ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမားများပုံပါသည့် စတစ်ကာပေါင်း သုံးသိန်းခန့် ဘရာဇီးတွင် အခိုးခံရ


အောင်သုတ

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် ဘရာဇီးနိုင်ငံရှိ ရီယိုဒီဂျနေးရိုးမြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကစား သမားများပုံပါဝင်သည့် စတစ်ကာပေါင်း သုံးသိန်းခန့်မှာ လှည့်လည် ပို့ဆောင်နေစဉ်အတွင်း ခိုးယူခံခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကျင်းပခဲ့သည့် ၁၉၇၀ ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့ကာ တစ်ကမ္ဘာလုံး မှဘောလုံးပရိသတ်များ မက်မောနှစ်ခြိုက် ကြသည့် ယင်းစတစ်ကာကပ်ခွာပုံများအား ရီယိုဒီဂျနေးရိုးမြို့ အတွင်းရှိ စာနယ်ဇင်းအရောင်းဆိုင်များသို့ လှည့်လည်ပို့ဆောင်နေစဉ်အတွင်း သူ ခိုးများက ခိုးယူ ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယင်းစတစ်ကာပုံများကို ပြုလုပ်ဖြန့်ချိသည့် Panini ကုမ္ပဏီကမူ ရီယိုဒီဂျနေးရိုးမြို့အတွင်း စတစ် ကာပုံများ ပြတ်လပ်သွားမှုမရှိအောင် ဖြည့်တင်းထားပြီးဖြစ်ကြောင်းနှင့် နာမည်ကျော်များဖြစ်ကြသည့် မက်ဆီ၊ စီရော်နယ်ဒို၊ နေမာတို့၏ စတစ် ကာပုံများ လျော့နည်းသွားမည်မဟုတ်ကြောင်း ဆိုသည်။

Panini ကုမ္ပဏီကမူ စတစ်ကာများကို ခိုးယူသွားသည့်သူခိုးများနှင့် ပတ်သက်၍မည်သို့မျှ ထုတ်ဖော်ပြော ဆိုခြင်းမရှိဘဲ မီဒီယာများ၏မေးမြန်းမှု ကိုလည်း ပြောရေးဆိုခွင့်ရသူတစ်ဦးက အပြည့်အစုံပြောဆို ရှင်းလင်းခဲ့ခြင်းမရှိခဲ့ပေ။

၎င်းတို့အနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာ ဇီးနိုင်ငံတွင် ယင်းကဲ့သို့ စတစ်ကာ အယ်လ်ဘမ်ပေါင်း ရှစ်သန်းခန့် ဖြန့်ဖြူးရောင်းချရရန် ရည်မှန်းထားသည်။ ၂၀၁၀ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမ တိုင်မီကလည်း ဘရာဇီးနိုင်ငံ၊ ဆာအိုပေါ်လိုမြို့တွင် စတစ်ကာသိုလှောင်ရုံတစ်ခုဖောက်ထွင်းခံခဲ့ရပြီး စတစ်ကာအထုပ်ငယ်ပေါင်း ၁၃၅၀၀၀ ခန့် အခိုးခံခဲ့ရသည်။

ရည်ညွှန်း - ရိုက်တာ
Mizzima - News in Burmese

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...