Why You Forget After Walked Into The Room



တစ်ခါတစ်လေ အခန်းထဲ ၀င်ပြီးမှ ဘာလုပ်ဖို့ ၀င်လာတယ် ဆိုတဲ့ အကြောင်းအရင်းကို မေ့နေတတ် ကြပါတယ်။ ဒါဟာ အခန်းတံခါးကို ၀င်ထွက် ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ 'Event Boundary' ကြောင့်ပါတဲ့။

ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်တဲ့ အတွက် မှတ်ဥာဏ် စွမ်းအားဟာ အကန့်အသတ် ရှိကြ ပါတယ်။ အသက်ကြီး လာတဲ့အခါ ငယ်ငယ်က နှုတ်တိုက် အာဂုံဆောင် ခဲ့သမျှ စာတွေကို မမှတ်မိ နိုင်သလို အရင် တစ်ပတ်က ဘာဟင်းနဲ့ စားခဲ့သလို ဆိုတာတောင် မှတ်မိဖို့ ခဲယဉ်း ပါတယ်။ ခုနက ဥပမာ နှစ်ခု ကတော့ အချိန်ကာလ အတန်ကြာ ပြီးမှ မေ့ကြတာ တွေပါ။ ဒါပေမယ့် လူတွေမှာ မကောင်းတဲ့ မေ့တတ်တဲ့ အကျင့်ဆန်း တစ်မျိုး ရှိပါတယ်။ လူတိုင်းလည်း ကြုံဖူး ကြမှာ ဖြစ်သလို မိမိ ပတ်ဝန်းကျင် မှာလည်း ခဏခဏကို တွေ့ရ မှာပါ။ အဲဒီ အကျင့်ကို ပြောရ ရင်တော့ ကျွန်တော်တို့ အခုနေ နေတဲ့ အခန်းကနေ အပြင် အခန်းဘက်မှာ လုပ်စရာ ရှိနေကြောင်း တွေးပြီး သိနေ ပေမယ့် အခန်း တံခါးဖွင့်ပြီး အပြင် အ ခန်းကို ရောက်သွား တာနဲ့ လာရတဲ့ အကြောင်း အရင်းကို ရုတ်တရက် မေ့သွားတာ မျိုးပါ။ အဲဒီအကျင့် ဆန်းကလေး အကြောင်းကို ဒီစာပုဒ်မှာ ပြောပြမှာ ဖြစ်တဲ့ အတွက်ကြောင့် ဆက်လက် ဖတ်ရှု ကြပါ ခင်ဗျာ။



ကျွန်တော်တို့ အခန်း တစ်ခန်း ကနေ တစ်ခန်းကို ကူးတဲ့အခါ မေ့တတ်တဲ့ အကျင့်ဟာ အသက် အကြီး၊ အငယ်နဲ့ မဆိုင်ပါဘူး။ ဆယ်ကျော် သက် အရွယ်လည်း ဖြစ်နိုင်သလို တတိယ အရွယ် ဘိုးဘွား တွေလည်း ဖြစ်နိုင် ပါတယ်။ ပြဿနာက မေ့သွားတဲ့ အကြောင်း အရင်းကို ပြန် စဉ်းစား နေရ တာက စဉ်းစားရ တဲ့သူ အတွက် အချိန်ကုန် ပေမယ့် ဘေးက လူတွေ အတွက်တော့ ရယ်စရာ ကြီးလို ဖြစ်နေ ပါတယ်။ အဲဒါ ကြောင့်လည်း ကိုရီးယားကား တွေပါမက ဟာသနဲ့ မိသားစု ဇာတ်လမ်း တော်တော် များများမှာ အဲဒီ မေ့တတ်တဲ့ အကျင့် ကလေးကို ထည့်ရိုက် နေကြတာ ရိုးရာလို ဖြစ်နေပါပြီ။



ဒါပေမယ့် အဲလိုဖြစ် နေကြ သူတွေ အတွက် ဘာကြောင့် ဖြစ်တာလဲ၊ ဘယ်လို ဖြစ်တာလဲ ဆိုတာ ကတော့ သိဖို့ လိုအပ် ပါတယ်။ စိတ်ပညာရှင် တွေရဲ့ အဆို အရတော့ လူ့စိတ်ဟာ တံခါးတွေကို မှတ်ဥာဏ် အပိုင်းတွေ ကန့်သတ် ပေးတဲ့ စည်းတစ်ခုလို မြင်ကြ ပါတယ်တဲ့။ လူတွေရဲ့ ဦး နှောက် ဟာ အခန်း တစ်ခန်း ကနေ တစ်ခန်း အကူးမှာ မှတ်ဥာဏ် အဟောင်း တွေကို အလိုအလျောက် ရှင်းပစ်ပြီး နောက်ထပ် မှတ်ဥာဏ် သစ် တွေအတွက် ဟင်းလင်ပြင် ထားပေး ပါတယ်။ တံခါးတွေက ဟင်းလင်းပြင် အသစ်နဲ့ မှတ်ညဏ် အဟောင်း ပျောက်ဆုံး မှုကြား ကန့်လန် ကာ တစ်ခုလို့ ဆိုပါတယ်။



