Why Good Looking People Like Kissing More



အနမ်း တစ်ခုဟာ အနမ်း တစ်ခုထက် ပိုတယ် ဆိုတာကို သိပ္ပံ ပညာရှင် တွေက သက်သေ ပြခဲ့ ပါတယ်။ အနမ်း တစ်ခုရဲ့ ဒဏ္ဍာရီကို အောက်မှာ ဖတ်ရူနိုင် ပါတယ်။

နမ်းတယ် ဆိုတာ တကယ်တော့ ဘာလဲ။ တခြား သတ္တ၀ါ တွေ အတွက် နမ်းတယ် ဆိုတာ အနံ့ခံ ကြည့်ဖို့ ဖြစ်နေ ချိန်မှာ လူသား တွေက ဒီဟာကိုပဲ ဘာလို့ အရေး တယူဖြစ် နေတာလဲ။ Oxford University ရဲ့ လေ့လာမှု အသစ် ကတော့ အနမ်းမှာ ထင်ရှား နေတဲ့ ရည်ရွယ်ချက် တစ်ခု ထက် ပိုပြီးတော့ အရေး ပါတဲ့ တခြား ရည်ရွယ် ချက်တွေလဲ ရှိနေ သေးတယ် လို့ ဆိုပါတယ်။ ရည်ရွယ် ထားသူ နှစ်ဦးဟာ
အရသာ အာရုံ စမ်းသပ် ကြည့်တယ် ဒါဟာ မိမိ ကိုယ်ကို ကြည့် ကောင်းတယ် လို့ ထင်မှတ် ထားသူ တွေက နမ်းခြင်းကို တခြားသူ တွေထက် လိုလား နှစ်သက် စွာ တုံ့ပြန် တာကို ရှင်းပြ ပေးနိုင်ပါ လိမ့်မယ်။ နမ်းခြင်း လို့ခေါ်တဲ့ လူ့အဖွဲ့ အစည်း များစွာမှာ ပုံစံ အမျိုးမျိုး နဲ့ ကျင့်သုံး နေတဲ့ အရာ ဟာ လျို့ဝှက် ဆန်းကြယ်တဲ့ အဖော် ရှာခြင်း အလေ့ အထ တစ်ရပ် ဖြစ်ပါတယ်။ လူတွေ လောက် နက်နဲတဲ့ အဓိပ္ပါယ် အဆင့် မရှိ ပေမဲ့ မျောက် တွေ မှာလဲ နမ်းတာ တွေရှိ တာမို့ ယဉ်ကျေးသူ လူသား ရယ်လို့ မဖြစ် လာခင် အဆင့် (Homo sapiens) ကတည်း ရှိလာ တယ်လို့ ဆိုရ မှာပါ။ ဒီနေရာမှာ လူသားစာ တစ်ခြား မျိုးနွယ်နဲ့ ကွာခြား တဲ့ အနမ်း သီအိုရီ သုံးခု ရှိပါတယ်။ ဒါကတော့ နှုတ်ခမ်း နှစ်ခု ခိုင်မြဲစွာ ဆက် နွယ်ခြင်း လို့ခေါ် ရမဲ့ နမ်းရှုပ်မှု ကြောင့် စိတ်ကြွ စေခြင်း၊ ဆက်ဆံ ရေးကို ခိုင်မြဲ စေခြင်းနဲ့ လက်တွဲ ဖော် ရွေးချယ် ခြင်းမှာ trial run တွေပဲ ဖြစ်ပါတယ်။



