မြန်မာကျောင်းသားများ စင်ကာပူပညာသင်ဆု လျှောက်ထားနိုင်
စင်ကာပူ ဂျီစီအီးအေအဆင့်ရှိ လေးနှစ်ကြာမြင့်မည့် အာဆီယံပညာသင်ဆု အစီအစဉ်ကို မြန်မာကျောင်း သားများ မေလကုန်တွင် နောက်ဆုံးလျှောက်ထားနိုင်ကြောင်း စင်ကာပူပညာရေးဝန်ကြီးဌာန ကကြေညာ ထားသည်။
စင်ကာပူနိုင်ငံရှိ အလယ်တန်းကျောင်းနှင့် တက္ကသိုလ်အကြိုတန်းတို့တွင် ပညာသင်ယူရန် ၁၉၉၈ မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးဖွား၍ အဋ္ဌမတန်းပြီးဆုံးထားသော မြန်မာကျောင်းသားများ လျှောက်ထား နိုင် မည်ဖြစ်သည်။
မြန်မာကျောင်းသားများအတွက် စင်ကာပူပညာသင်ဆု အစီအစဉ်ကို မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီး ဌာနက ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေနှင့်လူတွေ့စစ်ဆေးခြင်းကို ရန်ကုန်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း စင်ကာပူပညာဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
စင်ကာပူပညာသင်ဆုလျှောက်ထားလိုသော မြန်မာကျောင်းသားများအနေဖြင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကောင်းမွန်၍ ကျောင်းစာမေးပွဲများကို ထူးချွန်စွာအောင်မြင်ထားရန် အရည်အချင်းသတ်မှတ် ထားသည်။
ပညာသင်ဆု အစီအစဉ်အတွက် ရေးဖြေစာမေးပွဲကို ဇွန်လနှင့်လူတွေ့စစ်ဆေးခြင်းကို စက်တင်ဘာ တွင် ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို အောက်တိုဘာတွင် ထုတ်ပြန်၍ နိုဝင်ဘာတွင် စင်ကာပူ နိုင်ငံသို့ သွားရောက်ရမည် ဖြစ်သည်။
မြန်မာကျောင်းသားများအတွက် အာဆီယံပညာသင်ဆုအစီအစဉ်ကို www.moe.gov.sg တွင် ဝင် ရောက်လေ့လာကြည့်ရှုနိုင်သလို ဗဟန်းမြို့နယ်ရှိစင်ကာပူသံရုံးသို့ ဆက်သွယ်မေးမြန်းလျှောက် ထား နိုင်မည်ဖြစ်သည်။
7Day News Journal
Vol.13, No.7, April.23, 2014