ပရိုတင်းများများစားပြီး လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသမီးများတွင် ကယ်လိုရီလောင်ကျွမ်းမှုပိုများ


Health Updates Journal No. 113

လေ့လာမှုတစ်ခုအရ အမျိုးသမီးများအနေဖြင့် ကယ်လိုရီများများ လောင်ကျွမ်းရန်အတွက် ပရိုတင်း မြင့်မားစွာ ပါဝင်သည့်အစာစားပြီးနောက် နာရီဝက်၊ တစ်နာရီခန့်အတန်အသင့်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု အား လုပ်ပေးသင့်ကြောင်း သိရသည်။ လေ့လာမှုအား University of Arkans မှလုပ်ဆောင် ခဲ့ခြင်း ဖြစ်ပြီး အစားအစာအား ခြေဖျက်၊ အသုံးပြု၊သိမ်းထားရန် လိုအပ်သည့် စွမ်းအင်ပမာဏနှင့် လေ့ကျင့်ခန်း လုပ်ခြင်း တို့၏ အပြန်အလှန်သက်ရောက်ပုံအားသိရရန် ရည်ရွယ်ချက်ထား လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။ လေ့လာ သူများက ပရိုတင်းများများ စားခြင်းနှင့်ပရိုတင်းလည်းစား လေ့ကျင့်ခန်းလည်း လုပ်ခြင်း၏ရလဒ် အား စောင့်ကြည့်ခဲ့သည်။

ရလဒ်များအရ ပရိုတင်းပမာဏများများ စားခြင်းက အစာအငတ်ခံနေသည့် အချိန်ထက် ကယ်လိုရီလောင် ကျွမ်းမှု များပိုများပြီး ပရိုတင်းများများစား ပြီး လေ့ကျင့်ခန်းလုပ်ခြင်းက ကယ်လိုရီလောင်ကျွမ်းမှုအား အဆမတန် မြင့်မားစေကြောင်း သိရသည်။ ပရိုတင်းပမာဏချည်း များများစား၍ လေ့ကျင့်ခန်းမလုပ်ခြင်းက ခန္ဓာကိုယ်အား ပရိုတင်းများ ချေဖျက်မှုကို ပိုမိုအားပေးပြီး ကြွက်သားထုထည်ပါ လျော့ကျလာနိုင်သည်ဟု သတိပေးခဲ့သည်။ ထို့ပြင် အမျိုးသမီးများက အမျိုးသားများထက် ကယ် လိုရီလောင်ကျွမ်းမှုပိုများကြောင်း သိရသည်။

အပိန်လေး
ref: Medindia

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...