ဗြိတိန်ပြည်ဝင်ခွင့်အတွက် မြန်မာကျောင်းသားများ တီဘီရောဂါဆေးစစ်ရမည်
ဗြိတိန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမည့် ကျောင်းသားအပါအဝင် အလုပ်လုပ်ကိုင်မည့်သူများ၊ အခြေချနေထိုင်သူများအနေဖြင့် ပြည်ဝင်ခွင့်မလျှောက်ထားမီ တီဘီရောဂါကြိုတင်စစ်ဆေးရန် သတ် မှတ်လိုက်ကြောင်း ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးက သတင်းထုတ်ပြန်သည်။
ဗြိတိန်နိုင်ငံတွင် ခြောက်လထက်ပို၍ နေထိုင်ရန်မြန်မာနိုင်ငံမှ ပြည်ဝင်ခွင့်လျှောက်ထားသူများ တီဘီ ရောဂါစစ်ဆေးရန် လိုအပ်မည်ဖြစ်ပြီး ကာလတိုသွားရောက်မည့်သူများအနေဖြင့် လိုအပ်မည် မဟုတ် ကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သော တီဘီရောဂါဖြစ်ပွားနှုန်း မြင့်မားမှုအပေါ် အခြေခံ ၍ မြန်မာ နိုင်ငံအပါအဝင် ၆၇ နိုင်ငံကိုပြည်ဝင်ခွင့်မလျှောက်ထားမီ တီဘီရောဂါစစ်ဆေးရန် ဗြိတိန်အစိုးရ က ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် ၂၀၁၄ ခုနှစ်ဧပြီလ ၂၀ ရက်တွင် တင်သွင်းသောလျှောက်လွှာများမှ စတင်အကျုံးဝင်မည်ဖြစ်သည်။
“ကျောင်းသားတွေအတွက် တီဘီရောဂါစစ်ဆေးခ ထပ်ကုန်ကျတော့မှာပေါ့။ တီဘီရောဂါပိုး ရှိတဲ့ ကျောင်းသားတွေလည်း ဒီမှာပျောက်အောင်ကုသွားရတော့မယ်။ ဗြိတိန်သွားတဲ့ ကျောင်းသားတွေ ပုံမှန်တော့ရှိနေပါတယ်။ ဒါပေမဲ့ အရင်သွားတဲ့ပုံစံမျိုးတော့ မရှိတော့ဘူး” ဟု နိုင်ငံတကာ ပညာရေး ဝန် ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။
ဗြိတိန်ပြည်ဝင်ခွင့်အတွက် တီဘီရောဂါစစ်ဆေးရာတွင် ဗြိတိန်အစိုးရက အတည်ပြုထားသော ပန်းလှိုင် ဆေးရုံမှ လက်မှတ်ကိုမလွဲမသွေ ရယူရမည်ဖြစ်ပြီး ဆေးစစ်ခမှာ အရွယ်ရောက်သူများအတွက် ကျပ်သိန်းနှစ်သောင်းဖြစ်သည်။
7Day News Journal
Vol.13, No.7, April.23, 2014