အမေရိကန်ဒေါ်လာ ၅၀၀၀ တန် အမေရိကန်ပညာသင်ဆု လျှောက်ထားနိုင်



အမေရိကန်နိုင်ငံ Providence မြို့ရှိ Johnson & Wales University ၏ သြဂုတ်လကျောင်းဖွင့်ချိန် အတွက် ဒေါ်လာ ၅၀၀၀ ကိုပညာသင်ဆုအဖြစ် AT&S မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များစွာထဲတွင် ပညာသင်ကြားရေးသက်တမ်းပေါင်း ၁၀၀ ကျော်ခန့်ရှိ သော Johnson & Wales University သည် မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ ကိုပညာသင်ဆုအဖြစ် ပေးအပ်နေပြီဖြစ်ကြောင်း JWU ၏ တရားဝင် ကိုယ် စားပြုအတိုင်ပင်ခံဖြစ်သော AT&S မှ သိရသည်။

“JWU မှဘွဲ့ဒီဂရီတန်းအဖြစ် စီးပွားရေးဘာသာရပ်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာဘာသာ ရပ်များ၊ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်များ၊ လူထုဆက်ဆံရေးဘာသာရပ်များ၊ စိတ်ပညာ ဘာသာရပ်တွေ အခြားအထူးပြုဘာသာရပ်ပေါင်းများစွာကို သင်ကြားပေးပါတယ်” ဟု AT&S မှတာ ဝန်ရှိသူတစ်ဦးကပြောသည်။

ထူးခြားချက်အနေဖြင့် အစားအစာချက်နည်းပြုတ်နည်းကို အထူးပြုဘာသာရပ်အမျိုးမျိုးဖြင့် သင်ယူလို သူများအတွက်လည်း သင်ကြားပေးသူများအတွက်လည်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အသိအမှတ်ပြုဘွဲ့ဒီဂရီရရှိပြီး ကျောင်းသားများသည် MBA ဘွဲ့လွန်ဒီဂရီကို အိုင်တီ၊ စာရင်းကိုင်၊ ခရီး သွားလာရေးစသည့် အထူးပြုဘာသာရပ်များဖြင့် လေ့လာနိုင်ပြီး MSc (Criminal Justice Manage-ment), Doctorate of Education (Educational Leadership) တို့ကိုလည်း လျှောက်ထား တတ် ရောက်နိုင်ကြောင်း သိရသည်။

ဘွဲ့ဒီဂရီတန်း တက်ရောက်မည့် ကျောင်းသားများသည် အခြေခံပညာအထက်တန်းအောင်မြင်ပြီး IELTS (6.5) အမှတ်ရှိထားရမည်ဖြစ်ပြီး IGCSE Exam ကိုအင်္ဂလိပ်စာ အပါအဝင်ဖြေဆိုအောင်မြင် ထားသူ များ လျှောက်ထားနိုင်ပြီး ဘွဲ့လွန်ဒီဂရီတန်းတက်ရောက်မည့် ကျောင်းသားများသည် GPA (2.8) အထက် ရရှိထားပါက GMAT ရမှတ်တင်ပြစရာမလိုဘဲ IELTS (6.5) နှင့်အတူ လျှောက်ထားနိုင် ခြင်းဖြစ်သည်။

Johnson & Wales University သို့ ကျောင်းလျှောက်လိုသူများအနေဖြင့် ၂၀၁၄ ခုနှစ်အတွက် စက် တင်ဘာနှင့် ဒီဇင်ဘာလကျောင်းဖွင့်ချိန်များအတွက် လျှောက်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်တွင် သတ်မှတ်ထားသည့် ပုံမှန်ပညာရေးလမ်းကြောင်းမှာ ဘွဲ့ဒီဂရီတစ်ခု ရရှိရန်အတွက် Academic ဆိုင်ရာ ဘာသာရပ်များကို အဓိကထားသင်ကြားလျက်ရှိပြီး ထူးခြားချက်အနေဖြင့် John-son & Wales University သည်ကျောင်းသား၊ ကျောင်းသူများအတွက် အမှန်တကယ် တတ်မြောက် ကျွမ်း ကျင်သော ဘွဲ့ရတစ်ယောက်ဖြစ်ရန် ရည်ရွယ်ပြီးသင်ကြားရေးတွင် လက်တွေ့ပိုင်းကို ဦးစားပေး သင်ကြားပေးပြီး လုပ်ငန်းခွင်ထဲမှ အောင်မြင်သောဘာသာရပ်အလိုက် ကျွမ်းကျင်သောသူများနှင့်ပါ အားဖြည့် သင်ကြားပေးသောကြောင့် လုပ်ငန်းခွင်ထဲမှ အောင်မြင်သောဘာသာရပ်အလိုက် ကျွမ်း ကျင် သောသူများနှင့်ပါ အားဖြည့်သင်ကြားပေးသောကြောင့် လုပ်ငန်းခွင်အတွေ့အကြုံများကိုပါ လေ့လာ သင်ယူနိုင်မည်ဖြစ်ပါသည်။

“JWU နဲ့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီများတွေမှာလဲ စာသင်ကြားနေစဉ်ကာလမှာ လက်တွေ့လုပ်ငန်းခွင် ဆင်းခွင့်တွေကို ရရှိနိုင်မှဖြစ်တယ်” ဟု AT&S မှတာဝန်ရှိသူတစ်ဦးကပြောသည်။

နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ကျောင်းသားများ ပညာသင်ယူလျက်ရှိသော JWU အဓိကကျောင်းဝင်းသည် New England ဒေသတွင် တတိယအကြီးဆုံးမြို့တော်ဖြစ်သည့် Providence ၏မြို့လယ်တွင်တည်ရှိ ပြီး New York မြို့နှင့် နှစ်နာရီသာကွာဝေးကြောင်း သိရသည်။

အမေရိက၏ အထင်ကရ မြို့တော်များဖြစ်သည့် Miami, Charlotte, Denver မြို့များတွင်လည်း ကျောင်းခွဲ များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အသေးစိတ်သိရှိလိုသူများသည် AT&S တို့သို့ ဆက်သွယ်စုံစမ်းနိုင် သည်။

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၇၄)၊ မေလ(၂၂) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...