ကျောင်းဆရာများ အလုပ်ထွက်မှု ပိုများလာ



အရာရှိအဆင့်ရာထူးအလွယ်တကူမတိုးခြင်းနှင့် လစာနည်းပါးခြင်းတို့ကြောင့် အမျိုးသားကျောင်းဆရာ များ အလုပ်ထွက်နှုန်းပိုများလာကြောင်း သိရသည်။

"အမျိုးသားကျောင်းဆရာတွေလဲ လာတာမှန်ပါတယ်။ အဲဒါကြောင့်လဲ ဝန်ကြီးဌာနအနေနဲ့လစာတိုး ပေးတာတို့၊ ဆရာတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာထိုင်ခင်းပေးတာတွေလုပ်ရင် ဆရာတွေ အနေနဲ့ ဒီအလုပ်ကိုပိုပြီး စိတ်ဝင်စားလာမယ်လို့ထင်တယ်။ ဒီကိစ္စကိုလဲ အစီအစဉ်တွေဆွဲပြီး အကောင်အထည်ဖော်ဖို့ ဆွေးနွေးနေပါပြီ" ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန် ရှိသူကပြောသည်။

လက်ရှိတွင် အမျိုးသားကျောင်းဆရာ အရေအတွက်သည် အမျိုးသမီးကျောင်းဆရာအရေအတွက် ထက်သုံးပုံတစ်ပုံခန့်မျှသာရှိကြောင်း သိရသည်။

The Flower News Journal
Vol.9, No.40, October 15 - 21, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...