Oxford ရဲ့ experimental psychology department က လေ့လာသူ နှစ်ဦး ဖြစ်တဲ့ Rafael Wlodarski နဲ့ Robin Dunbar မှာ အထက်ပါ အကြောင်း အရာ တွေကို မှန်တယ် ဆိုတာ အတွက် သက်သေ တွေ ရှိနေ ပါတယ်။ သူတို့ဟာ အွန်လိုင်း ကနေ စစ်တမ်း ကောက်ယူ မေးမြန်း ရာမှာ အရွယ် ရောက်ပြီးသူ ၉၀၀ (သုံးပုံ နှစ်ပုံက အမျိုးသမီး တွေပါ) က အနမ်းဟာ သူတို့ရဲ့ ရေတို ရေရှည် အချစ် ဆက်ဆံရေး တွေမှာ ဘယ်လောက် အရေး ပါသလဲ ဆိုတာကို ဖြေကြား ခဲ့ပါ တယ်။ ခြုံကြည့် မယ်ဆိုရင် မိန်းမ တွေဟာ ယောက်ျား တွေထက် နမ်းတာကို ပိုတန်ဖိုး ထားတတ်ကြပြီး (အံ့သြ စရာတော့ မဟုတ် ပါဘူးနော်) ကိုယ့်ကိုယ် ကြည့် ကောင်းတယ် ထင်တဲ့သူ ဒါမှမဟုတ် ရည်းစား များသူ ယောကျာ်း တွေက တော့ အာဘွား ပေးဖို့ကို ပိုစိတ်ဝင် တစား ရှိကြ ပါတယ်။ ဒါက အဓိပ္ပါယ် တော့ ရှိတယ်ဗျ။ မိန်းမ တွေရော ချောတဲ့ ယောက်ျား တွေရောက အတွဲ ရွေးတဲ့ အခါ ပိုဂျီးများ ကြတယ် မဟုတ်လား။ မိန်းမ တွေ အတွက် ကိုယ်ဝန် ဆောင်တာ နဲ့ ကလေးကို စောင့်ရှောက် တာက သူတို့အတွက် အကြီးဆုံး ဘ၀ စိန်ခေါ်မှု ဆိုတော့ သူတို့က ပိုပြီး မှန်ကန်သူကို ရွေးချယ် ချင်ကြ တာပေါ့။ မနုဿ ဗေဒ ပညာရှင် တစ်ဦးဖြစ်သူ Helen Fisher က အသိဥာဏ် မြင့်မြင့် ရှိလာ လေလေ တွဲဖက်နဲ့ နေသူ မျိုးစိတ် တွေဟာ ရင်သွေး ကို ပျိုးထောင်ဖို့ နှစ်ကာလ ကြာ လေလေ ဖြစ်လာ ပါတယ်။ ဦးနှောက် ဟာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်မှာ အရှုံး သမား တွေကို ထုတ်ပယ်လို့ နေပါ တယ်။ လို့ U.S. News and World Report ကို ပြောပါ တယ်။ ချောတဲ့ သူတွေ ဂျီးများ ရတာက သူတို့မှာ ရွေးစရာ များများ ရှိပြီး သူတို့ လိုချင် တာကို ရနိုင် နေတာမို့ လိုပါ။ Oxford team ကတော့ ဒါကြောင့် နမ်းကြည့်ပြီး လိုချင်တဲ့ လက်တွဲ ဖော်ကို ရွေးကြပါ တယ်လို့ ဆိုပါတယ်။



အတွဲ ရွေးတာ နဲ့ ဆုံးဖြတ် တာဟာ လူသားတွေ အတွက် ရှုပ်ထွေးတဲ့ ဖြစ်စဉ် တစ်ခု ပါလို့ Dunbar က ဆွေးနွေး ချက် တစ်ခုမှာ ပြောပါ တယ်။ အဲ့ဒီမှာ လူသား တွေဟာ assessments တွေ အများကြီး လုပ်မိ နေပြီး ငါ ဒီ ဆက်ဆံ ရေးကို ခိုင်မြဲအောင် တည်ဆောက် မလားလို့ ကိုယ့်ကို ကိုယ် ပြန်မေး နေတယ်လို့ ဆိုပါတယ်။ အစော ပိုင်း တွေမှာ မျက်နှာ ကိုယ်ခန္ဓာနဲ့ လူမှု ဆက်ဆံ ရေး စတဲ့ သဲလွန်စ တွေကြည့် လို့ ကောက် ချက်ချ ပါတယ်။ တကယ် တမ်း ဆုံးဖြတ် ချက်ချ တော့မယ် ဆိုတဲ့အခါ assessments တွေဟာ ပိုပြီး ပိုပြီး နက်ရှိုင်းလာ အရေး ပါလာ တယ်။ ဒီမှာ အနမ်း တွေက ၀င်လာ တော့တာပဲ။ အနမ်းကို ကြည့်ပြီး လက်တွဲဖော် ဘယ်လို ရွေးသလဲ ဆိုတာ ကတော့ သိပ်မရှင်း လင်းတဲ့ အချက်ပါ။ ဒါပေမဲ့ တစ်ချို့သော philematologists လို့ခေါ်တဲ့ အနမ်း ဘက်ဆိုင်ရာ အထူး ပြုတွေ ကတော့ အနံ့ကြောင့် ပါလို့ ဆိုတယ်။ Sheril Kirshenbaum ကသူမရဲ့ အနမ်း သိပ္ပံ (The Science of Kissing) ဆိုတဲ့ စာအုပ်မှာ Claus Wedekind ရဲ့စကားကို ကိုးကား လို့ မိန်းကလေး တွေကို သူမတို့ရဲ့ ကိုယ်ခံ စွမ်းအားနဲ့ မတူ ကွဲပြားတဲ့ genetic code တစ်မျိုး ဖြစ်သော major histocompatibility complex လို့ခေါ်တဲ့ DNA ရှိတဲ့ ယောက်ျား တွေရဲ့ အနံ့က ပိုပြီးဆွဲဆောင် ပါတယ်။ ဘာလို့လဲ ဆိုတော့ ကွဲပြားတဲ့ DNA ကြောင့် နမ်းနေတဲ့ အချိန်မှာ ကျန်းမာတဲ့ မျိုးဆက်ကို ရနိုင် ဖို့ အခွင့်အလမ်း ပိုများတဲ့ အခါ အလိုလို အနမ်းက တစ်စုံ တစ်ခု ကို ဦးတည်သွား ပါတယ်။ နှုတ်ခမ်း နှစ်ခုကြားက orbicularis oris muscles တွေ contract ဖြစ်သွား တာဟာ genetic test လုပ်ရ တာထက် ပိုပျော်စရာ ကောင်းတယ် မဟုတ်လား။



