Symptoms of an ectopic pregnancy သားအိမ်ပြင်ပမှာ သန္ဓေတည်ရင် ဘယ်လိုခံစားရမလဲ (18+)



• ချက်ချင်း မသိသာပါ။ ကိုယ်ဝန်ကပ်လို့ ဆီးစပ်နာတာလား၊ ရာသီလာလို့နာတာလား ခွဲဘို့ခက်သေးတယ်။
• မွေးလမ်းကြောင်း (ဗဂျိုင်းနား) ကနေ သွေးဆင်းမယ်၊ ရာသီရက်မဟုတ်၊ ရာသီဆင်းသလိုမဟုတ်ဘူး။ နည်းမယ်။ များမယ်။ အရောင်လဲ ဖျော့မယ်။ ရင့်မယ်။ အရည်လိုလဲဖြစ်နိုင်သေးတယ်။ • ဗိုက်အောက်ပိုင်း တဖက်ဖက်မှာ နာမယ်။ နာတာကလဲ နဲနဲလေးကနေ ဆက်တိုက်လဲနာနိုင်တယ်။
• နာတာက Intense stabbing pain တခုခုနဲ့ ထိုးတာ ခံရသလိုနာမယ်။
• ထူးခြားချက်များ -
- Shoulder-tip pain ပခုံးစွန်းတဖက်မှာ နာမယ်။
- ချွေးပြန်မယ်၊ ခေါင်းမူးမယ်၊ သတိလစ်ချင်မယ်၊ ခေါင်းထဲပေါ့နေမယ်။
- ဝမ်းလျှောမယ်၊ ဆီးသွား-ဝမ်းသာချိန်မှာလဲ နာမယ်။
- Shock or collapsing အတွင်းထဲသွေးယိုတာများရင်များသလို (ရှော့ခ်) ရမယ်။
- Rupture ရင့်လာတာနဲ့ ပေါက်ထွက်မယ်။ မခံမရပ်နိုင်အောင်နာမယ်။ ဆေးရုံရောက်မယ်။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...