မူးယစ်ဆေး အလွန်အကျွံ သုံးမှုကြောင့် ဆေးလွန်သူများကို ကယ်ဆယ်နိုင်ရန် နယူးယောက် ရဲများ ဖြေဆေးဆောင်ရမည်


နယူးယောက်ခ်

ရည်မွန်အောင်

နယူးယောက်ခ်မြို့၌ မကြာသေးမီနှစ်များတွင် ဟီရိုးအင်းနှင့် ဆက်စပ်ပြီး လူသေဆုံးမှု များပြား လာ နေသောကြောင့် မြို့ရှိ ရဲအရာရှိ များသည် ဟီရိုးအင်း အလွန်အကျွံ သုံးစွဲထား သူများအား အချိန်မီ အသက် ကယ်နိုင်ရေး အတွက် ဖြေဆေးများကိုပါ တစ်ပါတည်း သယ်ဆောင်ကာ တာဝန်ထမ်း ဆောင် ရတော့မည်ဖြစ်ကြောင်း သိရသည်။

အခြားသော မြို့နယ်များတွင် ဟီရိုး အင်းဖြေဆေးများကြောင့် လူပေါင်းများစွာ၏ အသက်ကို ကယ်ဆယ်နိုင် ခဲ့သည့် သက်သေများရှိ နေပြီ ဖြစ် ကြောင်း နယူးယောက်ခ်မြို့၏ ရှေ့နေချုပ် အဲရစ်ရှနိုက်ဒါမန်က ပြောဆိုခဲ့ သည်။ နယူးယောက်ခ်မြို့ ၌ ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း ဟီရိုးအင်း အလွန် အကျွံသုံးစွဲမှု ဖြင့် သေဆုံး သူဦးရေသည် (၇၁) ရာခိုင်နှုန်း တိုးတက်များပြားလာခဲ့ကြောင်း မြို့အရာရှိ များက ပြောဆိုခဲ့သည်။

ဖြေဆေးဆိုင်ရာ ပစ္စည်း တစ်ခုစီတွင် ဆေးထိုး ပြွန်နှစ်ခုနှင့် နာလိုဇွန်ရှုသွင်းသည့် ကိရိယာနှစ်ခုတို့ ပါဝင် မည်ဖြစ်ပြီး၊ ပစ္စည်း တစ်ခုစီအတွက် ဒေါ်လာ(၆၀) စီ ကုန်ကျမည် ဖြစ်ကာ ပစ္စည်းသက်တမ်း မှာ နှစ်နှစ် ဖြစ်ကြောင်း သိရသည်။

နယူးယောက်ခ်ပြည်နယ်တွင် ၎င်း ပစ္စည်းများဝယ်ယူအသုံးပြုနိုင်ရေးအတွက် နယူးယောက်ခ်ပြည်နယ်သည် ရာဇ၀တ်မှု ကျူးလွန်သူများထံမှ ပိတ်သိမ်းထားသည့် ဒေါ်လာ (၁ ဒသမ ၂) သန်းကို အသုံးပြုမည် ဖြစ် သည်။ ဖြေဆေးများကြောင့် ယမန်နှစ်တွင် နယူးယောက်ခ်မြို့ရှိ ဆက်ဖော့ခ်အရပ်၌ လူ (၅၆၃)ဦးတို့၏ အသက်ကို ကယ်တင် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ရှေ့နေချုပ်က ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့ဝင် များအား ဖြေဆေး များသယ် ဆောင်ခိုင်းသည့် အစီအစဉ်ကို မက်ဆာချူး ဆက်ပြည်နယ် ကွင်စီအရပ်တွင် စတင်ခဲ့ခြင်း ဖြစ် ပြီး ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များသည် လူ (၂၁၁)ဦးတို့ကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်သည်။

Source:BBC
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...