တခြား သိပ္ပံ ပညာရှင် တွေက တော့ မိန်းကလေး တွေဟာ သူမတို့ မျိုးဥ ကြွေမဲ့ ရက်မှာ signal တွေလွှင့်ပြီး သူမတို့နဲ့ အပေါင်း အဖော် လောက် သူတွေ ကို လိုက် ရှာတယ်လို့ ယုံကြည် ထားပါ တယ်။ Archives of Sexual Behavior ဆိုတဲ့ စာအုပ် ရေးသူ ကတော့ လက်တွဲ ဖော်ရှာ ဖွေမှု အတွက် assessment လုပ်ရာမှာ pheromonal တွေထွက် လာပြီး ကျန်းမာ ရေးမှာ ဒါမှမဟုတ် မျိုးဗီဇ ကိုက်ညီမှုမှာ မျိုးပွား တာနဲ့ ရာသီ လာခြင်း မှာ ဒါတွေ အားလုံး မဟုတ် ရင်တောင် အရေပြားက အဆီတွေ တံတွေး တွေ ထွက်လာ ခြင်းမှာ နမ်းခြင်းက အထောက် ကူ ပြုမပြု ဆိုတာ မရှင်းလင်း သေးပါ ဘူးလို့ ဆိုလို ပါတယ်။ သူဆိုချင်တဲ့ သဘောက လူသား တွေဟာ တစ်ယောက်နဲ့ တစ်ယောက် နမ်းမိ လိုက်တဲ့ အခါ ကိုယ့် ဘာသာ တောင် မသိလိုက်ပဲ လက်တွဲ ဖော်ဟာ သင့်တော် လား မတော်လား အလိုလို ဦးနှောက်က အချက် ပြနေ မယ် ဒီအခါ ချစ်စိတ် တွေ ပေါ်လာတယ်။ တစ်ယောက် အနံ့က တစ်ယောက် ကို ဆွဲဆောင် မိတာ မျိုးလဲ ဖြစ်နိုင် တယ်လို့ ဆိုချင် တာပါ။



လေ့လာ မှုမှာ ပါဝင်တဲ့ အမျိုးသမီး တွေက အနမ်းဟာ ကာလ ကြာရှည် လက်တွဲ မှုမှာ အရေး ပါတယ်လို့ ဆိုပါ တယ်။ ဒါက သူတို့ အတွက် ဆက်သွယ် ရေး ပုံစံ တစ်မျိုး ဖြစ်နေရုံ သာမက သံယောဇဉ် နဲ့ အချစ် စိတ်ကို လဲ တိုးပွား စေပါ တယ် လို့ဆိုပါ တယ်။ အမှန်က များများ နမ်းခြင်း ဟာ ကိုယ်လက် နှီးနှောတဲ့ အကြိမ်ရေ များစွာ (နှစ်ယောက် လုံး အထွတ် အထိပ် ကျေနပ်မှု ရစေ သော်လည်း) လုပ်တာ ထက် ပိုခိုင် မြဲတဲ့ လက်တွဲ မှုကို ဖြစ်ပေါ် စေပါတယ်။ ပြီးတော့ လေ့လာ သူတွေက အနမ်း ကသာ အချစ် မီးကို တောက် စေပြီး အချစ် မီးတောက် လောင်မှု က လူတွေကို နမ်း စေတာ မဟုတ် ဘူးလို့ ဆိုပါ သေးတယ်။

Images from cinekatz.com, highartweddingphotography.com, thegrandnarrative.com, Source - Time
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...