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ညှာပြီးတောင် မတွေးမိ တော့ပါဘူး။



လေ့လာမှုကို ကိုးလကြာ လုပ်ပြီး သုံးလ တစ်ခါ ပါဝင်သူ တွေကို သူတို့ရဲ့ လမ်းခွဲမှု အပေါ် ဘယ်လောက် စိတ်ခံစားမှု ထိန်းညှိ နိုင်သလဲ ဆိုတာ တိုင်းတာ စစ်ဆေး ပါတယ်။ အဲ့ဒီမှာ လမ်းခွဲခြင်းကို သူတို့ ဘယ်လို ခံစားနေ ရသေးလဲ။ အဲ့ဒီကိစ္စကို အကြိမ် ဘယ်လောက် များများ တွေးမိ နေသလဲ။ စိတ်ဆင်းရဲ နေသေးလား စတာတွေ ပါဝင် ပါတယ်။ ရလဒ် တွေကတော့ self-compassion အမှတ်မြင့်သူ တွေက စမ်းသပ် ကာလ ကိုးလရဲ့ အစောပိုင်း ကာလတွေ မှာကတည်းက စိတ်ဆင်းရဲခြင်းတွေ လျော့ကျ သွားတာ တွေ့ရပါတယ်။ self-compassion နည်းသူ တွေကတော့ ခြောက်လနဲ့ ကိုးလ အကြားမှာ ပိုစိတ်ဆင်းရဲတာ ခံစားရတယ် ဆိုတာကို တွေ့ရပါတယ်။ ဒီလေ့လာမှုမှာ researcher တွေဟာ ပါဝင်သူ တွေရဲ့ ကိုယ်ကိုယ်ကို ယုံကြည်မှု၊ နှစ်ဦးသား ဆက်ဆံရေး ပုံစံ၊ ပတ်သက်ချိန် ကြာမြင့်မှု ၊ စိတ်ကျ ရောဂါ၊ ကျန်းမာရေး ကောင်းတာ၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်း နိုင်စွမ်း ရှိတာစတဲ့ ခန့်မှန်းလို့ ရနိုင်တဲ့ variables တော်တော် များများကို ထိန်းချုပ်ထား ခဲ့ပါတယ်။ Self-compas sion ဆိုတဲ့ မိမိကိုယ်ကို မြတ်နိုးခြင်းဟာ ကိုယ်ကိုကိုယ် မူလ အခြေအနေ ပြန်ရောက်အောင် ထိန်းသိမ်း နိုင်မှုရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထား မြတ်နိုးမှုကို ဖွံဖြိုးအောင် လုပ်ယူခြင်းဟာ လမ်းခွဲတာ ကရတဲ့ ဝေဒနာ တွေကို မြန်မြန် ကျော်လွှားနိုင်ဖို့ အကြောင်းပါပဲ။ စိတ်ပညာရှင် တွေကတော့ ဒီလို ဆိုပါတယ်။ "Breaking up is hard to do, but self-compassion can help." တဲ့။


Images from content5.videojug, wholelifecancercoach, i2.cdn.turner, feminspire. Source: psychologytoday.com

MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...