ဒီဆိုလိုချက် မှန်၊ မမှန် စမ်းသပ်ချက် ပြုလုပ် ကြပါသေးတယ်။ Indiana ပြည်နယ်က Notre Dame တက္ကသိုလ်မှ ရှာဖွေ စူးစမ်းသမား တွေဟာ ကွန်ပျူတာ တွေကို အသုံးချပြီး စမ်းသပ်မှု တစ်ခု ပြုလုပ်ခဲ့ ကြပါတယ်။ အကြီး၊ အသေး အရွယ်အစား မတူတဲ့ အခန်းတု ၅၅ ခန်းကို ဖန်တီး ပြီး စိတ်ပါ ၀င်စားသူ အချို့ကို စမ်းသပ်ခဲ့ ကြပါတယ်။ အခန်းတု တစ်ခန်းမှာ စားပွဲ တစ်ခန်း သို့မဟုတ် နှစ်ခန်း ပါဝင် ပါတယ်။ ပထမဆုံး ပါဝင် သူတွေဟာ ပစ္စည်း တစ်ချို့ကို ရွေးချယ် ရပါတယ်။ ပြီးရင် အခု ရောက်နေတဲ့ အခန်းကနေ အခန်းသစ် တစ်ခန်းကို ကူးရ ပါတယ်။ ရွေးခံရတဲ့ ပစ္စည်း တွေကတော့ ရွေးပြီး ပြီးချင်း ပျောက်သွား ပြီးနောက် နောက်တစ်ခန်းမှာ အဲဒီ ရွေးထားတဲ့ ပစ္စည်း တွေကို ကိုယ့်ဘာသာ စဉ်းစားပြီး ပြန်ချ ရပါတယ်။ ပြီးတာနဲ့ စမ်းသပ်မှု အနေနဲ့ ရောထားတဲ့ ပစ္စည်း နာမည် တွေနဲ့ သူတို့ဟာ ရွေးထားတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ချထားတဲ့ ပစ္စည်းတွေ ဟုတ်၊ မဟုတ် စမ်းသပ် ကြတာပါ။ စမ်းသပ်မှု ရလဒ်တွေ အရတော့ ဦးနှောက်ရဲ့ မှတ်ဥာဏ် စွမ်းအားဟာ အခန်း တစ်ခုတည်း မှာပဲ သွားလာ နေတာထက် အခန်း တစ်ခန်း ကနေ တစ်ခန်းအကူး အခန်း တံခါးကို ဖြတ်သန်း မိတဲ့ အချိန်မျိုးမှာ သိသိ သာသာ ကျဆင်းသွား ပါတယ်တဲ့။



စမ်းသပ်မှု ပြုလုပ်တဲ့ သူတွေဟာ အထက်ပါ စမ်းသပ်မှု တစ်ခုတည်း နဲ့တော့ အတည် မယူကြပါဘူး။ တကယ့် အပြင် မှာလည်း စမ်းသပ် ကြပါသေး တယ်။ တူညီတဲ့ အခန်း တွေနဲ့ စားပွဲတွေ ထည့်သွင်းပြီး ပါဝင် စမ်းသပ်ခံ သူတွေ သယ်ဆောင် လာတဲ့ ပစ္စည်း တွေကို ဘူးတစ်ခု ထဲမှာ ၀ှက် ထားပြီး စမ်းသပ် ကြပါတယ်။ ဒီတစ်ခါ မှာလည်း ပါဝင်သူ အများစုဟာ တံခါးကို ဖြတ်ပြီး နောက်တစ်ခန်းကို ကူးလိုက်တာနဲ့ သူတို့ ဘူးထဲ မှာ ဘာတွေ ထားခဲ့ သလဲ ဆိုတာကို မေ့သွား ကြပါတယ်။ ဒီတစ်ခါ ကြမှ ပတ်ဝန်းကျင် အသစ်ကို ရွှေ့ပြောင်း ခြင်းဟာ ဦးနှောက်ရဲ့ အလုပ် လုပ်နေတဲ့ မှတ်ဥာဏ်ကို ကွယ်ပျောက် စေပြီး အခန်းထဲ ၀င်လာရတဲ့ မူလ အကြောင်း အရင်းကို မေ့လျော့ စေပါတယ် ဆိုတဲ့ အယူအဆကို လက်ခံလိုက် ကြပါတယ်။



စမ်းသပ်သူ တွေကလည်း စမ်းသပ် ကြပါတယ်။ စာဖတ် သူများ အနေနဲ့ လက်ခံ၊ မခံကတော့ ကိုယ့်ရဲ့ ယူဆချက် အပေါ် မူတည် ပါတယ်။ ဘာ ပဲဖြစ်ဖြစ် ဒီလို မေ့လျော့ မှုမျိုး မဖြစ်အောင် မှတ်ဥာဏ်ကို အထပ်ထပ် ခေါ်ထားပဲ ဖြစ်ဖြစ်၊ ပါးစပ်က ခပ်တိုးတိုး ရေရွတ် တာပဲ ဖြစ်ဖြစ်၊ အ ရေးကြီး တယ်ဆိုရင် စာရွက် ပေါ်မှာ ချမှတ် တာပဲ ဖြစ်ဖြစ်၊ မှတ်ဥာဏ်ကို အကူအညီ ပေးတာမျိုး လုပ်သင့် ပါတယ်။ ဒါမှ မိမိအိမ်က အခန်း တံခါး တွေဟာ မေ့လျော့မှု တရားခံ အဖြစ် စွပ်စွဲခံ နေရမှု ကနေ လွတ်မြောက် ကြမှာ ဖြစ်တဲ့ အကြောင်း သတင်းပါး လိုက်ပါရစေ။

Images from scientificamerican, img.gawkerassets, img.gawkerassets, puertaautomatica, healthylivingkiosk, 0.tqn. Source: dailymail.co.uk

AuthorPaing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...