အလှအပနှင့် ကျန်းမာရေးအတွက် ဂျုံစေ့ဆန်


Health Updates Journal No. 88

ယနေ့ခေတ်အစားအစာများသည် ကောက်နှံစေ့ထက် ဂျုံစေ့အနှံဖြင့် ပြုလုပ်မှုများလာသည်။ ယင်းတွင် နှလုံးကျန်းမာမှု ဖြစ်စေသောအကျိုး ကို ရရှိစေသည့်အပြင် ကိုလက်စထရော Level ကို ကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးသည်။ ထိုမျှမက “ဗီတာမင်ဘီ” အုပ်စုများ ပါဝင်သဖြင့် စိတ်ဓာတ်ကျ ခြင်းဝေဒနာအတွက် ခွန်အားဖြစ်စေသည်။

အလှအပအတွက်ဆိုလျှင်လည်း ဂျုံစေ့ဆန်တွင် ပါဝင်သော ပရိုတိန်းဓာတ်က အသားအရေကို ချောမွတ်စေသည်။ ယင်းမှ ထုတ်လုပ်သည့်ဂျုံစေ့ဆီသည် သတ္တုဓာတ် ကို ထုတ်လုပ်ပေးပြီး အင်တီအောက်ဆီးဒင့်ဖြစ်သည် ဗီတာမင် A နှင့် E ကြွယ်ဝစွာပါဝင်၍ အသက်ရလာသူများ၏ အသားအရေအတွက် အာဟာရဓာတ်များ ဖြည့်စွမ်းပေးနိုင်သည်။

အသားအရေတွင် အဆီများ စုခြင်းကို ကာကွယ်ပေးပြီး ရေဓာတ်ကို ဖြည့်ဆည်းပေးသဖြင့် နုပျို လင်းလက်သောအသားအရေကို ပိုင်ဆိုင်နိုင်သည်။ အသားခြောက် ခြင်း၊ အိတွဲခြင်းများကို မဖြစ်စေရန် wheat ဂျုံစေ့ဆန်မှ ထွက်သော အစားအစာများနှင့်ယင်းမှ ထုတ်လုပ်သည့်ဆီနှင့် အလှကုန်တို့ကို သုံးကြည့်ပေးခြင်းဖြင့် အကျိုးဖြစ်စေသည်။

ဒေါန
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...