Queen Bee
ပျားအုံ တစ်အုံလုံးမှာ ပျားဘုရင်မက အခရာပါပဲ။ ပျားအုံ သေးသေး လေးတွေထဲမှာ ပျားဘုရင်မက ဘာတွေ ထူးခြားပြီး ဘာတွေကို လုပ်ဆောင် သလဲ ဆိုတာ ကတော့ စိတ်ဝင်စား စရာပါပဲ။
လူတွေမှာတော့ နိုင်ငံ တစ်နိုင်ငံကို ဘုရင် တွေက ဦးဆောင်ကြပြီး ဘုရင်မတွေ ဆိုတာက ရှားပါတယ်။ ပျားတွေကတော့ လူ့သဘာဝနဲ့ ပြောင်း ပြန်ပါပဲ။ ပျားဘုရင်မရဲ့ အစကို ပြောရရင် သူလည်း အရင် ပျားဘုရင်မ ဥဥလိုက်တဲ့ ပျားဥ တွေထဲက တစ်ခုပါပဲ။ လုပ်သားပျား တွေက မျိုး ဖောက်ထားတဲ့ ဥတွေထဲက တစ်ချို့ကို ပထမဆုံး ရွေးချယ် ပါတယ်။ ပြီးရင် ပျားရည် နည်းနည်းချင်းစီ ကျွေးပါတယ်။ အကျွေးခံ ရတဲ့ ပျားဥတွေ ဟာ ဗိုလ်စားပဲ လိုမျိုး ခပ်ရှည်ရှည် ပုံစံနဲ့ ရွှေရောင်အဆင်း ရှိပါတယ်။ အရွေးခံ ထားရတဲ့ ပျားဘုရင်မ လောင်းရဲ့ဥဟာ ဥကွဲပြီးနောက် ပျားလုပ်သား တွေက အဆိုပါ ဘုရင်မလောင်းရဲ့ ဥကိုပဲ ပျားရည် ကျွေးပါ တော့တယ်။ ပျားဘုရင်မ လောင်းတွေရဲ့ ဥတွေဟာ ပျားလုပ်သားတွေ အထူး ပြုလုပ်ထားတဲ့ အခန်း တွေမှာ ရှိကြတာပါ။ နောက်ဆုံး ကျန်တဲ့ ပျားဘုရင်မ လောင်းကတော့ ဥကွဲပြီး ပိုးလောင်း ဘ၀ကနေ တဖြည်းဖြည်း သူ့ရဲ့အခန်း ထဲမှာ ကြီးပြင်း လာပါတယ်။
ပျားဘုရင်မ လောင်းဟာ ပျားဘ၀ ရောက်တာနဲ့ တစ်ပြိုင်နက် ပျားအုံထဲက သူ့ရဲ့ ပြိုင်ဘက် တွေကို လိုက်သတ် ပါတယ်။ သူ့ရဲ့ ပြိုင်ဘက်တွေ ထဲမှာ ပျားဘ၀ မရောက်သေးတဲ့ ပိုးလောင်း တွေတောင် ပါပါတယ်။ အဲဒီနောက် မှာတော့ ပျားအုံ တစ်ခုလုံးရဲ့ အသိအမှတ် ပြုခံရတဲ့ ပျားဘု ရင်မ ဖြစ်လာ ခဲ့ပါတယ်။ ပျားဘုရင်မဟာ တခြားပျား တွေနဲ့ အရွယ်အစားရော သဘာဝပါ မတူတဲ့ အပြင် အရွယ်အစား အကြီးဆုံးပါ။ ဒါ့အပြင် ပျားဘုရင်မကို ရှာရလွယ်အောင် သူ့ရဲ့ ကျောဘက်မှာ ထင်ရှားတဲ့ အရောင်နဲ့ ပျားလုပ်သား တွေက မှတ်သား ထားပါတယ်။ ပျားဘုရင်မ ဟာ ကျန်းမာ သန်စွမ်းပြီး ဥဥနိုင် စွမ်းလည်း ကောင်းရပါတယ်။ အထူးသဖြင့် သူဟာ လုပ်ငန်းနှစ်မျိုး လုပ်ပါတယ်။ ပျားအုံမှာ ရှိတဲ့ ပျားတွေ ညီ ညွတ်အောင် အနံ့တစ်မျိုး ထုတ်ခြင်းနဲ့ ဥများများ ဥခြင်းပါပဲ။ ပျားအုံ တစ်အုံလုံးမှာ သူမှာသာ ကောင်းမွန်စွာ အလုပ်လုပ်တဲ့ သားအိမ် ရှိတာ ကြောင့် ပျားအုံ တစ်အုံလုံး တစ်ခန်းဝင် တစ်ခန်းထွက် ဥဥရာမှာ စက္ကန့် ၃၀ကို တစ်ဥနှုန်းနဲ့ တစ်နေ့ကို ဥ ၁၅၀၀လောက် ဥပါတယ်။ ဒါကြောင့် တခြားပျား တွေက ပျားဘုရင်မကို လိုက်စောင့်ရှောက် ရပါတယ်။ ဒီလောက် များတဲ့ နေရာတွေ၊ တစ်နေရာက တစ်နေရာ၊ တစ်ခန်းကနေ တစ်ခန်း သွားတဲ့အခါ သူ့ရဲ့ အနားမှာ ရှိတဲ့ ပျားတွေရဲ့ အကူအညီ ယူရပါတယ်။ ဥပမာ ဆိုရင် လုပ်သားပျား တွေအပေါ် ကနေ နင်းဖြတ် သွားတာ မျိုးပေါ့။
ပျားဘုရင်မဟာ အနည်းဆုံး နှစ်နှစ် အထိ နေနိုင် ပါတယ်။ ဒါပေမယ့် သူ့သက်တမ်း ကြာလေ ဥဥနိုင်စွမ်း ကျလာလေပါပဲ။ စိတ်မကောင်း စရာ တစ်ခု ကတော့ ပျားဘုရင်မ တစ်ကောင်ဟာ တစ်နှစ် လောက်ပဲ နေရလို့ပါ။ လုပ်သားပျား တွေပာာ နွေဦးရာသီ ရောက်တိုင်း ပျားဘုရင်မ အ သစ်လဲ ကြပါတယ်။ သူတို့ ကိုလည်း အပြစ်ဆိုလို့ မရပါဘူး။ ပျားဘုရင်မ အဟောင်းနဲ့ စာရင် ပျားဘုရင်မ အသစ် ကသာ ဥဥနိုင်တဲ့ နေရာမှာ ပိုကောင်း လို့ပါတဲ့။ အကယ်၍ ဘုရင်မ အသစ် မလဲခဲ့ရင် ပျားအုံတွင်းက ပျားကောင်ရေ ကျသွားပြီး ပျားရည် စုနိုင်စွမ်းလည်း ကျသွား မှာပါ။ ပျား ဘုရင်မ အကြောင်း ကတော့ ဒီလောက်ပါပဲ။ ပျားတွေဟာ ရန်ပြုလွယ်တဲ့ သတ္တ၀ါတွေ မဟုတ်ပါဘူး။ သူတို့ကို ရန်ပြုမှ ခုခံတဲ့ အနေနဲ့ တိုက်ခိုက် ကြပါတယ်။ ပျားအုံက ရတဲ့ ပျားရည်ဟာ ဆေးစွမ်း ထက်ပါတယ်။ နေရာ တော်တော် များများမှာလဲ သုံးလို့ ရပါတယ်။ ဒါပေမယ့် လူတွေက ပျားရည် ရလိုဇောနဲ့ ပျားအုံ ဖွတ်တဲ့ ဓလေ့ကို လျှော့သင့် ပါတယ်။ ဒါမှ နှစ်ဦးနှစ်ဘက် အကျိုးရှိ ကြမှာပါလို့ အကြုံပြုရင်း ပျားဘုရင်မ အကြောင်း စာပုဒ်ကို နိဂုံးချုပ် လိုက်ရ ပါတယ်။
Images from ucanr.edu, cdn1.arkive, sierrafoothillbeekeepers. Source: dummies.com
AuthorPaing Hmu Ko
MYMC