James Cook University ၏ ဇွန်လ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်



သြစတြေးလျနိုင်ငံ၏ စင်ကာပူ ကျောင်းခွဲတစ်ခုဖြစ်သော James Cook University တွင် တက်ရောက် လိုသူ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် ဇွန်လကျောင်းဖွင့်ချိန် အတွက် လျှောက်ထားနိုင် မည် ဖြစ်ပြီး ကျောင်းလျှောက်ထားသူများ အတွက်လည်း အမှတ်တရ i-pad လက်ဆောင်များကို ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် ပညာသင် ကြား၍ သြစတြေးလျ မှ တိုက်ရိုက် ချီးမြှင့်သော ဘွဲ့၊ဒီဂရီများကို ရယူနိုင်မည့် အပြင် စီးပွားရေး ဘွဲ့ဒီဂရီများ အနေဖြင့် Hospitality & Tourism Management, International Business, Marketing, Sports & Events Management, Management,Accounting တို့ ကို ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်သည်။ အိုင်တီ ဘာသာရပ်ကို စိတ်ပါဝင်စားသူများ အတွက် Computing and Networking, Interactive Technologies and Games Design တို့ကို ရွေးချယ် နိုင်ပြီး Bachelor of Arts (Psychology), Bachelor of Psychology, Bachelor of Business and Environmental Science, Bachelor of Education (Early Childhood Education) တို့ကို တက်ရောက်နိုင်မည် ဖြစ်သည်။

ဘွဲ့လွန် ဒီဂရီများအနေဖြင့် Master of Business Administration (MBA), Master of Professional Accounting (MPA) တို့ကို ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်သည့်အပြင် Joint Degree အနေဖြင့် MPA နှင့် MBA ကိုလည်း တွဲပြီး တက်ရောက် နိုင်မည် ဖြစ်သည်။ Master of Infromation Technology (MIT) ကို ရွေးချယ်နိုင်သကဲ့သို့ MIT နှင့် MBA ကိုလည်း ပူးတွဲ တက်ရောက်နိုင်မည်ဖြစ်သည်။ အခြား Master Degree များ အနေဖြင့် Master of International Tourism and Hospitality Managment, Master of Guidance and Counselling, Master of Education ဘွဲ့များကိုလည်း ရယူင်မည် ဖြစ်သည်။

STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် အေ၊ ၁၁ လွှာ၊ အခန်းအမှတ် (၁၁၀၃)၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်းအနီး)၊ ဖုန်း- ၀၉-၅၁၅၁၀၀၈၊ ၀၉-၇၃၂၄၂၄၀၄ သို့ ဆက်သွယ် စုံစမ်းနိုင် သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...