ဆံပင် Spa ပြုလုပ်ကြည့်ရအောင်


Health Updates Journal No. 88

အဆင့်(၁)
သံလွင်ဆီသန့်သန့်ကို ခွက်(၁)ခုတွင် အပူပေး၍ အအေးခံပါ။ ခပ်နွေးနွေးအချိန်မှာပင် ဆံပင်နှင့် ဦးရေကို လိမ်းပါ။ ဦးရေကိုနှိပ်နယ် ပြီး သွေးလည်ပတ်မှုကောင်းအောင် လုပ်ပါ။ နှိပ်နယ်စဉ် ဆံပင်များ မကျွတ်စေရန် ဆံပင်ကို မဆွဲပါနှင့်။

အဆင့်(၂)
ရေနွေးထည့်ထားသောရေပုံး(၁)ပုံးထဲ့သို့ မျက်နှာသုတ် ပုဝါခပ်သန့် သန့်(၁)ထည်ကို စိမ်ပါ။ ရေညှစ်ပြီး ခေါင်းကို ပတ်ပါ။ ဆံပင်အားလုံးကို ဖုံးအုပ်ပါစေ။ (၁၀-၁၅) မိနစ် ခန့်ထားပါ။

အဆင့်(၃)
မိမိ၏ဆံပင်သားနှင့်ကိုက်ညီသည့် ခေါင်းလျှော်ရည်နှင့်သေချာစွာ လျော်ပါ။ ပြီးလျှင် ရေနွေးဖြင့် ဆေးချပါ။

အဆင့်(၄)
ဆံပင်ရှိရေများကို ဖြည်း ဖြည်းချင်း သုတ်ပါ။ မျက်နှာသုတ် ပုဝါနှင့်ပွတ်ခြင်းသည် ဆံပင်များ ရှုပ်ထွေး၊ ကြမ်းတမ်းပြီး ဆံပင်ပြတ်စေ သည်။ထို့နောက် ပျော့ဆေးထည့်၍ အသွားကျဲကျဲနှင့်ဖီးပေးပါ။ (၁၅-၂၀)မိနစ်ခန့်ထားပါ။

အဆင့်(၅)
ပျော့ဆေးကို လျှော်ပါ။ မျက်နှာသုတ်ပုဝါနှင့်သာသာကလေးတို့၍ ရေများကို သုတ်ပါ။ ဘီးကျဲနှင့် ဖီးပါ။ ဆံပင်ပေါင်းဆီ(ဥပမာ ဗီတာ မင်အီးအဆီ)ဖြင့် ဆံပင်တစ်ချောင်းချင်း နှံ့အောင် လိမ်းပြီး မျက်နှာသုတ်ပုဝါဖြင့် (၁၀-၁၅)မိနစ် ပေါင်းပတ်ထားပါ။ ပြီးမျှ ရေနွေးဖြင့် သေချာစွာ ဆေးပါ။

ထူး
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...