Vaccines ကာကွယ်ဆေးများ

Wednesday, October 16, 2013

သမီးတို့ဂျာနယ်မှာ ကာကွယ်ဆေးတွေနဲ့ပတ်သတ်တဲ့ အထူးထုတ်လုပ်ဖို့ရှိလို့ပါ။ အဲထဲမှာ ကျန်းမာရေးလိုအပ်ချက်ကြောင့် ထိုးသင့်တဲ့ကာကွယ်ဆေးစာရင်းဆိုတာလေးလည်း ထည့်ထားပါတယ်။ ဆရာ့ကိုအကူအညီတောင်းချင်တာက တကယ်လို့ ဆရာအဆင်ပြေမယ်ဆိုရင် ထိုးသင့်တဲ့ ကာကွယ်ဆေး ၅ မျိုး၊ ၆ မျိုးလောက်ကို အကြံပေးဖို့ အကူအညီတောင်းချင်တာပါ။ အခု သမီးစဉ်းစားထားတာက ၁။ အသည်းရောင်အသားဝါ ဘီကာကွယ်ဆေး၊ ၂။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၃။ ခွေးရူးရောဂါကာကွယ်ဆေး၊ ၄။ ရာသီအလိုက် တုပ်ကွေးကာကွယ်ဆေး၊ ၅။ ရေကျောက်ရောဂါ ကာကွယ်ဆေး။

1. Adult Vaccines လူကြီးတွေလဲ ကာကွယ်ဆေးလိုတယ် http://dts-medicaleducation.blogspot.in/2012/06/adult-vaccines.html
2. ARV မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း http://dts-medicaleducation.blogspot.com/2010/05/arv.html
3. BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html
4. Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
5. HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2013/08/hpv-vaccine-for-ca-cx.html
6. Pentavalent Vaccine (2) မြန်မာကလေးများအတွက် ကာကွယ်ဆေးသစ် (၂) http://dts-medicaleducation.blogspot.in/2012/02/hepatitis-b-vaccine-hepatitis-b-vaccine.html

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၃

Pentavalent Vaccine မြန်မာကလေးများအတွက် ကာကွယ်ဆေးသစ်
Pentavalent Vaccine (ပင်တာဗေးလင့်-ဗက်ဆင်း) ကာကွယ်ဆေးကို မြန်မာပြည်မှာလဲ ထိုးပေးနေပြီ။ ကလေးတွေကို ဖြစ်စေတတ်တဲ့ ကူးစက်ရောဂါ ငါးမျိုးအတွက် ရောထားပြီးသား ကာကွယ်ဆေးဖြစ်ပါတယ်။

ဒိအရင်က (Diphtheria, Tetanus, Whooping cough) (ဆုံဆို့-ကြက်ညှာ-မေးခိုင်) တွေအတွက် DTP သုံးမျိုးတွဲဆေး ဆိုတာလဲ ရှိထားတယ်။ နောက်တိုး ၂ မျိုးတိုးလာတာကတော့ (Hepatitis B) အသဲရောင် (ဘီ) ကာကွယ်ဆေးနဲ့ (Hib) Vaccine ဖြစ်တယ်။ တိတိကျကျ ပြောရရင် (Haemophilus influenza type B) ဗက်တီးရီးယားကနေ ဖြစ်စေတဲ့ Meningitis ဦးနှောက်မြှေးရာင်ရောဂါ၊ Pneumonia နူမိုးနီးယား၊ Bacteremia သွေးထဲ ဗက်တီးရီးယားဝင်ခြင်း၊ Cellulitis အရေပြား ရောင်ခြင်း၊ Osteomyelitis ရိုးတွင်းခြင်ဆီရောင်ခြင်း၊ Epiglottitis အာခေါင်ရောင်ခြင်း Infectious arthritis အဆစ် ရောင်ခြင်းစတဲ့ ကူးစက်ရောဂါ မှန်သမျှတွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ကလေးကာကွယ်ဆေးထိုးဇယား၊ (အသက်အလိုက်)
• မွေးကာစ BCG ဘီစီဂျီ တီဘီကာကွယ်ဆေး
• မွေးကာစ OPV Oral Polio ပိုလီယို
• မွေးကာစ Hepatitis အသဲရောင်အသားဝါ
• မွေးကာစ Hep B အသဲရောင် ဘီ
• ၄ ပါတ် (၁ လ) Hep B အသဲရောင် ဘီ
• ၆ ပါတ် (၁ လခွဲ) DPT ဒီပီတီ (ဆုံဆို့-ကြက်ညှာ-မေးခိုင်)
• ၆ ပါတ် (၁ လခွဲ) OPV Oral Polio ပိုလီယို
• ၁ဝ ပါတ် (၂ လခွဲ) DPT ဒီပီတီ (ဆုံဆို့-ကြက်ညှာ-မေးခိုင်)
• ၁ဝ ပါတ် (၂ လခွဲ) OPV Oral Polio ပိုလီယို
• ၁၄ ပါတ် (၃ လခွဲ) DPT ဒီပီတီ (ဆုံဆို့-ကြက်ညှာ-မေးခိုင်)
• ၁၄ ပါတ် (၃ လခွဲ) OPV Oral Polio ပိုလီယို
• ၁၈ ပါတ် (၄ လခွဲ) OPV Oral Polio ပိုလီယို
• ၆ လ Hep B အသဲရောင် ဘီ
• ၉ လ Measles ဝက်သက်
• ၁၅ လ MMR အမ်-အမ်-အာရ်
• ၁၈ လ Booster ဒီပီတီ (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး
• ၁၈ လ Booster OPV ပိုလီယို ထပ်ထိုး
• ၂ နှစ် Typhoid တိုက်ဖွိုက်
• ၄ နှစ်ခွဲ Booster ဒီပီတီ (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး
• ၄ နှစ်ခွဲ Booster OPV ပိုလီယို ထပ်ထိုး
• ၁ဝ နှစ် Help B Booster အသဲရောင် ဘီ ထပ်ထိုး
• ၁၅-၁၆ နှစ် TT မေးခိုင်ထပ်ထိုး
• အချိန်မရွေး Hep A အသဲရောင် အေ

Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (ကာကွယ်ဆေးအလိုက်)
1. BCG ဘီစီဂျီ ၁ ကြိမ်၊ မွေးကာစ
2. DPT ဒီပီတီ (ဆုံဆို့-ကြက်ညှာ-မေးခိုင်)
- (ပ) ၆ ပါတ် ၁ လခွဲ
- (ဒု) ၁ဝ ပါတ် ၂ လခွဲ
- (တ) ၁၄ ပါတ် ၃ လခွဲ
DPT Booster ဒီပီတီ (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး
- (ပ) ၁၈ လ ၄ လခွဲ
- (ဒု) ၄ နှစ်ခွဲ
3. OPV (Oral Polio) ပိုလီယို
- (ပ) မွေးကာစ
- (ဒု) ၆ ပါတ် ၁ လခွဲ
- (တ) ၁ဝ ပါတ် ၂ လခွဲ
- (စ) ၁၄ ပါတ် ၃ လခွဲ
- (ပဉ္စ) ၁၈ ပါတ် ၄ လခွဲ
OPV Booster ပိုလီယို ထပ်ထိုး
- (ပ) ၁၈ လ ၄ လခွဲ
- (ဒု) ၄ နှစ်ခွဲ
4. Measles ဝက်သက် ၉ လ
5. MMR အမ်အမ်အာရ် ၁၅ လ
6. Hep B အသဲရောင် (ဘီ)
- (ပ) မွေးကာစ
- (ဒု) ၁ လ
- (တ) ၆ လ
7. Hep B အသဲရောင် (ဘီ)
- (ပ) မွေးကာစ
- (ဒု) ၂ လ
- (တ) ၄ လ
8. Typhoid တိုက်ဖွိုက် ၂ နှစ်
9. Hep A 1 and 2 အသဲရောင် (အေ) အချိန်မရွေး
10. Hep B Booster အသဲရောင် (ဘီ) ထပ်ထိုး ၁ဝ နှစ်
11. TT မေးခိုင်ထပ်ထိုး ၁၅-၁၆ နှစ်

အသုံးများကာကွယ်ဆေးများ
• BCG (တီဘီ) ကာကွယ်ဆေး၊
• DT = Diphtheria + Tetanus vaccine (ဆုံဆို့-မေးခိုင်)
• DTP or DPT = Diphtheria, Tetanus, Pertussis (ဆုံဆို့-ကြက်ညှာ-မေးခိုင်)
• Hepatitis A (အသဲရောင် အေ)၊
• Hepatitis A-Hepatitis B (အသဲရောင် အေ + ဘီ)၊
• Hepatitis B Hep B (အသဲရောင် ဘီ)
• HPV Human Papillomavirus (သားအိမ်-ကင်ဆာ နှင့် လိင်လမ်း-ကြွက်နို့)၊
• Influenza Flu Vaccine (တုပ်ကွေး)၊
• MCV4 Meningococcal Conjugate Vaccine ဦးနှောင်မြှေးရောင်၊
• MMR (Measles, Mumps And Rubella) (ဝက်သက် + ပသိရောင် + ဂျာမန်-ဝက်သက်)၊
• PCV7 Pneumococcal Polysaccharide Vaccine (7-valent) နူမိုးနီးယား၊
• Pentavalente ၅ မျိုးတွဲကာကွယ်ဆေး = ဆုံဆို့ + ကြက်ညှာ + မေးခိုင် + ဟီမိုဖီးလပ်စ် အင်ဖလူရင်ဇာ + အသဲရောင် (ဘီ)။
• Rotavirus အစာအိမ်-တုပ်ကွေး (ဝမ်းပျက်ခြင်း) ဖြစ်စေသည့် ဗိုင်းရပ်၊
• Varicella (Chickenpox) ရေကျောက်၊

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လမ်းညွှန်ချက် ကာကွယ်ဆေးထိုးဇယား
1. BCG (တီဘီ) = ၁ ခါတည်း မွေးကာစကလေး၊
2. Hepatitis B (အသဲရောင် ဘီ) = ၃-၄ ကြိမ်၊ ဝ-၁-၅ ဖေါ်မြူလာနဲ့ထိုး၊
3. Polio (သူငယ်နာအကြောသေ) = မွေးကာစ၊ ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ၊ ၄ လခွဲ၊
4. DTP (ဆုံဆို့-ကြက်ညှာ-မေးခိုင်) = ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ၊
5. Haemophilus influenfa type B (ဟီမိုဖီးလပ်စ်-ဘီ-ပိုး) = ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ၊
6. Pneumococcal (Conjugate) (နူမိုကောကယ်)၊ နည်း (၁) = ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ၊ နည်း (၂) = ၆ လ မတိုင်မီတခါ + ၉-၁၅ လအတွင်း ၁ ခါ၊
7. Rotavirus (ရိုတာ-ဗိုင်းရပ်စ်)၊ Rotarix = ၁ လခွဲ၊ ၂ လခွဲ၊ RotaTeq = ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ၊
8. Measles (ဝက်သက်) = ၂ ခါထိုး၊
9. Rubella (ရူဘဲလား) = ၁ ခါထိုး၊
10. HPV (သားအိမ်-ကင်ဆာ) = ၃ ခါထိုး။

Dr. တင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...