ဝေဖန်မှုအများအပြားနဲ့ ရင်ဆိုင်နေရတဲ့ Avril Lavigne ရဲ့ ‘Hello Kitty’ ဂီတဗီဒီယို



အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ရော့ခ်အဆိုတော်မလေး Avril Lavigne ဟာ “Hello Kitty’’ လို့  နာမည်ပေးထားတဲ့ ဂီတဗီဒီယိုအသစ်ကို အင်္ဂါနေ့ က ထုတ်လိုက်တာပါ။ ဒါပေမယ့် ဒီ ဗီဒီယိုမှာ အငြင်းပွားစရာ ရိုက်ကွက်နဲ့ သီချင်းရဲ့ စာသားတွေကြောင့် ချက်ချင်းပဲ Youtube ကနေ ပြန်လည်ဖယ်ရှား ခဲ့ရပါတယ်။

“Hello Kitty” သီချင်းနဲ့ ပတ်သတ်ပြီး Avril Lavigne တစ်ယောက်ရတဲ့ မှတ်ချက်တွေကတော့ ဖြုံလောက် ပါတယ်။ ‘သူမသီချင်းတွေထဲမှာ အဆိုးရွားဆုံးသီချင်း’ ‘လူမျိုးရေးခွဲခြားသူ’ ‘ပေါ့ဂီတရဲ့ အမှိုက်ထုပ်’ စတဲ့ မှတ်ချက်ပေးချက်တွေကြောင့် ဗီဒီယိုကို ချက်ချင်းပြန်ဖျက်ပစ်ခဲ့ရတာပါ။

ဒါပေမယ့် ဒီဗီဒီယိုကို သူမရဲ့ Youtube channel မှာ မနေ့ က ပြန်လည်တင်ပေးခဲ့ပါတယ်။ ဒီတစ်ခါလည်း မှတ်ချက်ပေးသူတွေဟာ ဒီသီချင်းနဲ့ ဗီဒီယိုရဲ့ ဆိုးရွားလှတဲ့ အကြောင်းကိုပဲ ပြောဆိုနေကြတာကို တွေ့ ရမှာ ပါ။ ဒီနေ့ ထိ “Hello Kitty” ဂီတဗီဒီယိုဟာ Dislike လုပ်သူပေါင်း ၄၃၀၀ ကျော် ရရှိထားပါပြီ။

ဒီ သီချင်းကို သူမရဲ့ ယောင်္ကျားဖြစ်သူ Nickelback တီးဝိုင်း ခေါင်းဆောင်အဆိုတော် Chad Kroeger က ပါဝင်ရေးစပ်ပေးထားပြီး Dubstep ပုံစံတစ်ချို့ ကို ပေါ့ပ်ဂီတနဲ့ ရောသမမွှေထားတဲ့ သီချင်းဖြစ်ပါတယ်။ Avril Lavigne ရဲ့ သီချင်းတွေထဲမှာတော့ အဆိုးရွားဆုံးနဲ့ အညံ့ဆုံးသီချင်းတစ်ပုဒ်ဆိုတာ နားထောင်ကြည့်ရင် သိရပါလိမ့်မယ်။

http://www.youtube.com/watch?feature=player_embedded&v=v-Kcgqh8f40

Ref: eonline.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...