အမေရိကန်အစိုးရ ပညာသင်ဆုအစီအစဉ်လျှောက်လွှာများ ဖိတ်ခေါ်



၂၀၁၅ ခုနှစ်အတွက် အမေရိကန်အစိုးရ၏ ပညာသင်ဆုအစီအစဉ်များဖြစ်သော ဖူးဘရိုက်နိုင်ငံခြားဘာ သာသင်ကြားရေး အထောက်အကူပြုပညာသင်ဆု (FLTA)၊ ဖူးဘရိုက်နိုင်ငံခြားကျောင်းသားပညာသင် ဆုနဲ့ ဟမ်ဖရီဖယ်လိုးရှစ် အစီအစဉ်များလျှောက်ထားရန် အမေရိကန်သံရုံးက ဖိတ်ခေါ်ထားသည်။

ဖူးဘရိုက်နိုင်ငံခြားဘာသာသင်ကြားရေး အထောက်အကူပြုပညာသင်ဆုသည် မြန်မာလူငယ်အင်္ဂလိပ် ဆရာများ၏ သင်ကြားရေးနှင့် အင်္ဂလိပ်ဘာသာစွမ်းရည်မြင့်မားစေရန်ရည်ရွယ်၍ ပညာသင်ဆုထောက် ပံ့ခြင်းဖြစ်သည်။

၎င်းတို့သည် အမေရိကန်တက္ကသိုလ်များတွင် ပညာသင်ယူနေစဉ်မှာပင် တက္ကသိုလ်တွင် မြန်မာ ဘာသာ စကားသင်ကြားရေး၌ ကူညီပံ့ပိုးရမည်ဖြစ်ပြီး ပညာသင်ကာလမှာ ကိုးလကြာမြင့်မည်ဖြစ် သည်။

ဖူးဘရိုက်နိုင်ငံခြားကျောင်းသား ပညာသင်ဆုသည် အမေရိကန်တက္ကသိုလ်များတွင် မဟာဘွဲ့ပညာ သင်ယူလိုသော မြန်မာကျောင်းသားများအတွက် ထောက်ပံ့ခြင်းဖြစ်ပြီး ခေါင်းဆောင်မှုစွမ်းရည်၊ အကယ်ဒမစ်ပညာရေး၊ ရင့်ကျက်မှုစသည့် အရည်အချင်းရှိသူများကို ရွေးချယ်သွားမည်ဖြစ်သည်။

ဟမ်ဖရီဖယ်လိုးရှစ် အစီအစဉ်သည် နိုင်ငံ့ခေါင်းဆောင်စွမ်းရည် အလားအလာရှိသူ၊ အများပြည်သူနှင့်ျ ပုဂ္ဂလိကကဏ္ဍတို့ကို အကျိုးပြုရန်စိတ်ပိုင်းဖြတ်ထားသူများကို ဘွဲ့လွန်အဆင့် အကယ်ဒမစ်သင်ခန်း စာနှင့် ပရော်ဖက်ရှင်နယ် အတွေ့အကြုံများ သင်ကြားပို့ချပေးမည့် အစီအစဉ်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် တစ်နှစ်ကြာ သွားရောက်လေ့လာသင်ယူရမည့် အခွင့်အလမ်းအတွက် ပညာရှင် များ၊ ပါမောက္ခများနှင့် ပရော်ဖက်ရှင်နယ်လုပ်ငန်း အတွေ့အကြုံအနည်းဆုံး ငါးနှစ်ရှိသူများလျှောက် ထားနိုင် မည်ဖြစ်သည်။

အထက်ပါအမေရိကန် အစိုးရပညာသင်ဆုအစီအစဉ်များကို ဇွန်လ ၂၀ ရက်နောက်ဆုံးထားလျှောက် ထားရန် သံရုံးကကြေညာထားပြီး အသေးစိတ်ကို www.burma.usembassy.gov တွင်ဝင်ရောက် လေ့ လာနိုင်သည်။

7Day News Journal
Vol.13, No.7, April.23, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...