ဒေါသ၀င်လာရင် ဖြေဖျောက်နည်း (11)နည်း



(1)မေတ္တာပွား၍ဖျောက်ခြင်း
(2)မြတ်စွာဘုရား၏ အဆုံးအမ သြ၀ါဒကို ဆင်ခြင်၍ဖျောက်ခြင်း
(3)ရန်သူ၏ကောင်းကွက်ကိုရှာ၍ဖျောက်ခြင်း
(4)သနား၍ဖျောက်ခြင်း
(5)မိမိကိုယ်ကိုဆုံးမ၍ဖျောက်ခြင်း
(6)ကမ္မဿ ကတာဉာဏ်ဖြင့်ဖျောက်ခြင်း (ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့သိတဲ့ဉာဏ်)
(7)သည်းခံပုံဇာတ်တော်လာများဖြင့် ဖျောက်ခြင်း
(8)သံသရာတလျှောက်၌ ဆွေမျိုးမတော်ခဲ့သူမရှိဟု ဆင်ခြင်၍ဖျောက်ခြင်း
(9)မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း
(10)ဓာတ်ခွဲ၍ဖျောက်ခြင်း
(11)ဥစ္စာပေး၍ဖျောက်ခြင်း

နံပါတ်(1)ကတော့ ထုံးစံအတိုင်းမေတ္တာသုတ်ရွတ်တာတို့၊မေတ္တာပို့တာတို့ကိုဆိုလိုပါတယ်

နံပါတ်(2)ကတော့ ဘုရားဟောတွေကိုဆင်ခြင်သုံးသပ် သံဝေဂရပြီး ဖြေဖျောက်တာကိုဆိုလိုပါတယ်

နံပါတ်(3)ကတော့ ကိုယ်ဒေါသထွက်သူရဲ့ကောင်းကွက်လေးတွေကို စဉ်းစားပြီးဖြေလျှော့တာကိုပြောတာပါ

နံပါတ်(4)ကတော့ သူ့ရဲ့သနားစရာ အဖြစ်အပျက်တွေကို တွေး၍ဖျောက်ခြင်းကို ဆိုလိုပါတယ်

နံပါတ်(5)ကတော့ ကိုယ့်ကိုကိုယ် ငါဒီလိုဒေါသ မထွက်သင့်ဘူး စသည်ဖြင့် ဆုံးမပြီးဖြေဖျောက်တာ ကိုပြောတာပါ

နံပါတ်(6)ကတော့ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ ဆင်ခြင်ပြီး ဖြေဖျောက်တာပါတဲ့

နံပါတ်(7)ကတော့ ဘုရားလောင်းရဲ့ ဇာတ်တော်တွေထဲကသည်းခံပုံတွေကို ပမာပြုပြီးမိမိကိုယ်ကို ဆုံးမခြင်ပြီးဖြေလျှော့တာပါ

နံပါတ်(8)ကတော့ ကိုယ်နဲ့သူသံသရာတစ်ကွေ့ ဘ၀တစ်ခုခုမှာ ဆွေမျိုး တော်ချင်တော်နေမှာ၊ သူဟာကိုယ့်မိဘ၊ မောင်နှမစသည်ဖြင့် တော်ချင်တော်ခဲ့မှာဆိုပြီး ဖြေဖျောက်တာပါ

နံပါတ်(9)ကတော့ မေတ္တာပွားခြင်းအကျိုးတွေကို ဆင်ခြင်ပြီးဖြေဖျောက်တာပါ

နံပါတ်(10)ကတော့ ပြဿ နာကို အစိတ်စိတ်ပိုင်းပြီး သေချာဆင်ခြင်၍ အကြောင်းရင်းရှာပြီး ဖြေရှင်းတာ ကိုပြောတာပါ

နံပါတ်(11)ကတော့ ရန်ငြိုးပြေလိုပြေငြား သူကြိုတ်တတ်တဲ့ ပစ္စည်းပေးပြီး ဖြေဖျောက်တာပါ (ကိုယ်က စလျှော့တာပေါ့)

ဆရာတော် ရဝေနွယ်(အင်းမ) ရဲ့ မေတ္တာအတွေးများ စာအုပ်ထဲမှကောက်နှုတ်ဖော်ပြပါသည်။
ပြည်မြန်မာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...